အံ့ဖွယ်ထောင့်ဖြတ်ဘောနဲ့ ဂိုးဖန်တီးမှုပြုလုပ်သွားတဲံ ၃၈ နှစ်သားကြီး အဲလ်ဗက်စ်

January 9, 2022 authorphyo 0

ဘာစီလိုနာညာနောက်ခံလူ အဲလ်ဗက်စ်ဟာ လာလီဂါတစ်ကျော့ပြန်ပွဲမှာ အံ့ဖွယ်ထောင့်ဖြတ်ဘောနဲ့အတူ ဂိုးဖန်တီးမှုပြုလုပ်ရင်း အားလုံးကို မင်တက်သွားစေခဲ့ပါတယ်။ ဘရာဇီးသား အဲလ်ဗက်စ်ဟာ ဆော်ပေါ်လိုနဲ့ စာချုပ်ဖျက်သိမ်းလိုက်ပြီးနောက် ဘာစီလိုနာကို ပြန်ရောက်လာတာဖြစ်ပြီး စပိန်ဘုရင့်ဖလားပွဲမှာ ပထမဆုံးပြန်လည်ပွဲဦးထွက်ကစားခဲ့ပါတယ်။ သူဟာ ဂရန်နာဒါနဲ့ ၁-၁ ဂိုးသရေကျခဲ့တဲ့ပွဲမှာလည်း ဘာစီလိုနာအတွက် ဒုတိယမြောက်လိဂ်ပွဲဦးထွက်အဖြစ် ပါဝင်ကစားခဲ့ပြီး အသက် ၃၈ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့် […]

PAOK အသင်းမှ ထွက်ခွာလာပြီးနောက် အနာဂတ်လမ်းပျောက်နေတဲ့ ယူနိုက်တက်ကြယ်ပွင့်ဟောင်း ကာဂါဝါ

January 9, 2022 authorphyo 0

တစ်ချိန်တုန်းက ဒေါ့မွန်အသင်းရဲ့ကြယ်ပွင့်ဖြစ်ခဲ့ပြီး ယူနိုက်တက်ဂန္ထဝင်နည်းပြကြီး ဖာဂူဆန် ခေါ်ယူခဲ့ဖူးတဲ့ ဂျပန်ကွင်းလယ်လူ ကာဂါဝါဟာ လက်ရှိအချိန်မှာ ကလပ်လက်မဲ့ဖြစ်နေပါတယ်။ အသက် ၃၂နှစ်အရွယ်ရှိ ကာဂါဝါဟာ ဒီဇင်ဘာလလယ်က ဂရိကလပ် PAOK အသင်းနဲ့ လမ်းခွဲခဲ့ပြီးချိန်ကတည်းက ကလပ်လက်မဲ့ဖြစ်နေပါတယ်။ သူဟာ ၂၀၂၁ ဇန်နဝါရီလက ဇာရာဂိုဇာကနေ အရစ်သီဆာလိုနီကီအသင်းကို ရောက်လာပြီးနောက် တစ်နှစ်မပြည့်ခင်မှာပဲ […]

ယူနိုက်တက်ရဲ့အမြဲတမ်းနည်းပြအဖြစ် ရေပန်းအစားဆုံးစာရင်းကနေ လျှောကျသွားတဲ့ ပိုချက်တီနို

January 8, 2022 authorphyo 0

ပီအက်စ်ဂျီအသင်းနည်းပြ ပိုချက်တီနိုဟာ ယူနိုက်တက်အသင်းရဲ့ အမြဲတမ်းနည်းပြဖြစ်လာဖို့ ရေပန်းအစားဆုံးအဆင့်ကနေ လျှောကျသွားပါတယ်။ ပိုချက်တီနိုဟာ ဆိုးလ်ရှားရဲ့နေရာမှာ အမြဲတမ်းနည်းပြအဖြစ် အစားဝင်ဖို့ ရေပန်းအစားဆုံးဖြစ်ခဲ့ပြီး သူကိုယ်တိုင်ကလည်း ယခုရာသီအကုန်မှာ ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ပိုချက်တီနိုဟာ အခုတော့ ယူနိုက်တက်နည်းပြဖြစ်လာဖို့ နံပါတ် ၁ ဦးစားပေးပစ်မှတ်မဟုတ်တော့ဘဲ ယူနိုက်တက်အသင်းက […]

အိမ်ကွင်းအရှုံးနဲ့ရင်ဆိုင်ခဲ့ရပေမယ့် အသင်းသားတွေရဲ့စွမ်းဆောင်ရည်အပေါ် နာဂယ်စ်မန်း ကျေနပ်

January 8, 2022 authorphyo 0

ဘိုင်ယန်အသင်းနည်းပြ နာဂယ်စ်မန်းက ဆောင်းရာသီအားလပ်ရက်အပြီး ပထမဆုံးပြန်ကစားတဲ့ပွဲမှာ ဂလာဘတ်ကို အရေးနိမ့်ခဲ့ရပေမယ့် အသင်းသားတွေရဲ့ စွမ်းဆောင်ရည်အပေါ် အားရကျေနပ်မိတယ်လို့ အခိုင်အမာပြောပါတယ်။ သောကြာနေ့အစောပိုင်းက Best FIFA Men’s Player 2021 အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ တိုက်စစ်မှူး လီဝန်ဒေါစကီးက စောစောစီးစီး ဦးဆောင်ဂိုးသွင်းသွားပေမယ့် ဂလာဘတ်က ပထမပိုင်းမပြီးခင်မှာပဲ ချေပဂိုးနဲ့ […]

