
ပီအက်စ်ဂျီတိုက်စစ်မှုးမက်ဆီဟာ အခုနှစ်ရွေးချယ်ပေးအပ်မယ့် Ballon d’Or ဆုနဲ့
ပတ်သက်လို့ သူ့အမြင်ကို ပြောလိုက်ပြီး ၇ ကြိမ်မြောက်ရခဲ့မယ်ဆိုရင်တော့
ရူးသွပ်ဖွယ်ဖြစ်ကြောင်း ဆိုလိုက်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီ ဘာစီလိုနာမှာ
အကောင်းဆုံးခြေစွမ်းမပြနိုင်ခဲ့ပေမယ့် ဂိုးတွေသွင်းနိုင်နေဆဲဖြစ်ပြီး
အဲဒီနောက် အာဂျင်တီးနားအသင်းကိုဦးဆောင်ကာ နှစ်ပေါင်းရှည်ကြာ
စောင့်ခဲ့ရတဲ့ကိုပါအမေရိကအောင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။
သူဟာ ကိုပါအမေရိကမှာ အကောင်းဆုံးကစားသမားဆုဖြစ်တဲ့
ရွှေဘောလုံးဆုနဲ့ ရွှေဖိနပ်ဆု နှစ်ခုစလုံးကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။
၃၄ နှစ်အရွယ် အဲဒီအာဂျင်တီးနားသားဟာ ပတ်ဝန်းကျင်သစ်ဖြစ်တဲ့
ပီအက်စ်ဂျီဟာ ထင်ထားသလောက် စွမ်းဆောင်နိုင်ခြင်းမရှိသေးပေမယ့်
Ballon d’Or ဆုထပ်ရဖို့ ရေပန်းစားဖြစ်နေဆဲပါပဲ။
ဒါပေမဲ့ စိတ်ဝင်စားဖွယ်ကောင်းလောက်အောင် မက်ဆီဟာ
ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြင့်မယ့် ဒီတစ်ကြိမ် Ballon d’Or
ဆုအတွက် သိပ်မမျှော်မှန်းထားပါဘူး။ ဒါ့အပြင် Ballon d’Or ဆုကို
သူမရခဲ့ရင်လည်း ပြသနာမရှိကြောင်း ပြောကြားခဲ့ပါတယ်။
”ရိုးရိုးသားသားပြောရင် ကျွန်တော်ရနိုင်မယ်လို့ မထင်ဘူး။ ကျွန်တော့်ရဲ့
အကြီးမားဆုံးဆုကတော့ လက်ရွေးစင်အသင်းနဲ့အောင်မြင်ခဲ့တာပါ။
နှစ်ပေါင်းများစွာကြာအောင် တိုက်ခိုက်ပြီးမှ ဒီအောင်မြင်မှုကို ရရှိခဲ့တာပါ။
အဲဒါဟာ ကြိုးစားရကြိုးလည်း နပ်ခဲ့ပါတယ်။
တကယ်လို့ ရွှေဘောလုံးဆုထပ်ရမယ်ဆိုရင်တော့ အဲဒါဟာ
သာမာန်ထက် ထူးခြားသွားမှာပါ။ ၇ ကြိမ်မြောက်ဆိုရင် ရူးသွပ်ဖွယ်ရာပေါ့။
ဖြစ်မလာခဲ့ရင်လည်း ဘာမှ မဖြစ်ပါဘူး။ ကျွန်တော့်ရဲ့အကြီးမားဆုံး
ရည်မှန်းချက်တွေထဲက တစ်ခုကို ရခဲ့ပြီးပြီလေ။ အခုနေ ဘာဖြစ်ဖြစ်
ကျွန်တော်ကျေနပ်ပါတယ်”လို့ မက်ဆီက အင်တာဗျူးတစ်ခုမှာ ပြောခဲ့တာပါ။
Ballon d’Or ဆုကို မက်ဆီ နောက်ဆုံးရခဲ့တာက ၂၀၁၉ မှာဖြစ်ပြီး
ဒီနှစ်မှာတော့ ပြိုင်ဆိုင်နိုင်သူတွေများပြီး အကြိတ်အနယ်ဆန်နေပါတယ်။
၂၀၂၁ ရဲ့ Ballon d’Or ဆုရှင်ကို လာမယ့်နိုဝင်ဘာ ၂၉ ရက်နေ့မှာ ကြေညာချီးမြှင့်ပေးသွားမှာပါ။
zawgyi
