Ballon d’Or ရွေးချယ်မှုအပေါ် ဂိုးသမားတစ်ယောက်အနေနဲ့ ကော်တိုရစ် မေးခွန်းထုတ်

၂၀၂၂ခုနှစ်အတွက် Ballon d’Or ဆုကို ဘန်ဇီမာရရှိခဲ့ပေမဲ့ အသင်းဖော်ကော်တိုရစ်က မပျော်ရွှင်ခဲ့ပါဘူး။

Yashin Trophy ကိုရရှိခဲ့တဲ့ ကော်တိုရစ်ဟာ Ballon d’Or အဆင့် သတ်မှတ်ချက် ၇နေရာမှာသာ ရပ်တည်ခဲ့ပြီး ဂိုးသမားတစ်ယောက်အနေနဲ့ဆုရွေးချယ်မှုအပေါ် မေးခွန်းထုတ်ခဲ့ပါတယ်။

ရီးရဲလ်အသင်းအောင်မြင်မှုတွေမှာ ဘယ်လ်ဂျီယံသားက သော့ချက်အဖြစ်ပါဝင်ပေးခဲ့ပေမဲ့ အရေးပါတဲ့သွင်းဂိုးတွေရယူပေးခဲ့တဲ့ ဘန်ဇီမာကသာ အမြင့်ဆုံးရွှေဘောလုံးကိုရရှိခဲ့တာဖြစ်တယ်။

ဂိုးသမားတစ် ယောက်အနေနဲ့ Ballon d’Or သတ်မှတ်ချက်မှာအမြင့်ဆုံးရပ်တည်ခဲ့သူက နူအာဖြစ် ပြီး ဂျာမန်သားဟာ ၂၀၁၅ခုနှစ်ဆုပေးပွဲမှာ အဆင့် ၃နေရာရပ်တည်နိုင်ခဲ့ပါတယ်။

“ကာကွယ်တာထက် ဂိုးသွင်းတာကပိုကောင်းမယ်ထင်ပါတယ်။ ဒီဆုရဖို့အတွက် ဂိုး သွင်းနိုင်ဖို့လိုပါသေးတယ်။ ဘာကိုကြည့်ပြီး ဘယ်လိုမဲပေးသလဲမသိပါဘူး။

အခွင့်အလမ်းမရှိဘူးဆိုတာ သိပြီးသားပါ။ အနာဂါတ်မှာရော ဂိုးသမားတစ်ယောက် ဒီဆုကို ရနိုင်သလား။ ကျွန်တော့်အမြင်အရတော့ မထင်ပါဘူး” လို့ ကော်တိုရစ်က ဒေါသတကြီးပြောဆိုသွားပါတယ်။

၂၀၂၂ခုနှစ်အတွက် Ballon d’Or ဆုကို ဘန်ဇီမာ ကရရှိခဲ့ပြီး ဒုတိယနေရာမှာ မာနေးရပ်တည်ခဲ့သလို ကော်တိုရစ်ရဲ့ဘယ်လ်ဂျီယံအ သင်းဖော်ဒီဘရိုင်းက တတိယနေရာရပ်တည်နိုင်ခဲ့တာဖြစ်တယ်။

(Zawgyi)

Ballon d’Or ေ႐ြးခ်ယ္မႈအေပၚ ဂိုးသမားတစ္ေယာက္အေနနဲ႔ ေကာ္တိုရစ္ ေမးခြန္းထုတ္

၂၀၂၂ခုႏွစ္အတြက္ Ballon d’Or ဆုကို ဘန္ဇီမာရရွိခဲ့ေပမဲ့ အသင္းေဖာ္ေကာ္တိုရစ္က မေပ်ာ္႐ႊင္ခဲ့ပါဘူး။

Yashin Trophy ကိုရရွိခဲ့တဲ့ ေကာ္တိုရစ္ဟာ Ballon d’Or အဆင့္ သတ္မွတ္ခ်က္ ၇ေနရာမွာသာ ရပ္တည္ခဲ့ၿပီး ဂိုးသမားတစ္ေယာက္အေနနဲ႔ဆုေ႐ြးခ်ယ္မႈအေပၚ ေမးခြန္းထုတ္ခဲ့ပါတယ္။

ရီးရဲလ္အသင္းေအာင္ျမင္မႈေတြမွာ ဘယ္လ္ဂ်ီယံသားက ေသာ့ခ်က္အျဖစ္ပါဝင္ေပးခဲ့ေပမဲ့ အေရးပါတဲ့သြင္းဂိုးေတြရယူေပးခဲ့တဲ့ ဘန္ဇီမာကသာ အျမင့္ဆုံးေ႐ႊေဘာလုံးကိုရရွိခဲ့တာျဖစ္တယ္။

ဂိုးသမားတစ္ ေယာက္အေနနဲ႔ Ballon d’Or သတ္မွတ္ခ်က္မွာအျမင့္ဆုံးရပ္တည္ခဲ့သူက ႏူအာျဖစ္ ၿပီး ဂ်ာမန္သားဟာ ၂၀၁၅ခုႏွစ္ဆုေပးပြဲမွာ အဆင့္ ၃ေနရာရပ္တည္ႏိုင္ခဲ့ပါတယ္။

“ကာကြယ္တာထက္ ဂိုးသြင္းတာကပိုေကာင္းမယ္ထင္ပါတယ္။ ဒီဆုရဖို႔အတြက္ ဂိုး သြင္းႏိုင္ဖို႔လိုပါေသးတယ္။

ဘာကိုၾကည့္ၿပီး ဘယ္လိုမဲေပးသလဲမသိပါဘူး။ အခြင့္အ လမ္းမရွိဘူးဆိုတာ သိၿပီးသားပါ။ အနာဂါတ္မွာေရာ ဂိုးသမားတစ္ေယာက္ ဒီဆုကို ရႏိုင္သလား။

ကြၽန္ေတာ့္အျမင္အရေတာ့ မထင္ပါဘူး” လို႔ ေကာ္တိုရစ္က ေဒါသတႀကီးေျပာဆိုသြားပါတယ္။

၂၀၂၂ခုႏွစ္အတြက္ Ballon d’Or ဆုကို ဘန္ဇီမာ ကရရွိခဲ့ၿပီး ဒုတိယေနရာမွာ မာေနးရပ္တည္ခဲ့သလို ေကာ္တိုရစ္ရဲ႕ဘယ္လ္ဂ်ီယံအ သင္းေဖာ္ဒီဘ႐ိုင္းက တတိယေနရာရပ္တည္ႏိုင္ခဲ့တာျဖစ္တယ္။