Ballon d’Or ဆုရှင်ကြီးက အိုဇူနာဆိုတဲ့ စားပွဲထိုးဟောင်းလေးကို မက်ဒရစ်မှာအပီလှော်ခဲ့တယ်

အသက် ၃၄နှစ်အရွယ်ပြင်သစ်တိုက်စစ်မှူးဘန်ဇီမာဟာ ၂၀၂၂ အတွက် Ballon d’Or ဆုကိုထိုက်ထိုက်တန်တန်ရရှိခဲ့ပြီးတဲ့နောက် လက်တွဲဖော်ဂျော်ဒန်အိုဇူနာနဲ့အတူ မက်ဒရစ်ကိုပြန်သွားခဲ့ပါတယ်။

သူတို့နှစ်ယောက်အတွက်တော့ ခရီးစဉ်ကတိုတောင်းပေမဲ့အလွန်စိတ်ချမ်းသာစရာ ဖြစ်ခဲ့မှာပါ။

စားပွဲထိုးဘ၀ကနေစတင်ခဲ့တဲ့ အမေရိကန်မော်ဒယ်အိုဇူနာဟာ သူတို့စုံ တွဲပုံရိပ်ကို လူမှုစာမျက်နှာမှာဝေမျှသွားခဲ့ပြီး စုံတွဲလက်ကောက်တွေဝတ်ဆင်ရင်း ပီတိဖြာနေခဲ့ကြပါတယ်။

သူတို့နှစ်ယောက်ဟာ တနင်္လာညပိုင်းမှာလေကြောင်းက နေတစ်ဆင့်မက်ဒရစ်ကိုပြန်ခဲ့ကြတာဖြစ်ပြီး လေယာဉ်ပေါ်မှာပွေ့ဖက်ရင်းကြည်နူး နေတဲ့ပုံရိပ်တွေကို အိုဇူနာက ဂုဏ်ယူစွာပြသခဲ့တာပါ။

State Management အပါအဝင် အမေရိကန်အခြေစိုက်မော်ဒယ်အေဂျင်စီများစွာနဲ့ မိတ်ဖက်လုပ်ကိုင်နေ တဲ့ အိုဇူနာဟာ burgundy ဝတ်စုံကိုဝတ်ဆင်ထားပြီး ဘန်ဇီမာကတော့ ၁၉၉၆ခုနှစ် အမေရိကန် Music Awards မှာ တူပက်ရှာကာ ဝတ်ဆင်ခဲ့တဲ့ဒီဇိုင်းနဲ့ပွဲတက်ခဲ့ကြတာပါ။

အိုဇူနာဟာ လေယာဉ်ပေါ်မှာ T1 Tiffany လက်ကောက်တွေနဲ့အတူ လိုက်ဖက်နေတဲ့ သူတို့နှစ်ယောက်ပုံရိပ်တွေကို မျှဝေခဲ့တာဖြစ်တယ်။ T1 Tiffany လက်ကောက်ရဲ့ဒီဇိုင်းဟာ ၁၈ ကာရက်ရွှေကိုစိန်တွေနဲ့ပေါင်းစပ်ထားတာဖြစ်ပြီး တစ်ကွင်းကို ပေါင် ၃၀၇၀၀ တန်ဖိုးရှိပါတယ်။

ဘန်ဇီမာဟာ Ballon d’Or ဆုကိုရရှိတဲ့ ၉ယောက်မြောက် ရီးရဲလ်ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပြီး ဒီဆုကိုရရှိခဲ့တဲ့ ၅ယောက်မြောက် ပြင်သစ်လူမျိုးကစားသမားဖြစ်ခဲ့ပါတယ်။

မက်ဒရစ်ကိုပြန်ရောက်တဲ့အခါ စားပွဲထိုးဟောင်းလေးနဲ့ Ballon d’Or ဆုရှင်ကြီးရဲ့အပျော်က ဒီလောက်နဲ့ရပ်တန့် သွားလိမ့်ဦးမယ်မထင်ပါဘူး။

(Zawgyi)

Ballon d’Or ဆုရှင်ကြီးက ပေါင် ၃၀၇၀၀ တန်စုံတွဲလက်ကောက်တွေဝတ်ပြီး အိုဇူနာဆိုတဲ့ စားပွဲထိုးဟောင်းလေးကို မက်ဒရစ်မှာအပီလှော်ခဲ့တယ်






