အမ်ဘာပီကို ဆန့်ကျင်ဖို့အတွက် ခံစစ် ၅ယောက်တန်းနဲ့ကစားဖို့ စကာလိုနီ ပြင်ဆင်နေ

December 18, 2022 Ye Aung 0

အာဂျင်တီးနားနည်းပြစကာလိုနီဟာ ဖိုင်နယ်ပွဲစဉ်အတွက် ခံစစ် ၅ယောက်တန်းဗျူဟာကို စမ်းသပ်လေ့ကျင့်မှုတွေပြုလုပ်ခဲ့ပါတယ်။ စကာလိုနီဟာ ပြင်သစ်ကြယ်ပွင့်အမ်ဘာပီကို တချိန်လုံးအမိဖမ်းထားနိုင်ဖို့အတွက် စီစဉ်နေတာဖြစ်ပြီး အစောပိုင်းကစားခဲ့တဲ့ ခံစစ် ၄ ယောက်တန်းကိုအပြောင်းအလဲပြုလုပ်သွားဖို့ရှိနေတာဖြစ်တယ်။ ပွဲမတိုင်ခင် စကာလိုနီစမ်းသပ်ခဲ့တဲ့ ပွဲထွက် ၁၁ ယောက်စာရင်းမှာ ရိုမဲရိုး၊ အော့တာမန်ဒီ၊ လီဆန်ဒရိုမာတီနက်ဇ်၊ မိုလီနာနဲ့ အကုနာတို့ပါဝင်ခဲ့ပြီး ရိုမဲရိုး၊ အော့တာမန်ဒီနဲ့ […]

အောင်အတိတ်၊ အောင်နမိတ်ဆောင်နိုင်အောင် ၂၀၁၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲတုန်းက ဂျာစီပုံစံအတိုင်း လာမယ့်ဗိုလ်လုပွဲမှာ ဝတ်ဆင်သွားမယ့် ပြင်သစ်

December 18, 2022 Ye Aung 0

လက်ရှိချန်ပီယံပြင်သစ်အသင်းဟာ အာဂျင်တီးနားနဲ့ကစားမယ့် ဗိုလ်လုပွဲကျရင် ၂၀၁၈ ဗိုလ်လုပွဲတုန်းက ဝတ်ဆင်ခဲ့တဲ့ ဂျာစီပုံစံအတိုင်း အင်္ကျီ၊ ဘောင်းဘီနဲ့ ခြေအိတ်တို့ကို အပြာရောင်ဝတ်ဆင်ကစားသွားမှာဖြစ်ပါတယ်။ ပြင်သစ်အသင်းဟာ သူတို့ရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးအဖြစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲကို (၂)ကြိမ်ဆက်တက်ရောက်နိုင်ခဲ့ပြီး အီတလီ(၁၉၃၄၊ ၁၉၃၈)၊ ဘရာဇီးလ် (၁၉၅၈၊ ၁၉၆၂)တို့နောက်ပိုင်း ကမ္ဘာ့ဖလားချန်ပီယံဆု (၂)ကြိမ်ဆက်ဆွတ်ခူးနိုင်တဲ့ တတိယမြောက်အသင်းအဖြစ် […]

