Ballon d’Or ဆုရှင်ကို ကျော်ပြီး CIES ဆုကို ဒေးဗစ်အလာဘာရရှိ

CIES ရဲ့ အကောင်းဆုံးဆုကို အလာဘာဆွတ်ခူးခဲ့ပြီး

Ballon d’Or ဆုရှင် မက်ဆီ အဆင့်(၂၄)သာရရှိ

ဘောလုံးအားကစားနဲ့ပတ်သက်ပြီး သုတသနေပြုလုပ်နေတဲ့

နာမည်ကျော် CIES အဖွဲ့က ၂၀၂၁ ခုနှစ်အတွက် အကောင်းဆုံးကစားသမားအဖြစ်

ရီးယဲလ်အသင်းရဲ့သြစတြီးယားဝါရင့်နောက်ခံလူ ဒေးဗစ်အလာဘာကို

အံ့အားသင့်စရာရွေးချယ်ခဲ့ပြီး ဒီနှစ် Ballon d’Or ဆုကို (၇)ကြိမ်မြောက်

ဆွတ်ခူးခဲ့တဲ့ အာဂျင်တီးနား,နာမည်ကျော်ကစားသမားမက်ဆီကတော့

မယုံနိုင်လောက်အောင် အဆင့်(၂၄)သာချိတ်ခဲ့ပါတယ်။ Ballon d’Or ဆုက

နည်းပြတွေ၊ ဘောလုံးသမားတွေနဲ့ ဂျာနယ်လစ်တွေက မဲပေးရွေးချယ်တာဖြစ်ပြီး

CIES ကတော့ သူတို့ကိုယ်ပိုင်စည်းမျဉ်းတွေနဲ့ ၂၀၂၁ ခုနှစ်ရဲ့

အကောင်းဆုံးဘောလုံးသမားကို ရွေးချယ်တာဖြစ်ပါတယ်။ CIES ရဲ့

သတ်မှတ်ချက်တွေထဲမှာ ကစားသမားတစ်ဦးကစားတဲ့ ကလပ်အသင်းရဲ့

အဆင့်အတန်း၊ ကလပ်အသင်းမှာ ပါဝင်ကစားခွင့်ရတဲ့အချိန်အပါအဝင်

အသင်းအတွက် အထောက်အကူပေးနိုင်မှု၊ လူသိများတဲ့သူဖြစ်ဖို့မလိုဘဲ

အသင်းအတွက် ပုံမှန်ကစားခွင့်ရပြီး ကိုယ့်အသင်းရဲ့ရည်မှန်းချက်တွေကို

အကောင်အထည်ဖော်နိုင်အောင် စွမ်းဆောင်နိုင်မှုတို့အပေါ် မူတည်ပြီးတော့

အကောင်းဆုံးကစားသမားအဖြစ်သတ်မှတ်တာပါ။

ဘိုင်ယန်မြူးနစ်ကစားသမားဘဝမှာ ချန်ပီယံလိဂ်အပါအဝင်

ကြီးမားတဲ့အောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့ အလာဘာဟာ ၂၀၂၁ ခုနှစ်အတွင်း

