
၂၀၂၁ Ballon d’Or ဆုပေးပွဲတုန်းက ဘိုင်ယန်တိုက်စစ်မှုးလီဝန်ဒေါစကီးဟာ
မက်ဆီရဲ့နောက် ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပြီး ဆုနဲ့ လွဲချော်ခဲ့ရပါတယ်။
Ballon d’Or ဆု ရွေးချယ်ချီးမြင့်တဲ့ ပြင်သစ်ဘောလုံးမဂ္ဂဇင်းကတော့
လီဝန်ဒေါစကီးကို နှစ်သိမ့်တဲ့အနေနဲ့ ပထမဆုံးအကြိမ်ပေးအပ်တဲ့
တစ်နှစ်တာအကောင်းဆုံးတိုက်စစ်မှုးဆု ချီးမြှင့်ခဲ့ပါတယ်။
ဒါပေမဲ့ Ballon d’Or ဆုကို လွဲချော်ခဲ့တာက အဲဒီပိုလန်သားရဲ့ရင်ထဲမှာ
အစိုင်အခဲတစ်ခုဖြစ်နေပြီး အဲဒီအတွက် ဝမ်းနည်းရကြောင်း ဖွင့်ဟလိုက်ပါတယ်။
လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ပြိုင်ပွဲအရပ်ရပ်
ပွဲ ၄၀ မှာ ၄၈ ဂိုးသွင်း၊ ၉ ဂိုးဖန်တီးပေးနိုင်ခဲ့ပြီး သူ့ရဲ့ကလပ်ဟာလည်း
ဘွန်ဒက်စ်လီဂါ၊ ဂျာမန်စူပါဖလား၊ ဖီဖာကလပ်ကမ္ဘာ့ဖလားနဲ့
ဥရောပစူပါဖလားတို့မှာ ဗိုလ်စွဲခဲ့ပါတယ်။ အခုရာသီမှာလည်း
လီဝန်ဒေါစကီးဟာ ဘွန်ဒက်စ်လီဂါ ၁၄ ပွဲမှာ ၁၆ ဂိုးသွင်းယူထားပါတယ်။
”ဝမ်းနည်းမှုကို ကျွန်တော် ခံစားခဲ့ရတယ်။ ဒါကို မငြင်းနိုင်ပါဘူး။
ပြီးတော့ ကျွန်တော်ပျော်ခဲ့တယ်လို့ မပြောနိုင်ပါဘူး။ သူကစားပုံနဲ့
သူအောင်မြင်ခဲ့တာတွေကို လေးစားတာ မှန်ပေမယ့် မက်ဆီနဲ့
အနီးကပ်ဆုံးယှဉ်ပြိုင်နိုင်ခဲ့တာပါ။ မက်ဆီနဲ့ယှဉ်ပြိုင်နိုင်ခဲ့တာကိုကြည့်ရင်
အဲဒါက ကျွန်တော်ရောက်နိုင်ခဲ့တဲ့အဆင့်ကို ပြတာပါ”လို့
လီဝန်ဒေါစကီးက ပိုလန်သတင်းဌာနတစ်ခုကို ပြောခဲ့တာပါ။
ကိုဗစ်ကြောင့် မပေးဖြစ်ခဲ့တဲ့ ၂၀၂၀ Ballon d’Or ဆုကို
လီဝန်ဒေါစကီးထံပေးဖို့ ပြင်သစ်ဘောလုံးမဂ္ဂဇင်းကို မက်ဆီက
တိုက်တွန်းခဲ့ပေမယ့် အဲဒီဘိုင်ယန်တိုက်စစ်မှုးကတော့ လက်မခံခဲ့ဘဲ
ရင်ထဲက ပြောတာ ဟုတ်ရဲ့လားလို့တောင် မေးခွန်းထုတ်သလို လုပ်ခဲ့ပါတယ်။
”၂၀၂၀ ဆုရဖို့ ကျွန်တော် စိတ်မဝင်စားပါဘူး။ ကြီးကျယ်တဲ့
ကစားသမားတစ်ယောက်ဆီကနေ ဟန်ဆောင်ပန်ဆောင်မဟုတ်ပဲ
ပြောတာကို လိုချင်ပါတယ်။ စကားလုံးချည်းသက်သက်မဟုတ်ပဲနဲ့ပေါ့”လို့
လီဝန်ဒေါစကီးက ဆိုခဲ့တာပါ။
zawgyi
Ballon d’Or ဆုကို လြဲေခ်ာ္တာ ပိုလန္သားရဲ႕ရင္ထဲမွာ အစိုင္အခဲတစ္ခုျဖစ္ၿပီး ဝမ္းနည္း