မက်ဆီနဲ့ မတွေ့ခင်အထိတော့ ထာဝရအကောင်းဆုံးဆိုတာကို ကိုနာတေး လျှော့တွက်ထားပုံရတယ်

December 15, 2022 Ye Aung 0

မော်ရိုကို ကိုအနိုင်ရပြီးတဲ့နောက် ပြင်သစ်ဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို နှစ်ကြိမ်ဆက်တက်ရောက်နိုင်တဲ့မှတ်တမ်းကောင်းပိုင်ဆိုင်ခဲ့ပါတယ်။ သီယိုဟာနန်ဒက်ဇ်နဲ့ မူရာနီ တို့သွင်းဂိုးတွေဟာ ကြက်ဖတွေကို ကာတာကမ္ဘာ့ဖလားဗိုလ်လုပွဲအရောက် ပို့ဆောင်ပေးနိုင်ခဲ့ပြီး မက်ဆီရဲ့ အာဂျင်တီးနားနဲ့ထိပ်တိုက်ရင်ဆိုင်ရတော့မှာဖြစ်တယ်။ မော်ရိုကိုနဲ့ပွဲမှာတော့ ပြင်သစ်ကြယ်ပွင့် အူပါမီကာနိုတို့ဖျားနေခဲ့တဲ့အတွက် လီဗာပူးနောက်ခံလူ ကိုနာတေးဟာ ဗာရန်းနဲ့အတူပွဲထွက်ခွင့်ရခဲ့ပြီး အများချီးကျူးရလောက်တဲ့ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ လက်ရှိအနေအထားအရတော့ ကိုနာတေးဟာ ဖိုင်နယ်ပွဲစဉ်မှာ ဗဟိုခံစစ်နေရာအတွက်ခိုင်မာတဲ့ပွဲထွက်ခွင့်ကိုရနိုင်တယ်လို့ ရှုမြင်ထားပါတယ်။ […]

ဘန်ဇီမာ ဗိုလ်လုပွဲကစားနိုင်မလားဆိုတဲ့အမေးကိုတော့ ကျော်သွားပါရစေလို့ ဒက်ချမ့်စ် လျှို့ဝှက်ထား

December 15, 2022 Ye Aung 0

အာဂျင်တီးနားနဲ့ရင်ဆိုင်ရမယ့် ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်မှာ တိုက်စစ်မှူးဘန်ဇီမာ ပြန်ကစားနိုင်မလားဆိုတဲ့ အမေးကိုတော့ ပြင်သစ်နည်းပြဒက်ချမ့်စ်က ဖြေဆိုဖို့ငြင်းဆန်ခဲ့ပါတယ်။ ဒက်ချမ့်စ်ဟာ ပြိုင်ပွဲမတိုင်ခင်မှာ ဘလွန်းဒီအော်ဆုရှင် ဘန်ဇီမာရဲ့ဦးဆောင်မှုနဲ့လာရောက်ခဲ့ပေမဲ့ ရီးရဲလ်တိုက်စစ်မှူးဒဏ်ရာပြဿနာကြုံခဲ့တာကြောင့် ၂၀၁၈ ကမ္ဘာ့ဖလားပုံစံအတိုင်း ဂီရောက်၊ ဂရေ့ဇ်မန်းနဲ့ အမ်ဘာပီ တို့အတွဲအဖက်ကိုသာ ဆက်လက်အသုံးပြုခဲ့ရတာဖြစ်တယ်။ အထောင်တိုက်စစ်မှူးနေရာမှာပါဝင်ကစားခဲ့တဲ့ ဂီရောက်က ဒီပြိုင်ပွဲမှာ ၄ဂိုးသွင်းပြီး ပုံစံကောင်းရရှိခဲ့သလို ပြင်သစ်သမိုင်းတစ်လျှောက်ထာဝရဂိုးသွင်းအများဆုံးနေရာကိုပါ […]

ဒုက္ခလှိုင်းကြားက လက်ရွေးစင်အသင်းကိုကယ်တင်ခဲ့တဲ့ မက်ဆီတစ်ယောက် ကာတာမှာအရာအားလုံးကိုသိမ်းကြုံးယူသွားနိုင်မလား

December 14, 2022 Ye Aung 0

ခရိုအေးရှားကိုအနိုင်ရပြီးတဲ့နောက် မက်ဆီဟာ ကစားသမားဘဝတစ်လျှောက် ဒုတိယအကြိမ်မြောက်အဖြစ်ကမ္ဘာ့ဖလားဗိုလ်လုပွဲကိုတက်ရောက်နိုင်ခဲ့ပါပြီ။ မက်ဆီဟာ အာဂျင်တီးနားနဲ့အတူ ၃၆ ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းနဲ့ ကာတာကိုလာရောက်ခဲ့ပေမဲ့ အုပ်စုအဖွင့်ပွဲမှာ ဆော်ဒီကိုရှုံးခဲ့တာကအတော်လေးထိချက်နာသွားခဲ့တယ်။ ဒါပေမဲ့ အသင်းရဲ့ဖွဲ့စည်းပုံ၊ ကစားဟန်တွေနဲ့ပတ်သတ်လို့ ဘယ်တော့မှအပြစ်မပြောခဲ့ဘူး။ သူပြန်လာနိုင်ဖို့အတွက်အစွမ်းကုန်ကြိုးစားတယ်။ နောက်ဆက်တွဲရလဒ်အနေနဲ့ ဗိုလ်လုပွဲကိုရောက်ခဲ့ပြီ။ အာဂျင်တီးနားသမိုင်းတစ်လျှောက်ကမ္ဘာ့ဖလားမှာ ဂိုးသွင်းအများဆုံး(၁၁ဂိုး) ကစားသမားအဖြစ်ရပ်တည်နိုင်ခဲ့သလို ဆယ်ကျော်သက်အရွယ်ကတည်းကရှုံးထွက်အဆင့်မှာဂိုးမသွင်းနိုင်ဘူးဆိုတဲ့ အရိပ်ဆိုးကိုတွန်းလှန်နိုင်ခဲ့ပြီ။ အရမ်းကိုလှပလွန်းနေတယ်။ ဒီပြိုင်ပွဲမှာ […]