ဘိုင်ယန်မြူးနစ်အသင်းနဲ့ (၉)ကြိမ်ဆက်ဘွန်ဒစ်လီဂါချန်ပီယံဆုရရှိခဲ့သလို

ချန်ပီယံလိဂ်မှာလည်း ကွာတားဖိုင်နယ်အဆင့်အထိတက်ရောက်ခဲ့ပြီး

အဲဒီပြိုင်ပွဲနှစ်ရပ်မှာ အလာဘာ လွဲချော်ခဲ့တာက (၃)ပွဲသာရှိခဲ့ပါတယ်။

ဒါ့အပြင် အလာဘာဟာ အခုနွေရာသီမှာ ဘိုင်ယန်နဲ့လမ်းခွဲပြီး

ရီးယဲလ်အသင်းဆီအလွတ်နဲ့ပြောင်းရွှေ့ခဲ့ချိန်မှာလည်း အသင်းအတွက်

အကောင်းဆုံးခြေစွမ်းပြကစားနေတာပါ။

အဲဒါကြောင့် အလာဘာက စုစုပေါင်းရမှတ်(၁၀၈)မှတ်နဲ့ CIES ရဲ့ ၂၀၂၁ ခုနှစ်အတွက်

အကောင်းဆုံးကစားသမားစာရင်းမှာ ထိပ်ဆုံးနေရာရရှိခဲ့တာဖြစ်ပြီး

ဒုတိယနေရာမှာတော့ မန်စီးတီးနောက်ခံလူ ရူဘင်ဒီယက်စ်(၁၀၆မှတ်)နဲ့

တတိယနေရာမှာ အင်တာမီလန်နောက်ခံလူရှက်ကရီညာ(၁၀၅.၅မှတ်)တို့က

ရပ်တည်နေကြပါတယ်။ အံ့အားသင့်စရာကောင်းတာက Ballon d’Or ဆုကို

(၇)ကြိမ်ရယူခဲ့တဲ့ မက်ဆီဟာ (၉၀.၉)မှတ်နဲ့ အဆင့်(၂၄)သာရရှိခဲ့တာဖြစ်ပြီး

Ballon d’Or အဆင့်သတ်မှတ်ချက်မှာ ဒုတိယရခဲ့တဲ့ လီဝန်ဒေါစကီးက

(၉၃.၈)မှတ်နဲ့ အဆင့်(၁၇)နေရာမှာရပ်တည်နေတာပဲဖြစ်ပါတယ်။

zawgyi

Ballon d’Or ဆုရွင္ကို ေက်ာ္ၿပီး CIES ဆုကို ေဒးဗစ္အလာဘာရရွိ

CIES ရဲ႕ အေကာင္းဆုံးဆုကို အလာဘာဆြတ္ခူးခဲ့ၿပီး

Ballon d’Or ဆုရွင္ မက္ဆီ အဆင့္(၂၄)သာရရွိ

ေဘာလုံးအားကစားနဲ႔ပတ္သက္ၿပီး သုတသေနျပဳလုပ္ေနတဲ့

နာမည္ေက်ာ္ CIES အဖြဲ႕က ၂၀၂၁ ခုႏွစ္အတြက္ အေကာင္းဆုံးကစားသမားအျဖစ္

ရီးယဲလ္အသင္းရဲ႕ၾသစႀတီးယားဝါရင့္ေနာက္ခံလူ ေဒးဗစ္အလာဘာကို

အံ့အားသင့္စရာေ႐ြးခ်ယ္ခဲ့ၿပီး ဒီႏွစ္ Ballon d’Or ဆုကို (၇)ႀကိမ္ေျမာက္

ဆြတ္ခူးခဲ့တဲ့ အာဂ်င္တီးနား,နာမည္ေက်ာ္ကစားသမားမက္ဆီကေတာ့

မယုံႏိုင္ေလာက္ေအာင္ အဆင့္(၂၄)သာခ်ိတ္ခဲ့ပါတယ္။ Ballon d’Or ဆုက

နည္းျပေတြ၊ ေဘာလုံးသမားေတြနဲ႔ ဂ်ာနယ္လစ္ေတြက မဲေပးေ႐ြးခ်ယ္တာျဖစ္ၿပီး

