၁၄ နှစ်ကြာကျင်လည်ခဲ့တဲ့ ယူနိုက်တက်ကနေ ထွက်ခဲ့ရတဲ့အခြေအနေတွေကို ပြန်ပြောလာတဲ့ ဂိုမက်စ်

June 16, 2022 authorphyo 0

ယူနိုက်တက်လူငယ်ကြယ်ပွင့်ဟောင်း အိန်ဂျယ်ဂိုမက်စ်က မိမိအနေနဲ့ ၂၀၂၀ ဇွန်လက နောက်ဆုံးအကြိမ်အဖြစ် အသင်းရဲ့ကာရင်တန်ထရိန်နင်စင်တာကနေ ထွက်ခွာခဲ့စဉ်က စိတ်ခံစားချက်တွေကို မထိန်းနိုင်ခဲ့ဘူးလို့ ဝန်ခံပါတယ်။ အသက် ၆နှစ်အရွယ်၂၀၀၆ ခုနှစ်က ယူနိုက်တက်ကို စတင်ရောက်လာခဲ့တဲ့ ဂိုမက်စ်ဟာ အသင်းဘက်က လစာတိုးပေးပြီး စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပါတယ်။ ယူနိုက်တက်က ဂိုမက်စ်ကို ဆက်လက်ထိန်းထားဖို့ […]

ဘာစီလိုနာ ပြန်ရောက်လာတဲ့ မက်ဆီကို ပရိသတ်တွေ သောင်းသောင်းဖျဖျကြိုဆို

June 16, 2022 authorphyo 0

ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီနဲ့ သူ့မိသားစုဟာ ဘာစီလိုနာမြို့ကို ပြန်လည်ရောက်ရှိလာရာ ဘာစီလိုနာပရိသတ်တွေက လေဆိပ်မှာ သူတို့ရဲ့ အသင်းခေါင်းဆောင်ဟောင်းကို လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ပါတယ်။ ဘာစီလိုနာအသင်းက မက်ဆီကို စာချုပ်သစ်ချုပ်ဆိုဖို့ အဆင်မပြေဖြစ်ခဲ့ရလို့ နူးကမ့်ကနေ မက်ဆီ ထွက်ခွာသွားတာ ၁၀လ ရှိနေပြီဖြစ်ပြီး ဘာစီလိုနာကစားသမားဘဝ နှုတ်ဆက်ပွဲမှာ မျက်ရည်တွေကျတဲ့အထိ ခံစားခဲ့ရပါတယ်။ သူဟာ ပီအက်စ်ဂျီအသင်းမှာ […]

ဒီယွန်းခေါ်ယူရေးတိုက်ပွဲမှာ ယူနိုက်တက်ကို စီးတီး အလဲထိုးနိုင်တော့မယ်လို့ဆို

June 16, 2022 authorphyo 0

သတင်းတွေရဲ့ဖော်ပြချက်အရ မန်စီးတီးအသင်းဟာ မြို့ခံပြိုင်ဘက် ယူနိုက်တက်ကို ကျော်ဖြတ်ပြီး ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီဒီယွန်းကို ခေါ်ယူနိုင်ဖို့ အတော်လေး နီးစပ်နေပြီလို့ သိရပါတယ်။ စပိန်သတင်းစာ Mundo Deportivo ရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ် ချန်ပီယံအသင်းဟာ ဒီယွန်းကို ခေါ်ယူနိုင်ရေးအတွက် အသင်းရှိ ကွင်းလယ်တိုက်စစ်သမား ဘာနာဒိုဆေးလ်ဗားကို အလိုက်ပေးကမ်းလှမ်းလိုနေတယ်လို့ […]

