ကမ္ဘာ့အကောင်းဆုံးဆုအတွက် တာဝန်ရှိသူတွေဘက်ကလှည့်စားမှုတစ်ရပ်ကို လီဝန်ဒေါစကီး မျှော်မှန်းနေ
၂၀၂၂ ခုနှစ်ကမ္ဘာ့အကောင်းဆုံဆုအတွက် ရီးရဲလ်တိုက်စစ်မှူးဘန်ဇီးမားကရေပန်းအစား ဆုံးဖြစ်ပေမဲ့ ဆုပေးပွဲတာဝန်ရှိသူတွေဘက်က လှည့်စားမှုတစ်ရပ်လုပ်လာဖို့ လီဝန်ဒေါစကီးက မျှော်လင့်နေပါတယ်။
ပြီးခဲ့တဲ့ရာသီ ရီးရဲလ်အတွက် ၄၆ပွဲမှာ ၄၄ဂိုး သွင်းနိုင်ခဲ့ပြီး လာလီဂါနဲ့ ချန်ပီယံလိဂ်ဆုဖလားတွေကို ဆွတ်ခူးခဲ့တဲ့ ဘန်ဇီးမားက ကမ္ဘာ့အကောင်းဆုံ ဆုကို ကစားသမားဘ၀ ပထမဆုံးအကြိမ်အဖြစ် ရယူနိုင်မယ်လို့ ရေပန်းစားနေတာဖြစ်ပါတယ်။
ပြင်သစ်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ဒီဆုပေးပွဲကို ကိုဗစ်ကပ်ရောဂါကြောင့် ၂ နှစ်အထိဖျက်သိမ်းလိုက်တဲ့ အပေါ် လီဝန်ဒေါစကီးက နားမလည်နိုင်အောင်ဖြစ်နေတာပါ။ Movistar Plus နဲ့တွေ့ဆုံမှုမှာတော့ လီဝန်ဒေါစကီးက “ဘန်ဇီးမားက ကမ္ဘာ့အကောင်းဆုံ ဆွတ်ခူးဖို့ရေ ပန်းစားသူတွေထဲကတစ်ယောက်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဆုပေးပွဲကိုမပယ်ဖျက် ဘူးဆိုရင်တော့ သူက ကမ္ဘာ့အကောင်းဆုံ ဆုကိုဆွတ်ခူးနိုင်ပါတယ်။
မှန်ပါတယ်” လို့ ဆိုခဲ့ ပါတယ်။ လီဝန်ဒေါစကီးဟာ ၂၀၂၀ခုနှစ်မှာ ဘိုင်ယန်မြူးနစ်နဲ့အတူ ၅၅ဂိုးသွင်း၊ ၁၀ကြိမ် ဖန်တီးပြီး ချန်ပီယံလိဂ်နဲ့ ဘွန်ဒက်စ်လီဂါချန်ပီယံဆုတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ကမ္ဘာ့အကောင်းဆုံ ဆုပေးပွဲကိုဖျက်သိမ်းခဲ့လို့ ပိုလန်တိုက်စစ်မှူးဟာ FIFA’s ‘The Best’ award အပါအဝင် UEFA Player of the Year ဆုတွေနဲ့သာနှစ်သိမ့်ခဲ့ရသူ ဖြစ်ပါတယ်။
ဒါကြောင့် တာဝန်ရှိသူတွေဘက်က ဆုပေးပွဲဖျက်သိမ်းခဲ့တဲ့ ကြားကာလအတွက်ပါထည့်သွင်းစဉ်းစားပြီး အလှည့်အပြောင်းတစ်ခုလုပ်လာမယ် လို့ လီဝန်ဒေါစကီးက မျှော်လင့်နေတာဖြစ်တယ်။
ပြင်သစ်အခြေစိုက်သတင်းစာတစ်စောင်ရဲ့ဖော်ပြချက်အရ မန်ယူတိုက်စစ်မှူးရော် နယ်ဒိုဟာ ဘန်ဇီးမားကိုပံ့ပိုးဖို့အတွက် ပဲရစ်မှာရှိနေမယ်လို့သိရသလို အခြားတစ်ဖက်မှာ ဒီဆုကိုချီးမြှင့်ပေးမယ့်သူက ပေါ်တူဂီတိုက်စစ်မှူးကိုယ်တိုင်ဖြစ်တယ်လို့လည်း ကောလဟလတွေထွက်နေပါတယ်။
(Zawgyi)
၂၀၂၂ ခုနှစ် ကမ္ဘာ့အကောင်းဆုံးဆု ဆုအတွက် ရီးရဲလ်တိုက်စစ်မှူးဘန်ဇီးမားကရေပန်းအစား ဆုံးဖြစ်ပေမဲ့ ဆုပေးပွဲတာဝန်ရှိသူတွေဘက်က လှည့်စားမှုတစ်ရပ်လုပ်လာဖို့ လီဝန်ဒေါစကီးက မျှော်လင့်နေပါတယ်။
ပြီးခဲ့တဲ့ရာသီ ရီးရဲလ်အတွက် ၄၆ပွဲမှာ ၄၄ဂိုး သွင်းနိုင်ခဲ့ပြီး လာလီဂါနဲ့ ချန်ပီယံလိဂ်ဆုဖလားတွေကို ဆွတ်ခူးခဲ့တဲ့ ဘန်ဇီးမားက ကမ္ဘာ့အကောင်းဆုံးဆု ဆုကို ကစားသမားဘ၀ ပထမဆုံးအကြိမ်အဖြစ် ရယူနိုင်မယ်လို့ ရေပန်းစားနေတာဖြစ်ပါတယ်။
Movistar Plus နဲ့တွေ့ဆုံမှုမှာတော့ လီဝန်ဒေါစကီးက “ဘန်ဇီးမားက ကမ္ဘာ့အကောင်းဆုံးဆု ဆွတ်ခူးဖို့ရေ ပန်းစားသူတွေထဲကတစ်ယောက်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ပြင်သစ်အခေစြိုက်သတင်းစာတစ်စောင် ရဲ့ဖော်ပြချက်အရ မန်ယူတိုက်စစ်မှူးရော် နယ်ဒိုဟာ ဘန်ဇီးမားကိုပံ့ပိုးဖို့အတွက် ပဲရစ်မှာရှိနေမယ်လို့သိရသလို အခြားတစ်ဖက်မှာ ဒီဆုကိုချီးမြှင့်ပေးမယ့်သူက ပေါ်တူဂီတိုက်စစ်မှူးကိုယ်တိုင်ဖြစ်တယ်လို့လည်း ကောလဟလတွေထွက်နေပါတယ်။