ယူရို-၂၀၂၄ ပြိုင်ပွဲအထိ ပေါ်တူဂီလက်ရွေးစင်အသင်းမှာ ရော်နယ်ဒိုအနားမယူသေးဟု သတင်းတွေထွက်ပေါ်

December 14, 2022 Ye Aung 0

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်ကနေထွက်ခွာသွားခဲ့ရတဲ့ ပေါ်တူဂီအသင်းဟာ နည်းပြဆန်းတို့စ်နေရာကို မော်ရင်ဟိုနဲ့ အစားထိုးဖို့စီစဉ်နေတယ်ဆိုပြီး သတင်းထွက်နေသလို ပေါ်တူဂီအသင်းရဲ့ ဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုဟာလည်း လက်ရွေးစင်အသင်းကနေ အနားယူဖို့ ဆန္ဒမရှိဘဲ ယူရို-၂၀၂၄ ပြိုင်ပွဲအထိ ဆက်ကစားသွားဖို့ ဆုံးဖြတ်ထားတယ်လို့လည်း သတင်းတွေမှာဖော်ပြနေပါတယ်။ ပေါ်တူဂီအသင်းဟာ ပြီးခဲ့တဲ့စနေနေ့က မော်ရိုကိုနဲ့ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲမှာ (၁-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကထွက်ခဲ့ရပြီး ပွဲအပြီး၊ […]

ခရိုအေးရှားကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ပွဲမှာ အယ်လ်ဗာရက်ဇ်ရဲ့ တစ်ကိုယ်တော်အစွမ်းနဲ့သွင်းယူခဲ့တဲ့ဂိုးဟာ ပရိသတ်တွေကြားမှာ ပြောစရာဖြစ်ကျန်နေခဲ့သလို ဘော်လုံးမှော်ဆရာ ရော်နယ်လ်ဒင်ဟိုတောင် လက်ခုပ်တီး ဂုဏ်ပြုပေးခဲ့

December 14, 2022 Ye Aung 0

အာဂျင်တီးနားလူငယ်ကြယ်ပွင့် ဂျူလီယန်အယ်လ်ဗာရက်ဇ်ဟာ မက်ဆီခေတ်လွန် လက်ရွေးစင်အသင်းတိုက်စစ်ကို သူက ဦးဆောင်နိုင်တဲ့အရည်အချင်းရှိတယ်ဆိုတာ သွင်းဂိုးမှတ်တမ်းကောင်းတွေနဲ့ သက်သေပြလိုက်ပါတယ်။ ခရိုအေးရှားကို (၃-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲမှာ အယ်လ်ဗာရက်ဇ် အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး မက်ဆီရဲ့ ပယ်နယ်တီက သူ့ကြောင့်ရခဲ့တာဖြစ်သလို ကိုယ်တိုင်လည်း (၂)ဂိုးသွင်းယူခဲ့ပါတယ်။ အဲဒါကြောင့် အယ်လ်ဗာရက်ဇ်ဟာ အသက်(၂၂)နှစ်၊ (၃၁၆)ရက်နဲ့ ဘရာဇီးလ်ဂန္ထဝင်ကြီး ပီလီ (၁၇ […]