ရာဖင်ညာကို လက်မလွှတ်သေးပေမယ့် ဒမ်ဘီလီကို ခေါ်ဖို့ လက်တလောကြိုးစားနေတဲ့ ချဲလ်ဆီး

June 15, 2022 authorphyo 0

ချဲလ်ဆီးဟာ လိဒ်တောင်ပံ ကစားသမား ရာဖင်ညာကို ခေါ်ယူဖို့ လက်မလျှော့သေးပေမယ့် လက်ရှိအချိန်မှာတော့ ဘာစီလိုနာတောင်ပံကစားသမား ဒမ်ဘီလီကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ချဲလ်ဆီးဟာ ယခုနွေရာသီအတွင်း အသင်းကို အပြောင်းအလဲ လုပ်ဖို့ စီစဉ်နေပြီး ရာဖင်ညာကို သူ့ရဲ့အသင်းဟောင်း ရန်းနက်စ်မှာကတည်းက စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။ ဒီနွေမှာလည်း ရာဖင်ညာကို ခေါ်ယူဖို့ […]

ယူနိုက်တက်က စိတ်ဝင်စားလို့ ဝမ်းသာဂုဏ်ယူမိတယ်လို့ ဒီယွန်း ဝန်ခံ

June 15, 2022 authorphyo 0

ဝေးလ်ကို ၃-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ နေးရှင်းလိဂ်ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ နယ်သာလန်ကွင်းလယ်လူ ဖရန်ကီဒီယွန်းက ယူနိုက်တက်အသင်းရဲ့ စိတ်ဝင်စားမှုကြောင့် မိမိအနေနဲ့ ဝမ်းသာဂုဏ်ယူမိတယ်လို့ ဝန်ခံပါတယ်။ ယူနိုက်တက်နည်းပြသစ် တန်ဟတ်ဟာ ဘာစီလိုနာကြယ်ပွင့် ဒီယွန်းကို အသင်းရဲ့အဓိကပစ်မှတ်အဖြစ် ခေါ်ယူဖို့ ကြိုးစားနေပြီး အေဂျက်စ်မှာ တာဝန်ယူခဲ့စဉ်က ဒီယွန်းဟာ တန်ဟတ်ရဲ့ အဓိကကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်အသင်း […]

အီတလီနဲ့ပွဲမှ ဂျာမနီဂိုးသမား နူအာရဲ့ အမေးဇင်းကာကွယ်မှု

June 15, 2022 authorphyo 0

ဂျာမနီအသင်းဂိုးသမား နူအာဟာ ယမန်နေ့ညက အီတလီကို ၅-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့နေးရှင်းလိဂ်ပွဲမှာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း သူ့ရဲ့အကြီးကျယ်ဆုံး ကာကွယ်မှုအဖြစ် ဂိုးဝင်တော့မယ်လို့ သေချာပေါက်တွေးထားလို့ရတဲ့အလုံးကို အလန်းစားမြန်နှုန်းနဲ့ ကာကွယ်သွားပါတယ်။ ဂျာမနီဟာ မိုချင်ဂလာဘတ်မှာ ယူရိုချန်ပီယံကို ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပြီး ကင်မစ်ရှ်၊ ဂန်ဒိုဂန်၊ မူလာနဲ့ ဗာနာ(၂ဂိုး)တို့က ဂိုးတွေသွင်းယူခဲ့တာပါ။ ဂျာမနီဟာ […]

ရော်နယ်ဒိုအပေါ် မာဆယ်လိုရဲ့ယုံကြည်မှုက ရူးလောက်ပါရဲ့

June 14, 2022 authorphyo 0

ဒီရက်ပိုင်း လူမှုမီဒီယာမှာ ဗီဒီယိုဖိုင်တစ်ခု အွန်လိုင်းမှာ အတော်လေးနာမည်ကြီးနေပါတယ်။ အားကစားနဲ့ဆိုင်တာပါပဲ။ ရီးရဲလ်အသင်းမှာ မာဆယ်လိုနဲ့ ရော်နယ်ဒိုတို့ အတူတူတွဲကစားခဲ့ချိန်တုန်းက ရော်နယ်ဒိုအပေါ် မာဆယ်လို ဘယ်လောက်ယုံကြည်ခဲ့လဲဆိုတာ သက်သေပြသနေတဲ့ ဗီဒီယိုဖိုင်ဖြစ်ပြီး ရော်နယ်ဒို ဂိုးမသွင်းသေးခင်မှာပဲ မာဆယ်လိုက လက်မြှောက် အောင်ပွဲခံနေတာတွေကို စုစည်းဖော်ပြထားတာဖြစ်ပါတယ်။ ရီးရဲလ်ဂန္ထဝင်ဘယ်နောက်ခံလူ မာဆယ်လိုက အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် […]

