ထိပ်တန်းအဆင့်နည်းပြဘဝမှာ ပထမဆုံးအကြိမ်အဖြစ် (၄)ပွဲမြောက်မှာပဲရှုံးပွဲကြုံတွေ့ခဲ့တဲ့ကွန်တီ

November 26, 2021 author wyne 0

စပါးအသင်းနာမည်ကျော်နည်းပြကွန်တီဟာ UEFA Europa Conference League အုပ်စုပွဲစဉ်အဖြစ် ဆလိုဗေးနီးယားက မထင်မရှားကလပ်ဖြစ်တဲ့ မော်ရာကို (၂-၁)ဂိုးနဲ့မထင်မှတ်ဘဲရှုံးနိမ့်ခဲ့ပြီး စပါးအသင်းနည်းပြဘဝ ပြိုင်ပွဲစုံ(၄)ပွဲမြောက်မှာပဲ ပထမဆုံးရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရပြီဖြစ်ပါတယ်။ အခုပွဲမှာ ကွန်တီက ဒိုဟာတီ၊ ဂျိုးရွန်ဒွန်၊ ဂိုလီနီ၊ ဘရိုင်ယန်ဟေးလ်၊ ဆက်ဆီညွန်တို့လို့ အရန်ကစားသမားတွေနဲ့ အယ်လီ၊ ဟယ်ရီကိန်၊ ဒွန်ဘီလီစတဲ့ စီနီယာကစားသမားတွေကို […]