မက်ဆီရဲ့ မှော်ဝင်တဲ့ ခြေစွမ်းမှာ ခရိုအေးရှားခံစစ်ရဲ့ လူငယ်ကြယ်ပွင့်ရူးခါသွားခဲ့ရ

December 14, 2022 Ye Aung 0

အာဂျင်တီးနားအသင်း နာမည်ကျော်ကစားသမား မက်ဆီဟာ ခရိုအေးရှားနဲ့ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲမှာ ပြိုင်ဘက်အသင်း လူငယ်ကြယ်ပွင့်နောက်ခံလူ ဂါဒီယောကို သူ့ရဲ့ ပဉ္စလက်ဆန်တဲ့ ခြေစွမ်းနဲ့ မညှာမတာ အနိုင်ကျင့်ခဲ့ပါတယ်။ အဲဒီပွဲမှာ အာဂျင်တီးနားအသင်းဟာ (၃-ဝ)ဂိုးပြတ်နဲ့အနိုင်ရခဲ့ပြီး မက်ဆီက ပယ်နယ်တီကနေ အဖွင့်ဂိုး၊ လူငယ်တိုက်စစ်ကစားသမား အယ်လ်ဗာရက်ဇ်က (၂)ဂိုးသွင်းယူခဲ့ပါတယ်။ အာဂျင်တီးနားအသင်းအတွက် တတိယမြောက်ဂိုးဟာ မက်ဆီက […]

ကမ္ဘာဖလားပြိုင်ပွဲတစ်လျှောက် ခေါင်းတိုက်ဂိုးသွင်းယူခဲ့သူတွေထဲမှာ ရော်နယ်ဒိုကိုယ်တိုင် မှင်တက်မိစေတဲ့အထိ စံချိန်သစ်တင်နိုင်ခဲ့တဲ့ မော်ရိုကို တိုက်စစ်မှူး အန်နက်ဆရီ

December 13, 2022 Ye Aung 0

ယူရို ၂၀၁၆ တုန်းက ဝေးလ် အသင်းဘက်ကို (၂.၄၂)မီတာ အမြင့်နဲ့ ခေါင်းခုန်တိုက်ကာဂိုးသွင်းယူခဲ့ပြီး နိုင်ငံလက်ရွေးစင်ကစားသမားတွေထဲမှာ အမြင့်ဆုံးခေါင်းခုန်တိုက်နိုင်မှု စံချိန်ကို ရယူထားခဲ့တဲ့ ရော်နယ်ဒိုရဲ့စံချိန်မှတ်တမ်းကို မော်ရိုကိုတိုက်စစ်မှူး အန်နက်ဆရီက (၂.၇၈)မီတာ အမြင့်နဲ့ ပေါ်တူဂီအသင်းဘက်ဆီကို ခေါင်းခုန်တိုက်ရင်း စံချိန်ချိုးသွားခဲ့ပါတယ်။ ဒါဟာ နိုင်ငံလက်ရွေးစင်ကစားသမားတွေထဲမှာ စံချိန်သစ်တစ်ခုဖြစ်ခဲ့ပေမယ့် မော်ရိုကိုတိုက်စစ်မှူး အန်နက်ဆရီဟာ […]

ရော်နယ်ဒိုဖွင့်ဟလာတဲ့ သူ ရင်ဆိုင်နေရတဲ့ ဖြစ်ရပ်မှန်အကြောင်းအရာ ( ၃ ) ခု

December 13, 2022 Ye Aung 0

အင်စတာဂရမ်မှာ follower ၅၁၄ သန်းကျော်ရှိတဲ့ စီရော်နယ်ဒိုဟာ မနေ့က သူ့ရဲ့ အင်စတာ ဂရမ်စတိုရီကနေ သူ လက်ရှိ ရင်ဆိုင်နေရတဲ့ ခံစားချက်တွေကို ဓါတ်ပုံတစ်ပုံတင်ပြီး ပရိသတ်တွေဆီကို ထုတ်ဖော်ပြလာခဲ့ပါတယ်။ ကာတာကမ္ဘာဖလားဟာ ရော်နယ်ဒိုအတွက် သူ့ရဲ့ နိုင်ငံကိုယ်စားပြု ကစားသမားဘဝ နောက်ဆုံးအကြိမ် ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဖြစ်နိုင်တာကြောင့် အစွမ်းကုန်ကြိုးစားခဲ့တာကို […]