ဖခင်ဖြစ်သူရဲ့မှတ်ချက်ကြောင့် စပါးနဲ့ အနာဂတ် မသေမချာဖြစ်လာတဲ့ ဆွန်ဟောင်မင်

June 14, 2022 authorphyo 0

ဆွန်ဟောင်မင်အနေနဲ့ ကမ္ဘာ့အဆင့်မီ ကစားသမားတစ်ဦးဖြစ်လာရေးအတွက် ကမ္ဘာ့ထိပ်တန်းကလပ်အသင်းတစ်သင်းထံ ပြောင်းရွှေ့သင့်တယ်လို့ ဖခင်ဖြစ်သူက တိုက်တွန်းလိုက်ရာ စပါးမှာရှိတဲ့ သူ့ရဲ့အနာဂတ်က မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ရာသီက စပါးအသင်းနဲ့အတူ အထူးခြေစွမ်းပြနိုင်ခဲ့တဲ့ ဆွန်ဟောင်မင်ကို ့ပရိသတ်အများစုက ကမ္ဘာ့အဆင့်မီ ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ထားပြီးဖြစ်ကာ အသက် ၂၉ နှစ်အရွယ်ရှိ တောင်ကိုရီးယားလက်ရွေးစင်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ၂၃ဂိုးသွင်းယူကာ […]

ပေါက်ကြားလာတဲ့အဖွင့်ပွဲမှာ ယူနိုက်တက်၊ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ အဝေးကွင်းမှာ ပွဲကျပ်နေ

June 14, 2022 authorphyo 0

ကြာသပတေးနေ့မှာ ထုတ်ပြန်ကြေညာမယ့် ၂၀၂၂-၂၃ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်ဇယား မထွက်ပေါ်လာခင် အွန်လိုင်းမှာ ကြိုတင် ပေါက်ကြားလာပြီး အဲဒီအတိုင်းဆိုရင် အဖွင့်ပွဲမှာ ယူနိုက်တက်၊ အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းတို့ ပွဲကျပ်တွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ တွစ်တာမှာ ရာသီအဖွင့် ပွဲစဉ် ၈အထိ ရေးဆွဲထားတဲ့ ဓာတ်ပုံတစ်ပုံ လူပြောများနေပြီး ရာသီအဖွင့်ကို သြဂုတ်လ […]

ဟာလန်းအပြောင်းအရွှေ့နဲ့အတူ မန်စီးတီးရဲ့ရာသီသစ် လိဂ်ပွဲဦးထွက်ပွဲလည်း ပေါက်ကြားလာ

June 13, 2022 authorphyo 0

မန်စီးတီးအသင်းက တိုက်စစ်မှူးဟာလန်းကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် တရားဝင်တွစ်တာစာမျက်နှာကနေ မန်စီးတီးရဲ့ ၂၀၂၂-၂၃ ရာသီ ပရီးမီးယားလိဂ် ပွဲဦးထွက်ပွဲကို မထင်မှတ်ဘဲ ဖော်ပြလိုက်သလိုဖြစ်သွားပါတယ်။ မန်စီးတီးဟာ ဟာလန်းကို ခေါ်ယူဖို့ လွန်ခဲ့တဲ့လက ဒေါ့မွန်နဲ့ သဘောတူညီခဲ့ပြီးနောက် အခုကျမှ တရားဝင်ကြေညာနိုင်ခဲ့တာဖြစ်ပြီး သတင်းတွေရဲ့ဖော်ပြချက်အရ ပြောင်းရွှေ့ကြေး ပေါင် […]