ထောက်ပံ့စရိတ်မပေးလို့ ထောင်နန်းစံရကိန်းဆိုက်နေပြန်တဲ့ ရော်နယ်ဒင်ဟို

November 26, 2021 author wyne 0

ဘာစီလိုနာနှင့်အေစီမီလန်စတားဟောင်းရော်နယ်ဒင်ဟိုဟာရည်းစားဟောင်းတစ်ဦးကိုထောက်ပံ့စရိတ်မပေးမှုကြောင့်နောက်ထပ်တစ်ကြိမ် ထောင်နန်းစံရကိန်းဆိုက်နေပြန်ပါတယ်။ ဘရာဇီးမီဒီယာများရဲ့ဖော်ပြချက်အရအသက်၄၁နှစ်ရှိရော်နယ်ဒင်ဟိုအနေဖြင့်ဒီဇင်ဘာလ၁ရက်နေ့နောက်ဆုံးထားကာရည်းစားဟောင်းပဲရစ်ဆယ်လာနှင့် ညှိနှိုင်းဖြေရှင်းခြင်းမပြုလုပ်ကာပိုင်ဆိုင်မှုသိမ်းဆည်းခံရခြင်း၊ထောင်ချခံရခြင်းတို့ကြုံတွေ့ရမှာဖြစ်ကြောင်းသိရပါတယ်။ ဘာစီလိုနာဂန္ထဝင်ကစားသမားဟာပြီးခဲ့တဲ့နှစ်တုန်းကပါရာဂွေးသို့ပတ်စ်ပို့တုဖြင့်ဝင်ရောက်ရန်ကြိုးပမ်းမှုအတွက်ဖမ်းဆီးထောင်ချခံခဲ့ရသူဖြစ်ပါတယ်။ လက်ရှိအချိန်တွင်သူဟာဒူဘိုင်းမှာရှိနေတယ်လို့ယူဆရပါတယ်။ ၂၀၁၈ခုနှစ်တုန်းကရော်နယ်ဒင်ဟိုဟာပဲရစ်ဆယ်လာနှင့်အတူ အခြားအမျိုးသမီးတစ်ဦးဖြစ်သူ ဘီယာထရစ်ဇ်ဆူဆာအမည်ရှိအမျိုးသမီးနှင့်တွဲနေချိန်ဖြစ်ပါတယ်။ သူဟာယင်းအမျိုးသမီးနှစ်ဦးတို့ကိုတပြိုင်တည်းလက်ထပ်မယ်လို့သတင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့်နောက်ပိုင်းမှာရော်နယ်ဒင်ဟိုကယင်းသတင်းကိုငြင်းဆိုခဲ့ပါတယ်။ နောက်တစ်နှစ်အကြာမှာတော့ပဲရစ်ဆယ်လာကိုရော်နယ်ဒင်ဟိုနှင့်တွဲလျက်တွေ့ရပါတယ်။ ထိုစဉ်ကရော်နယ်ဒင်ဟိုဟာဘီလိုဟိုရီဇွန်တီအ‌ြခြေစိုက်အက်သလက်တီကိုမီနိုင်းရိုးမှာကစားနေတုန်းကဖြစ်ပါတယ်။ ပဲရစ်မယ်လာဟာရော်နယ်ဒင်ဟိုထံမှထောက်ပံ့ကြေးပေါင်၅သိန်းတောင်းဆိုခဲ့တယ်လို့ယူဆခဲ့ရပြီးပေါင်၁၃၅၀၀၀ရရှိရန်တရားရုံးကဆုံးဖြတ်ခဲ့ပါတယ်။ zawgyi ေထာက္ပံ့စရိတ္မေပးလို႔ ေထာင္နန္းစံရကိန္းဆိုက္ေနျပန္တဲ့ ေရာ္နယ္ဒင္ဟို ဘာစီလိုနာႏွင့္ေအစီမီလန္စတားေဟာင္းေရာ္နယ္ဒင္ဟိုဟာရည္းစားေဟာင္းတစ္ဦးကိုေထာက္ပံ့စရိတ္မေပးမႈေၾကာင့္ေနာက္ထပ္တစ္ႀကိမ္ ေထာင္နန္းစံရကိန္းဆိုက္ေနျပန္ပါတယ္။ ဘရာဇီးမီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရအသက္၄၁ႏွစ္ရွိေရာ္နယ္ဒင္ဟိုအေနျဖင့္ဒီဇင္ဘာလ၁ရက္ေန႔ေနာက္ဆုံးထားကာရည္းစားေဟာင္းပဲရစ္ဆယ္လာႏွင့္ညႇိႏႈိင္းေျဖရွင္းျခင္းမျပဳလုပ္ကာပိုင္ဆိုင္မႈသိမ္းဆည္းခံရျခင္း၊ေထာင္ခ်ခံရျခင္းတို႔ႀကဳံေတြ႕ရမွာျဖစ္ေၾကာင္းသိရပါတယ္။ ဘာစီလိုနာဂႏၴဝင္ကစားသမားဟာၿပီးခဲ့တဲ့ႏွစ္တုန္းကပါရာေဂြးသို႔ပတ္စ္ပို႔တုျဖင့္ဝင္ေရာက္ရန္ႀကိဳးပမ္းမႈအတြက္ဖမ္းဆီးေထာင္ခ်ခံခဲ့ရသူျဖစ္ပါတယ္။လက္ရွိအခ်ိန္တြင္သူဟာဒူဘိုင္းမွာရွိေနတယ္လို႔ယူဆရပါတယ္။ ၂၀၁၈ခုႏွစ္တုန္းကေရာ္နယ္ဒင္ဟိုဟာပဲရစ္ဆယ္လာႏွင့္အတူ အျခားအမ်ိဳးသမီးတစ္ဦးျဖစ္သူ ဘီယာထရစ္ဇ္ဆူဆာအမည္ရွိအမ်ိဳးသမီးႏွင့္တြဲေနခ်ိန္ျဖစ္ပါတယ္။သူဟာယင္းအမ်ိဳးသမီးႏွစ္ဦးတို႔ကိုတၿပိဳင္တည္းလက္ထပ္မယ္လို႔သတင္းထြက္ခဲ့ပါတယ္။ဒါေပမယ့္ေနာက္ပိုင္းမွာေရာ္နယ္ဒင္ဟိုကယင္းသတင္းကိုျငင္းဆိုခဲ့ပါတယ္။ […]