ဗန်ပါစီကို ဘောလုံးနဲ့ တည်ကျွေးခဲ့တဲ့ ဝီလျံရဲ့ဖြစ်ရပ်ကို ပြန်ပြောင်းသတိရစေတဲ့ ရူဒီဂါရဲ့လုပ်ရပ်

January 7, 2022 authorphyo 0

ချဲလ်ဆီးအသင်းနောက်ခံလူ ရူဒီဂါဟာ စပါးကို အနိုင်ရခဲ့တဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပ-အကျော့ပွဲမှာ မြက်ခင်းပေါ် လဲကျနေတဲ့ ပြိုင်ဘက်ကွင်းလယ်လူ အန်ဒွန်ဘီလီကို ရည်ရွယ်ချက်ရှိရှိ ဘောလုံးနဲ့ တည်ကန်ခဲ့ပုံ ပေါ်ခဲ့ရာ ၂၀၁၈ ခုနှစ်က မြက်ခင်းပေါ် လဲကျနေခဲ့တဲ့ ဗန်ပါစီကို ဘောလုံးနဲ့ တည်ကန်ခဲ့တဲ့ ဆွမ်ဆီးနောက်ခံလူဟောင်း အက်ရှ်လေဝီလျံရဲ့ဖြစ်ရပ်ကို ပရိသတ်တွေ […]

ဝုဗ်နဲ့ပွဲမှ ယူနိုက်တက်ရဲ့ဆိုးရွားတဲ့ အပေးအယူပြုလုပ်ထားမှုတွေကို စုစည်းထားတဲ့ ဗီဒီယိုဖိုင် ထွက်ပေါ်

January 7, 2022 authorphyo 0

တနင်္လာညက ဝုဗ်အသင်းကို ယူနိုက်တက်အသင်း အရေးနိမ့်ခဲ့တာက ဒီနေ့ရောက်တဲ့အထိ နောက်ဆက်တွဲဂယက်တွေ မငြိမ်သက်နိုင်သေးဘဲ အခုလည်း တွစ်တာမှာ အဲဒီပွဲက ယူနိုက်တက်အသင်းရဲ့ ဆိုးရွာလှတဲ့အပေးအယူပြုလုပ်မှုတွေကို စုစည်းထားတဲ့ ဗီဒီယိုဖိုင်က လူပြောများ ပေါက်နေပါတယ်။ ယူနိုက်တက်ဟာ ဝ-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့အဲဒီပွဲမှာ ကစားကွက်ပိုင်းအရလည်း ဧည့်သည်အသင်းကို ယှဉ်မကစားနိုင်ခဲ့သလို ပွဲပြီးခါနီးမှာ သွင်းယူသွားတဲ့ […]

L’Equipe ရဲ့အကောင်းဆုံးအသင်းမှာ မက်ဆီရော ရော်နယ်ဒိုပါ အတူတူချန်လှပ်ခံရ

January 6, 2022 authorphyo 0

ပြင်သစ်နိုင်ငံရဲ့နာမည်ကြီး သတင်းစာ L’Equipe က ၂၀၂၁ ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံးအသင်းကို ရွေးချယ်ခဲ့ရာ ပရီးမီးယားလိဂ်ကြယ်ပွင့်အများအပြား ပါဝင်လာပေမယ့် ၂၀၂၁ မှာ ၇ကြိမ်မြောက် ရွှေဘောလုံးဆုရရှိခဲ့တဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီကတော့ ချန်လှပ်ခံခဲ့ရပါတယ်။ အသက် ၃၄နှစ်အရွယ်ရှိ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ လက်ရွေးစင်အသင်းနဲ့အတူ ပထမဆုံးအောင်မြင်မှုအဖြစ် ကိုပါအမေရိကဖလားချန်ပီယံဖြစ်ခဲ့သလို ပြီးခဲ့တဲ့ရာသီကလည်း […]

စပါးနဲ့ပွဲမှာ ဦးဆောင်ဂိုးသွင်းယူနိုင်ဖို့ ထိတ်လန့်ဖွယ်ဒဏ်ရာရရှိခဲ့တဲ့ ဟာဗက်ဇ်

January 6, 2022 authorphyo 0

ချုဲလ်ဆီးအသင်းတိုက်စစ်မှူး ကိုင်ဟာဗက်ဇ်ဟာ ယမန်နေ့က စပါးကို အနိုင်ရခဲ့တဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်(ပ-အကျော့ပွဲစဉ်)မှာ လက်ချောင်းရိုးကျိုးဒဏ်ရာအရခံကာ ဂိုးသွင်းယူသွားပါတယ်။ ပွဲစလို့ သိပ်မကြာသေးခင်မှာပဲ ဟာဗက်ဇ်က စပါးနောက်ခံလူ တန်ဂန်ဂါရဲ့အမှားကနေ ဆွဲပြေးကာ ဂိုးသမားနဲ့ထောင့်ဖြတ်အတွေ့ ဘယ်ခြေနဲ့ ကန်သွင်းခဲ့တာဖြစ်ပါတယ်။ အဲဒီမှာ ချဲလ်ဆီးအသင်းဖော်တွေက ဟာဗက်ဇ်ကို ဝိုင်းဝန်းဂုဏ်ပြုခဲ့ကြပေမယ့် အဆိုပါဂျာမန်သားကတော့ ဂိုးသွင်းယူရင်း မတော်တဆမှုကြောင့် […]