ဂျပန်ရဲ့သွင်းဂိုးက လမ်းပတ်ရဲ့အငြင်းပယ်ခံတစ္ဆေဂိုးအတွက် အတုံ့အလှည့်အနေနဲ့ ဂျာမနီအသင်းခံစားလိုက်ရတာဖြစ်တယ်လို့ ပရိသတ်တွေ ယုံကြည်

December 2, 2022 Aung Thu 0

ဂျပန်အသင်းဟာအုပ်စုနောက်ဆုံးပွဲစဉ်မှာ စပိန်ကိုအနိုင်ရခဲ့တာကြောင့် အုပ်စုတွင်းအင်အားကြီးဖြစ်တဲ့ ဂျာမနီတွေ အိမ်ပြန်ခဲ့ရပါတယ်။ ဂျာမနီဟာ တစ်ဖက်မှာကော်စတာရီကာကို ၄-၂ ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပြီး စပိန်နဲ့ ဂျပန်ပွဲမှာ အာရှသားတွေအနိုင်မရဘူးဆိုရင် ဂျာမန်တွေ ၁၆ သင်းအဆင့်တက်နိုင်ဦးမှာပါ။ ဒါပေမဲ့ ဂျာမနီတွေရဲ့မျှော်လင့်ချက်ပြိုလဲခဲ့ရသလို စပိန်ဘက်ကို ဂျပန်သွင်းယူသွားတဲ့အနိုင်ဂိုးကိုကြည့်မယ်ဆိုရင် ကံကြမ္မာက ဟန်စီဖလစ်ခ်အသင်းကိုမျက်နှာသာမပေးခဲ့ဘူးဆိုတာထင်ရှားပါတယ်။ ပရိသတ်တွေကတော့ ဂျပန်ရရှိခဲ့တဲ့သွင်းဂိုးဟာ ၂၀၁၀ ကမ္ဘာ့ဖလားမှာ […]

စပိန်အလှပဂေးတွေရဲ့ အသည်းကျော်ဂါဗီက ဘောလုံးကန်ဖိနပ်တောင်ကြိုးမချည်တတ်သေးဘူး

December 2, 2022 Aung Thu 0

စပိန်ကြယ်ပွင့်ဂါဗီကတော့ ဆယ်ကျော်သက်အမျိုးသမီးငယ်လေးတွေကြားမှာ ရေပန်းစားတဲ့ကိုကို ဖြစ်နေပါတယ်။ ဘလွန်းဒီအော်ဆုပေးပွဲမှာ Kopa Trophy ရရှိထားတဲ့ ဂါဗီဟာ လွန်ခဲ့တဲ့တစ်နှစ်လောက်က ဘာစီလိုနာနဲ့ စာချုပ်သစ်ချုပ်ဆိုပွဲမှာ သူ့ဆီကို ခပ်ဖြောင့်ဖြောင့် ကောင်မလေးတစ်ယောက်ရောက်လာပြီး စက္ကူလေးတစ်ရွက်ပေးကာ ဖုန်းနံပါတ်တောင်းဆိုနေတဲ့ ဗီဒီယိုကလူမှုကွန်ယက်မှာ ဗိုင်းရပ်စ်လိုပျံ့နှံ့ခဲ့ဖူးပါတယ်။ ခက်တာကတော့ ဂါဗီဟာ ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်ဖြစ်လာတဲ့အချိန်အထိ သူ့ဘောလုံးကန်ဖိနပ်ကိုကြိုးမထိုးတတ်သေးတာပါပဲ။ ကွင်းထဲမှာကစားနေရင်း သူ့ဖိနပ်တွေကြိုးပြေလာချိန်မှာ […]

အကုန်လုံးက ကျွန်တော်တို့ အမှားကြောင့်ပါဆိုတဲ့ ဟန်ဆီဖလစ်

December 2, 2022 Aung Thu 0

ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု အဆင့်ကနေပြီး ထွက်ခဲ့ရတာနဲ့ ပတ်သက်ပြီး ဂျာမနီ အသင်းအနေနဲ့ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်ရမှာဖြစ်တယ်လို့ နည်းပြ ဟန်ဆီဖလစ်က ပြောဆိုလိုက်ပြီး အိပ်မက်ဆိုးကနေ မကြာခင်အချိန်အတွင်း မှာ ရုန်းထနိုင်ဖို့ ယုံကြည်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။ ကော်စတာရီကာ နဲ့ ကစားခဲ့တဲ့ အုပ်စု နောက်ဆုံးပွဲစဉ်မှာ ၄-၂ ဆိုတဲ့ […]

လေ့ကျင့်ရေးပျက်ကွက်ခဲ့တဲ့ ရော်နယ်ဒို တောင်ကိုရီးယားနဲ့ပွဲစဉ်ပါဝင်ကစားဖို့ ၅၀/၅၀ အခြေအနေမှာသာရှိနေ

