
လီဗာပူးတိုက်စစ်မှုမာနီက ၂၀၂၁ Ballon d’Or ဆုအတွက် ဆန်ခါတင်စာရင်းထဲမှာ
သူ့ရဲ့ဆီနီဂေါလက်ရွေးစင်အသင်းဖော်ဖြစ်သူဂိုးသမားမန်ဒီမပါတာဟာ
လက်မခံနိုင်စရာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ချဲလ်ဆီးဂိုးသမားဖြစ်သူမန်ဒီဟာ ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်မှာ ဗိုလ်စွဲတော့
အဓိကစွမ်းဆောင်နိုင်သူတွေထဲက တစ်ယောက်ဖြစ်ခဲ့ပေမယ့်
ပြင်သစ်ဘောလုံးမဂ္ဂဇင်းရဲ့ Ballon d’Or ဆု ဆန်ခါတင်အယောက် ၃၀
စာရင်းထဲမှာ ချန်လှပ်ခံခဲ့ရပါတယ်။ ၂၉ နှစ်အရွယ် အဲဒီဆီနီဂေါဂိုးသမားဟာ
ပေါင် ၂၂ သန်းနဲ့ ရန်းနက်စ်ကနေ ရောက်လာခဲ့တာဖြစ်ကာ ချန်ပီယံလိဂ်
၁၂ ပွဲမှာ ၉ ပွဲ ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
အဲဒါကြောင့်လည်း မန်ဒီဟာ ချန်ပီယံလိဂ်ရာသီတစ်ခုမှာ ဂိုးမပေးရမှုပွဲအများဆုံးဆိုတဲ့
ကာနီဇာရက်စ်နဲ့ကေလာနာဗက်စ်တို့ရဲ့စံချိန်ကို လိုက်မီခဲ့ပါတယ်။
ပြင်သစ်ဘောလုံးရဲ့Ballon d’Or ဆန်ခါတင်ထဲမှာ မန်ဒီသာ ချန်လှပ်ခံခဲ့ရပေမယ့်
သူ့ရဲ့ချဲလ်ဆီးအသင်းဖော်တွေဖြစ်တဲ့ ကန်တီ၊ ဂျော်ဂျင်ဟို၊ လူကာကူ၊ မေဆန်မောင့်နဲ့
အက်ပီလီကူတာတို့ ရွေးချယ်ခံခဲ့ရပါတယ်။ ဒီလိုမျိုး Ballon d’Or ဆုဆန်ခါတင်ထဲ
မန်ဒီမပါတာနဲ့ပတ်သက်လို့ လက်မခံနိုင်ဖြစ်မိကြောင်းလည်း မာနီက ဝန်ခံခဲ့ပါတယ်။
”ဒါဟာ လက်ခံနိုင်စရာမရှိပါဘူး။ ကျွန်တော်နားမလည်နိုင် ဖြစ်မိပါတယ်”လို့
ဆီနီဂေါအသင်းကိုရောက်နေချိန် အဲဒီလီဗာပူးကြယ်ပွင့်က ပြောကြားခဲ့တာပါ။
ဆီနီဂေါအသင်းခေါင်းဆောင်ဖြစ်တဲ့ နာပိုလီနောက်ခံလူကူလီဘာလီကလည်း
မန်ဒီ ချန်လှပ်ခံခဲ့ရတဲ့အပေါ် အခုလိုပြောပါတယ်။ ”ဆန်ခါတင်ထဲ မန်ဒီမပါလို့
တကယ့်ကိုစိတ်ပျက်စရာပါ။ သူဟာ ချန်ပီယံလိဂ်မှာဗိုလ်စွဲတဲ့
ပထမဆုံးအာဖရိကဂိုးသမားပါ။ ကျွန်တော့်အတွက်ကတော့ သူဟာ ဆန်ခါတင်
၃၀ ထဲမှာ ပါဝင်ပါတယ်”လို့ ကူလီဘာလီက ပြောကြားခဲ့တာပါ။
ပြင်သစ်ဘောလုံးမဂ္ဂဇင်းကတော့ မန်ဒီကို Ballon d’Or ဆန်ခါတင်စာရင်းထဲ
မထည့်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီ သူ့ရဲ့အောင်မြင်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့
ကမ္ဘာ့အကောင်းဆုံးဂိုးသမားဆုဖြစ်တဲ့ ယာရှင်ဆုအတွက် ဆန်ခါတင်စာရင်းထဲမှာတော့ ထည့်ခဲ့ပါတယ်။
zawgyi