Ballon d’Or ဆု ၇ ႀကိမ္ေျမာက္ရခဲ့မယ္ဆိုရင္ေတာ့ ႐ူသြပ္ဖြယ္ျဖစ္ေၾကာင္းဆိုလိုက္တဲ့ မက္ဆီ
ပီအက္စ္ဂ်ီတိုက္စစ္မႈးမက္ဆီဟာ အခုႏွစ္ေ႐ြးခ်ယ္ေပးအပ္မယ့္ Ballon d’Or ဆုနဲ႔
ပတ္သက္လို႔ သူ႔အျမင္ကို ေျပာလိုက္ၿပီး ၇ ႀကိမ္ေျမာက္ရခဲ့မယ္ဆိုရင္ေတာ့
႐ူးသြပ္ဖြယ္ျဖစ္ေၾကာင္း ဆိုလိုက္ပါတယ္။ သူဟာ ၿပီးခဲ့တဲ့ရာသီ ဘာစီလိုနာမွာ
အေကာင္းဆုံးေျခစြမ္းမျပႏိုင္ခဲ့ေပမယ့္ ဂိုးေတြသြင္းႏိုင္ေနဆဲျဖစ္ၿပီး
အဲဒီေနာက္ အာဂ်င္တီးနားအသင္းကိုဦးေဆာင္ကာ ႏွစ္ေပါင္းရွည္ၾကာ
ေစာင့္ခဲ့ရတဲ့ကိုပါအေမရိကေအာင္ပြဲကို ရယူႏိုင္ခဲ့ပါတယ္။
သူဟာ ကိုပါအေမရိကမွာ အေကာင္းဆုံးကစားသမားဆုျဖစ္တဲ့
ေ႐ႊေဘာလုံးဆုနဲ႔ ေ႐ႊဖိနပ္ဆု ႏွစ္ခုစလုံးကိုလည္း သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။
၃၄ ႏွစ္အ႐ြယ္ အဲဒီအာဂ်င္တီးနားသားဟာ ပတ္ဝန္းက်င္သစ္ျဖစ္တဲ့
ပီအက္စ္ဂ်ီဟာ ထင္ထားသေလာက္ စြမ္းေဆာင္ႏိုင္ျခင္းမရွိေသးေပမယ့္
Ballon d’Or ဆုထပ္ရဖို႔ ေရပန္းစားျဖစ္ေနဆဲပါပဲ။
ဒါေပမဲ့ စိတ္ဝင္စားဖြယ္ေကာင္းေလာက္ေအာင္ မက္ဆီဟာ
ျပင္သစ္ေဘာလုံးမဂၢဇင္းက ခ်ီးျမင့္မယ့္ ဒီတစ္ႀကိမ္ Ballon d’Or
ဆုအတြက္ သိပ္မေမွ်ာ္မွန္းထားပါဘူး။ ဒါ့အျပင္ Ballon d’Or ဆုကို
သူမရခဲ့ရင္လည္း ျပသနာမရွိေၾကာင္း ေျပာၾကားခဲ့ပါတယ္။
”႐ိုး႐ိုးသားသားေျပာရင္ ကြၽန္ေတာ္ရႏိုင္မယ္လို႔ မထင္ဘူး။ ကြၽန္ေတာ့္ရဲ႕
အႀကီးမားဆုံးဆုကေတာ့ လက္ေ႐ြးစင္အသင္းနဲ႔ေအာင္ျမင္ခဲ့တာပါ။
ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ တိုက္ခိုက္ၿပီးမွ ဒီေအာင္ျမင္မႈကို ရရွိခဲ့တာပါ။
အဲဒါဟာ ႀကိဳးစားရႀကိဳးလည္း နပ္ခဲ့ပါတယ္။
တကယ္လို႔ ေ႐ႊေဘာလုံးဆုထပ္ရမယ္ဆိုရင္ေတာ့ အဲဒါဟာ
သာမာန္ထက္ ထူးျခားသြားမွာပါ။ ၇ ႀကိမ္ေျမာက္ဆိုရင္ ႐ူးသြပ္ဖြယ္ရာေပါ့။
ျဖစ္မလာခဲ့ရင္လည္း ဘာမွ မျဖစ္ပါဘူး။ ကြၽန္ေတာ့္ရဲ႕အႀကီးမားဆုံး
ရည္မွန္းခ်က္ေတြထဲက တစ္ခုကို ရခဲ့ၿပီးၿပီေလ။ အခုေန ဘာျဖစ္ျဖစ္
ကြၽန္ေတာ္ေက်နပ္ပါတယ္”လို႔ မက္ဆီက အင္တာဗ်ဴးတစ္ခုမွာ ေျပာခဲ့တာပါ။
Ballon d’Or ဆုကို မက္ဆီ ေနာက္ဆုံးရခဲ့တာက ၂၀၁၉ မွာျဖစ္ၿပီး
ဒီႏွစ္မွာေတာ့ ၿပိဳင္ဆိုင္ႏိုင္သူေတြမ်ားၿပီး အႀကိတ္အနယ္ဆန္ေနပါတယ္။
၂၀၂၁ ရဲ႕ Ballon d’Or ဆုရွင္ကို လာမယ့္ႏိုဝင္ဘာ ၂၉ ရက္ေန႔မွာ ေၾကညာခ်ီးျမႇင့္ေပးသြားမွာပါ။