December 2, 2022 Aung Thu 0

ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့အသင်းလိုက်လေ့ကျင့်ရေးပျက်ကွက်ခဲ့ပြီးနောက် တောင်ကိုရီးယားနဲ့ရင်ဆိုင်ရမယ့် အုပ်စုအပိတ်ပွဲစဉ်ကိုလွဲချော်ဖို့ရှိနေပါတယ်။ ရော်နယ်ဒို အားကစားခန်းမထဲမှာ တစ်ဦးတည်း လေ့ကျင့်ခန်းတွေပြုလုပ်နေခဲ့တဲ့ကိစ္စရပ်ဟာ မီဒီယာတွေရဲ့အာရုံစိုက်ခြင်းခံလိုက်ရပြီး နည်းပြဖာနန်ဒိုဆန်းတို့စ်ကို မေးမြန်းမှုတွေပြုလုပ်ခဲ့ကြပါတယ်။ ဒီအချိန်မှာတော့ ဆန်းတို့စ်ဘက်ကအခြေအနေမှန်ကိုပြောပြခဲ့ပြီး တောင်ကိုရီးယားနဲ့ပွဲစဉ်မှာ ပါဝင်နိုင်ရေးကတော့ ၅၀/၅၀ ပဲလို့ ဝန်ခံလိုက်ပါတယ်။ “စောင့်ကြည့်ကြတာပေါ့။ ပုံမှန်ဆိုရင်တော့ လေ့ကျင့်ရေးတွေပြုလုပ်တော့မှာပါ။ ဒီလိုအနေအထားက (ဂိမ်းအတွက်အံဝင်ခွင်ကျဖြစ်နိုင်ခြေ) ၅၀/၅၀ […]

မန်ယူနည်းပြအဖြစ်တာဝန်ယူခဲ့စဉ်က အုပ်ချုပ်မှုအဆင့်ကိုခွဲခြမ်းစိတ်ဖြာတဲ့အနေနဲ့ ၁၆၈ ပွဲစလုံးကို ဆိုးလ်ရှားပြန်လည်ကြည့်ရှုခဲ့

December 2, 2022 Aung Thu 0

မန်ယူကစားသမားဘဝမှာ သရဲနီတွေအတွက် ၁၂၆ဂိုး သွင်းပေးခဲ့တဲ့ ဆိုးလ်ရှားဟာ မော်ရင်ဟိုထုတ်ပယ်ခံရပြီးနောက် အိုးလ်ထရက်ဖို့ဒ်ကိုယာယီနည်းပြအဖြစ်စတင်ရောက်ရှိခဲ့သူဖြစ်တယ်။ နောက်ပိုင်းမှာတော့ အစွမ်းအစကောင်းတစ်ချို့ပြသနိုင်တဲ့ နော်ဝေသားဟာ မန်ယူရဲ့အမြဲတမ်းနည်းပြအဖြစ်ခန့်အပ်ခံခဲ့ရတာပါ။ ဆိုးလ်ရှားလက်ထက် ၁၆၈ ပွဲမှာ မန်ယူက ၉၁ပွဲနိုင်၊ ၃၇ပွဲ သရေ၊ ပွဲ ၄၀ရှုံးရလဒ်ထွက်ပေါ်ခဲ့ပြီး အနိုင်ရရှိမှု ၅၄ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁ […]

ဘယ်နောက်ခံနေရာမှာတစ်ခါမှမကစားဖူးပေမဲ့ စံချိန်ချိုးတဲ့အထိ ခြေစွမ်းပြခဲ့တဲ့ ကာမာဗင်ဂါ

December 1, 2022 Aung Thu 0

တူနီးရှားကိုရှုံးနိမ့်တဲ့ပွဲမှာတော့ ပြင်သစ်ကွင်းလယ်လူကာမာဗင်ဂါဟာ ကစားသမားဘဝတစ်လျှောက်လုံးဝမကစားခဲ့ဘူးတဲ့ ဘယ်နောက်ခံနေရာမှာပါဝင်သွားခဲ့ပါတယ်။ ဒါပေမဲ့ ရီးရဲလ်ကစားသမားကလျှော့တွက်လို့မရတဲ့ ခြေစွမ်းမျိုးပြသခဲ့တာပါ။ နည်းပြဒက်ချမ့်စ်ဟာ အုပ်စုအဖွင့် ၂ပွဲအပြီးမှာ ၁၆ သင်းအဆင့်တက်ရောက်ဖို့သေချာသွားပြီဖြစ်တာကြောင့် တူနီးရှားနဲ့ပွဲစဉ်မှာ ပွဲထွက်လူစာရင်းကို ၉ဦး အထိအပြောင်းအလဲလုပ်ခဲ့ပါတယ်။ ကာမာဗင်ဂါကတော့ သီယိုဟာနန်ဒက်ဇ်ရဲ့ ဘယ်နောက်ခံနေရာမှာ ပါဝင်ကစားသွားခဲ့ရတာဖြစ်တယ်။ ပရော်ဖက်ရှင်ပွဲပေါင်း ၁၄၀ ကစားထားရာမှာ ကွင်းလယ်ကစားသမားအဖြစ်သာပါဝင်ခဲ့တဲ့ ကာမာဗင်ဂါအတွက်တော့ […]