Ballon d’Or ဆုဆန္ခါတင္ထဲ မန္ဒီမပါတာနဲ႔ပတ္သက္လို႔ လက္မခံႏိုင္ျဖစ္မိေၾကာင္း မာနီက ဝန္ခံ
လီဗာပူးတိုက္စစ္မႈမာနီက ၂၀၂၁ Ballon d’Or ဆုအတြက္ ဆန္ခါတင္စာရင္းထဲမွာ
သူ႔ရဲ႕ဆီနီေဂါလက္ေ႐ြးစင္အသင္းေဖာ္ျဖစ္သူဂိုးသမားမန္ဒီမပါတာဟာ
လက္မခံႏိုင္စရာျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။
ခ်ဲလ္ဆီးဂိုးသမားျဖစ္သူမန္ဒီဟာ ၿပီးခဲ့တဲ့ရာသီခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲေတာ့
အဓိကစြမ္းေဆာင္ႏိုင္သူေတြထဲက တစ္ေယာက္ျဖစ္ခဲ့ေပမယ့္
ျပင္သစ္ေဘာလုံးမဂၢဇင္းရဲ႕ Ballon d’Or ဆု ဆန္ခါတင္အေယာက္ ၃၀
စာရင္းထဲမွာ ခ်န္လွပ္ခံခဲ့ရပါတယ္။ ၂၉ ႏွစ္အ႐ြယ္ အဲဒီဆီနီေဂါဂိုးသမားဟာ
ေပါင္ ၂၂ သန္းနဲ႔ ရန္းနက္စ္ကေန ေရာက္လာခဲ့တာျဖစ္ကာ ခ်န္ပီယံလိဂ္ ၁၂ ပြဲမွာ
၉ ပြဲ ေပးဂိုးမရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။
အဲဒါေၾကာင့္လည္း မန္ဒီဟာ ခ်န္ပီယံလိဂ္ရာသီတစ္ခုမွာ ဂိုးမေပးရမႈပြဲအမ်ားဆုံးဆိုတဲ့
ကာနီဇာရက္စ္နဲ႔ေကလာနာဗက္စ္တို႔ရဲ႕စံခ်ိန္ကို လိုက္မီခဲ့ပါတယ္။
ျပင္သစ္ေဘာလုံးရဲ႕Ballon d’Or ဆန္ခါတင္ထဲမွာ မန္ဒီသာ ခ်န္လွပ္ခံခဲ့ရေပမယ့္
သူ႔ရဲ႕ခ်ဲလ္ဆီးအသင္းေဖာ္ေတြျဖစ္တဲ့ ကန္တီ၊ ေဂ်ာ္ဂ်င္ဟို၊ လူကာကူ၊ ေမဆန္ေမာင့္နဲ႔
အက္ပီလီကူတာတို႔ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။ ဒီလိုမ်ိဳး Ballon d’Or ဆုဆန္ခါတင္ထဲ
မန္ဒီမပါတာနဲ႔ပတ္သက္လို႔ လက္မခံႏိုင္ျဖစ္မိေၾကာင္းလည္း မာနီက ဝန္ခံခဲ့ပါတယ္။
”ဒါဟာ လက္ခံႏိုင္စရာမရွိပါဘူး။ ကြၽန္ေတာ္နားမလည္ႏိုင္ ျဖစ္မိပါတယ္”လို႔
ဆီနီေဂါအသင္းကိုေရာက္ေနခ်ိန္ အဲဒီလီဗာပူးၾကယ္ပြင့္က ေျပာၾကားခဲ့တာပါ။
ဆီနီေဂါအသင္းေခါင္းေဆာင္ျဖစ္တဲ့ နာပိုလီေနာက္ခံလူကူလီဘာလီကလည္း
မန္ဒီ ခ်န္လွပ္ခံခဲ့ရတဲ့အေပၚ အခုလိုေျပာပါတယ္။ ”ဆန္ခါတင္ထဲ မန္ဒီမပါလို႔
တကယ့္ကိုစိတ္ပ်က္စရာပါ။ သူဟာ ခ်န္ပီယံလိဂ္မွာဗိုလ္စြဲတဲ့
ပထမဆုံးအာဖရိကဂိုးသမားပါ။ ကြၽန္ေတာ့္အတြက္ကေတာ့ သူဟာ ဆန္ခါတင္
၃၀ ထဲမွာ ပါဝင္ပါတယ္”လို႔ ကူလီဘာလီက ေျပာၾကားခဲ့တာပါ။
ျပင္သစ္ေဘာလုံးမဂၢဇင္းကေတာ့ မန္ဒီကို Ballon d’Or ဆန္ခါတင္စာရင္းထဲ
မထည့္ခဲ့ေပမယ့္ ၿပီးခဲ့တဲ့ရာသီ သူ႔ရဲ႕ေအာင္ျမင္မႈကို အသိအမွတ္ျပဳတဲ့အေနနဲ႔
ကမာၻ႔အေကာင္းဆုံးဂိုးသမားဆုျဖစ္တဲ့ ယာရွင္ဆုအတြက္ ဆန္ခါတင္စာရင္းထဲမွာေတာ့ ထည့္ခဲ့ပါတယ္။