
ယူနိုက်တက်လိုအပ်နေတဲ့ ဟာကွက်တစ်ခုကို ဂန္တဝင်နည်းပြကြီး ဖာဂူဆန် ထောက်ပြလိုက်
ကာရာဘောင်းဖလားဆွတ်ခူးခြင်းနဲ့အတူလမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပေမယ့် ယူနိုက်တက်အသင်းမှာ လိုအပ်ချက်တစ်ခု ရှိနေတယ်လို့ ဂန္တဝင်နည်းပြကြီး ဖာဂူဆန်ကထောက်ပြလိုက်ပါတယ်။ နောက်ပိုင်းပွဲစဉ်တွေမှာ ရက်ရှ်ဖို့ဒ်က သရဲနီတွေအတွက်လိုအပ်တဲ့ သွင်းဂိုးတွေကို တာဝန်ယူပေးနေပေမယ့် ဒီအနေအထားကို စကော့တလန်သားကြီးက သဘောမကျတာပဲဖြစ်တယ်။ ဖာဂူဆန်ဟာ ယူနိုက်တက်နည်းပြဘဝမှာ ပရီးမီးယားလိဂ်ချန်ပီယံဆု ၁၃ ကြိမ်အပါအဝင် အခမ်းနားဆုံးအောင်မြင်မှုတွေကိုရယူခဲ့သူဖြစ်ပြီး လက်ရှိ ယူနိုက်တက်အသင်းရဲ့ ဟာကွက်တစ်ခုရှိနေတယ်လို့ ပြောဆိုလိုက်တာဖြစ်တယ်။ […]