CIES ကေတာ့ သူတို႔ကိုယ္ပိုင္စည္းမ်ဥ္းေတြနဲ႔ ၂၀၂၁ ခုႏွစ္ရဲ႕

အေကာင္းဆုံးေဘာလုံးသမားကို ေ႐ြးခ်ယ္တာျဖစ္ပါတယ္။ CIES ရဲ႕

သတ္မွတ္ခ်က္ေတြထဲမွာ ကစားသမားတစ္ဦးကစားတဲ့ ကလပ္အသင္းရဲ႕

အဆင့္အတန္း၊ ကလပ္အသင္းမွာ ပါဝင္ကစားခြင့္ရတဲ့အခ်ိန္အပါအဝင္

အသင္းအတြက္ အေထာက္အကူေပးႏိုင္မႈ၊ လူသိမ်ားတဲ့သူျဖစ္ဖို႔မလိုဘဲ

အသင္းအတြက္ ပုံမွန္ကစားခြင့္ရၿပီး ကိုယ့္အသင္းရဲ႕ရည္မွန္းခ်က္ေတြကို

အေကာင္အထည္ေဖာ္ႏိုင္ေအာင္ စြမ္းေဆာင္ႏိုင္မႈတို႔အေပၚ မူတည္ၿပီးေတာ့

အေကာင္းဆုံးကစားသမားအျဖစ္သတ္မွတ္တာပါ။

ဘိုင္ယန္ျမဴးနစ္ကစားသမားဘဝမွာ ခ်န္ပီယံလိဂ္အပါအဝင္

ႀကီးမားတဲ့ေအာင္ျမင္မႈေတြရယူႏိုင္ခဲ့တဲ့ အလာဘာဟာ ၂၀၂၁ ခုႏွစ္အတြင္

း ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ (၉)ႀကိမ္ဆက္ဘြန္ဒစ္လီဂါခ်န္ပီယံဆုရရွိခဲ့သလို

ခ်န္ပီယံလိဂ္မွာလည္း ကြာတားဖိုင္နယ္အဆင့္အထိတက္ေရာက္ခဲ့ၿပီး

အဲဒီၿပိဳင္ပြဲႏွစ္ရပ္မွာ အလာဘာ လြဲေခ်ာ္ခဲ့တာက (၃)ပြဲသာရွိခဲ့ပါတယ္။

ဒါ့အျပင္ အလာဘာဟာ အခုေႏြရာသီမွာ ဘိုင္ယန္နဲ႔လမ္းခြဲၿပီး

ရီးယဲလ္အသင္းဆီအလြတ္နဲ႔ေျပာင္းေ႐ႊ႕ခဲ့ခ်ိန္မွာလည္း အသင္းအတြက္

အေကာင္းဆုံးေျခစြမ္းျပကစားေနတာပါ။ အဲဒါေၾကာင့္ အလာဘာက

စုစုေပါင္းရမွတ္(၁၀၈)မွတ္နဲ႔ CIES ရဲ႕ ၂၀၂၁ ခုႏွစ္အတြက္

အေကာင္းဆုံးကစားသမားစာရင္းမွာ ထိပ္ဆုံးေနရာရရွိခဲ့တာျဖစ္ၿပီး

ဒုတိယေနရာမွာေတာ့ မန္စီးတီးေနာက္ခံလူ ႐ူဘင္ဒီယက္စ္(၁၀၆မွတ္)နဲ႔

တတိယေနရာမွာ အင္တာမီလန္ေနာက္ခံလူရွက္ကရီညာ(၁၀၅.၅မွတ္)တို႔က

ရပ္တည္ေနၾကပါတယ္။ အံ့အားသင့္စရာေကာင္းတာက Ballon d’Or ဆုကို

(၇)ႀကိမ္ရယူခဲ့တဲ့ မက္ဆီဟာ (၉၀.၉)မွတ္နဲ႔ အဆင့္(၂၄)သာရရွိခဲ့တာျဖစ္ၿပီး

Ballon d’Or အဆင့္သတ္မွတ္ခ်က္မွာ ဒုတိယရခဲ့တဲ့ လီဝန္ေဒါစကီးက

(၉၃.၈)မွတ္နဲ႔ အဆင့္(၁၇)ေနရာမွာရပ္တည္ေနတာပဲျဖစ္ပါတယ္။