ကွင်းထဲမှာအရှိန်တက်ခဲ့တဲ့ကိစ္စကို ပွဲအပြီးမှာ မက်ဆီနဲ့ လီဝန်ဒေါစကီး အမြန်ဖြေရှင်းနိုင်ခဲ့

December 1, 2022 Aung Thu 0

အာဂျင်တီးနား ၂-၀ ပိုလန်ပွဲစဉ်ရဲ့နာကျင်အချိန်ပိုမိနစ်မှာတော့ လီဝန်ဒေါစကီးက မက်ဆီရဲ့ဘောလုံးကိုရဖို့အတွက် ဥပဒေပြင်ပဆွဲရမ်းပြီးလုယူခဲ့တဲ့နောက် အာဂျင်တီးနားကြယ်ပွင့်က အတော်လေးစိတ်ပျက်ခဲ့ပြီး ပိုလန်သားရဲ့လက်ဆွဲနှုတ်ဆက်မှုကိုငြင်းဆန်ခဲ့ပါတယ်။ ဒီအနေအထားမှာ သူ့ကိုလိုက်ဆွဲခဲ့တဲ့ လီဝန်ဒေါစကီးကို မက်ဆီကအလွန်တင်းခဲ့ဟန်ရှိပေမဲ့ ပွဲသိမ်းခရာမှုတ်ချိန်မှာတော့ GOAT ကြီးက ဘာစီလိုနာတိုက်စစ်မှူးအနားကိုကပ်ပြီးတီးတိုးပြောနေခဲ့တာတွေ့ရပါတယ်။ တကယ်တမ်းပြန်ကြည့်ရင်တော့ လီဝန်ဒေါစကီးဘက်က ပွဲအရှိန်ကိုချပစ်ဖို့အတွက် မက်ဆီကိုစိတ်ပျက်လောက်စရာတုံ့ပြန်ခဲ့တာဖြစ်ပြီး ပွဲအပြီးမှာတော့ တစ်ဖက်က မက္ကဆီကိုဟာ ၂-၀ […]

ဘရာဇီးမှာ နေမာ ပြန်ပြီး ဝင်ကစားဖို့ အခြေအနေ မပေးတော့ဘူးလား

December 1, 2022 Aung Thu 0

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ခြေချင်းဝတ် ဒဏ်ရာ ရသွားခဲ့တဲ့ တိုက်စစ်မှူး နေမာဟာ ဘရာဇီးအသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်မှာလည်း ပြန်ပြီး ဝင်ကစားပေးဖို့ မသေချာတဲ့ အနေအထားရှိနေတယ်လို့ သတင်းထွက် လာပါတယ်။ ဆားဘီးယားကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ နေ မာဟာ ပြိုင်ဘက်နောက်ခံလူ […]

အာဂျင်တီးနားရဲ့ ချန်ပီယံအလားအလာအတွက် လေသံပျော့နေတဲ့ နည်းပြ စကာလိုနီ

December 1, 2022 Aung Thu 0

ပိုလန်ကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်ပြီးတဲ့နောက်မှာ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပေမဲ့ အာဂျင်တီးနားဟာ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရနိုင်လောက်တဲ့ အဆင့်မျိုး မရှိဘူးလို့ နည်းပြ စကာလိုနီက ဝန်ခံပြောဆိုခဲ့ပါ တယ်။ ပိုလန်ကို အနိုင်ရတဲ့ ပွဲစဉ်ပြီးတဲ့နောက်မှာ အုပ်စု (C) ရဲ့ ပထမနေရာ […]

ကိုယ့်ရှေ့မှာလာပိတ်နေတဲ့ ကောင်တွေ အကုန်ကြိတ်ရမှာပဲဆိုတဲ့ နည်းပြ အင်းနရစ်

December 1, 2022 Aung Thu 0

ကမ္ဘာ့ဖလားချန်ပီယံဆုကိုရဖို့နဲ့ စပိန်အသင်းရဲ့ သမိုင်းစာအုပ်ထဲမှာ မှတ်တမ်း သစ်တစ်ခု ရေးထိုးဖို့အတွက်ဆိုရင် ကိုယ့်ရှေ့မှာလာပြီး အတားအဆီးလုပ်နေတဲ့ အသင်းတွေအကုန်လုံးကို ကျော်ဖြတ်သွားရမှာ ဖြစ်တယ်လို့ စပိန် နည်းပြ လူးဝစ်အင်းနရစ်က ပြောဆိုလိုက်ပါတယ်။ စပိန်ဟာ အခုညမှာ ဂျပန် နဲ့ အဆုံးအဖြတ်ပွဲစဉ် ကစားရတော့မှာ ဖြစ်ပြီး နောက်တစ်ဆင့် တက်ဖို့အတွက်ဆိုရင် ဒီပွဲမှာ […]