Ballond d’Or ဆုမရလို႔ ဝမ္းနည္းေနတဲ့အျပင္ မက္ဆီကိုပါ ဖဲ့သလိုေျပာလိုက္တဲ့ လီဝန္ေဒါစကီး
၂၀၂၁ Ballon d’Or ဆုေပးပြဲတုန္းက ဘိုင္ယန္တိုက္စစ္မႈးလီဝန္ေဒါစကီးဟာ
မက္ဆီရဲ႕ေနာက္ ဒုတိယနဲ႔သာ ေက်နပ္ခဲ့ရၿပီး ဆုနဲ႔ လြဲေခ်ာ္ခဲ့ရပါတယ္။
Ballon d’Or ဆု ေ႐ြးခ်ယ္ခ်ီးျမင့္တဲ့ ျပင္သစ္ေဘာလုံးမဂၢဇင္းကေတာ့
လီဝန္ေဒါစကီးကို ႏွစ္သိမ့္တဲ့အေနနဲ႔ ပထမဆုံးအႀကိမ္ေပးအပ္တဲ့
တစ္ႏွစ္တာအေကာင္းဆုံးတိုက္စစ္မႈးဆု ခ်ီးျမႇင့္ခဲ့ပါတယ္။
ဒါေပမဲ့ Ballon d’Or ဆုကို လြဲေခ်ာ္ခဲ့တာက အဲဒီပိုလန္သားရဲ႕ရင္ထဲမွာ
အစိုင္အခဲတစ္ခုျဖစ္ေနၿပီး အဲဒီအတြက္ ဝမ္းနည္းရေၾကာင္း ဖြင့္ဟလိုက္ပါတယ္။
လီဝန္ေဒါစကီးဟာ ၿပီးခဲ့တဲ့ေဘာလုံးရာသီမွာ ၿပိဳင္ပြဲအရပ္ရပ္
ပြဲ ၄၀ မွာ ၄၈ ဂိုးသြင္း၊ ၉ ဂိုးဖန္တီးေပးႏိုင္ခဲ့ၿပီး သူ႔ရဲ႕ကလပ္ဟာလည္း
ဘြန္ဒက္စ္လီဂါ၊ ဂ်ာမန္စူပါဖလား၊ ဖီဖာကလပ္ကမာၻ႔ဖလားနဲ႔
ဥေရာပစူပါဖလားတို႔မွာ ဗိုလ္စြဲခဲ့ပါတယ္။ အခုရာသီမွာလည္း
လီဝန္ေဒါစကီးဟာ ဘြန္ဒက္စ္လီဂါ ၁၄ ပြဲမွာ ၁၆ ဂိုးသြင္းယူထားပါတယ္။
”ဝမ္းနည္းမႈကို ကြၽန္ေတာ္ ခံစားခဲ့ရတယ္။ ဒါကို မျငင္းႏိုင္ပါဘူး။
ၿပီးေတာ့ ကြၽန္ေတာ္ေပ်ာ္ခဲ့တယ္လို႔ မေျပာႏိုင္ပါဘူး။ သူကစားပုံနဲ႔
သူေအာင္ျမင္ခဲ့တာေတြကို ေလးစားတာ မွန္ေပမယ့္ မက္ဆီနဲ႔
အနီးကပ္ဆုံးယွဥ္ၿပိဳင္ႏိုင္ခဲ့တာပါ။ မက္ဆီနဲ႔ယွဥ္ၿပိဳင္ႏိုင္ခဲ့တာကိုၾကည့္ရင္
အဲဒါက ကြၽန္ေတာ္ေရာက္ႏိုင္ခဲ့တဲ့အဆင့္ကို ျပတာပါ”လို႔
လီဝန္ေဒါစကီးက ပိုလန္သတင္းဌာနတစ္ခုကို ေျပာခဲ့တာပါ။
ကိုဗစ္ေၾကာင့္ မေပးျဖစ္ခဲ့တဲ့ ၂၀၂၀ Ballon d’Or ဆုကို
လီဝန္ေဒါစကီးထံေပးဖို႔ ျပင္သစ္ေဘာလုံးမဂၢဇင္းကို မက္ဆီက
တိုက္တြန္းခဲ့ေပမယ့္ အဲဒီဘိုင္ယန္တိုက္စစ္မႈးကေတာ့ လက္မခံခဲ့ဘဲ
ရင္ထဲက ေျပာတာ ဟုတ္ရဲ႕လားလို႔ေတာင္ ေမးခြန္းထုတ္သလို လုပ္ခဲ့ပါတယ္။
”၂၀၂၀ ဆုရဖို႔ ကြၽန္ေတာ္ စိတ္မဝင္စားပါဘူး။ ႀကီးက်ယ္တဲ့
ကစားသမားတစ္ေယာက္ဆီကေန ဟန္ေဆာင္ပန္ေဆာင္မဟုတ္ပဲ
ေျပာတာကို လိုခ်င္ပါတယ္။ စကားလုံးခ်ည္းသက္သက္မဟုတ္ပဲနဲ႔ေပါ့”လို႔
လီဝန္ေဒါစကီးက ဆိုခဲ့တာပါ။