ကိုဗစ်ရောဂါကူးစက်ခံခဲ့ရတဲ့ စကော့တလန်ကွင်းလယ်လူဂီလ်မောကြောင့် စကော့တလန်အသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့

June 21, 2021 author one 0

စကော့တလန်အသင်းလူငယ်ကွင်းလယ်လူ ဘီလီဂီလ်မောဟာ ကိုဗစ်ရောဂါကူးစက်ခံထားရတာကြောင့် ယူရိုပြိုင်ပွဲအုပ်စုအဆင့်ကတက်ဖို့ ပစ်မှတ်ထားနေတဲ့ စကော့တလန်အသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့ရပါတယ်။ အသက်(၂၀)နှစ်အရွယ်သာရှိသေးတဲ့ ဂီလ်မောဟာ အင်္ဂလန်နဲ့ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး အဲဒီပွဲရဲ့အကောင်းဆုံးကစားသမား(Man Of The Match)ဆုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ စကော့တလန်အသင်းဟာ အုပ်စုပွဲစဉ်နှစ်ပွဲကစားပြီးချိန်မှာ တစ်မှတ်သာရရှိထားတာကြောင့် အကောင်းဆုံးတတိယနေရာမျှော်လင့်ချက်အတွက် ခရိုအေရှားနဲ့ အဆုံးအဖြတ်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားရမှာပါ။ ဒါပေမဲ့ အခုအချိန်မှာတော့ သူတို့ရဲ့လူငယ်ကြယ်ပွင့်ကွင်းလယ်လူ […]

ဘာရယ်လာနဲ့ လိုကာတယ်လီ အစလွန်တာကနေ ကံကောင်းလို့ ထမသတ်ခဲ့ကြတဲ့

June 21, 2021 author one 0

အီတလီနဲ့ဝေးလ်စ်တို့ရဲ့ ယူရိုအုပ်စုနောက်ဆုံးပွဲကို ရုပ်သံကနေကြည့်ရှုခဲ့ကြတဲ့ပရိသတ်တွေဟာ အီတလီကစားသမားနှစ်ဦးဖြစ်တဲ့ ဘာရယ်လာနဲ့လိုကာတယ်လီတို့ရဲ့ အဖြစ်အပျက်ကို တော်တော်လေးနှစ်သက်သဘောကျနေကြပါတယ်။ ဖြစ်ပုံကတော့ အရန်ခုံတန်းမှာ ဘာရယ်လာက လိုကာတယ်လီကို ပတ်တီးလိပ်နဲ့ပစ်ပေါက်စနောက်ခဲ့ပြီး လိုကာတယ်လီက မကျေနပ်တဲ့ပုံနဲ့ အဲဒီပတ်တီးလိပ်ကို ပြန်ပစ်ပေါက်ခဲ့တာပါ။ ဘာရယ်လာက စပ်ဖြီးဖြီးနဲ့ နောက်ပြောင်ခဲ့တာဖြစ်ပေမယ့် လိုကာတယ်လီမျက်နှာက တကယ်ဒေါသထွက်နေတဲ့ပုံပေါ်တာကြောင့် ဒီနှစ်ယောက် ထမသတ်ခဲ့တာ တော်သေးတယ်လို့ပဲပြောရမယ်။ အီတလီအသင်းဟာ […]

ဝေးလ်စ်နဲ့ပွဲမှာ ဂိုးသမားဒွန်နာရမ်မာနဲ့ ဆီရီဂူကို လူစားလဲပြီး စတန့်ထွင်ခဲ့တဲ့ မန်စီနီ

June 21, 2021 author one 0

ယူရို-၂၀၂၀ အုပ်စု(A)နောက်ဆုံးပွဲအဖြစ် အီတလီနဲ့ဝေးလ်စ်တို့ယှဉ်ပြိုင်ကစားခဲ့ကြပြီး အိမ်ရှင်လည်းဖြစ်၊ ခြေစွမ်းလည်းကောင်းနေတဲ့ အီတလီအသင်းကပဲ (၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့တယ်။ ဒီပွဲမှာ ထူးထူးခြားခြားဖြစ်ခဲ့တာက အနီကတ်နဲ့အထုတ်ခံခဲ့ရတဲ့ ဝေးလ်စ်ကွင်းလယ်လူ အမ်ပါဒူ(၂၀နှစ်၊ ၂၇၉ရက်)ဟာ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အနီကတ်ပြသခံခဲ့ရတဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သလို နောက်ထပ်ထူးခြားတာက အီတလီအသင်းနည်းပြမန်စီနီဟာ ပွဲပြီးခါနီးမှာ ဘာမဆိုင်ညာမဆိုင်နဲ့ ဂိုးသမားဒွန်နာရမ်မာအစား အရန်ဂိုးသမားဆီရီဂူကို ရုတ်တရက်လူစားလဲခဲ့တာပါပဲ။ ဒွန်နာရမ်မာ […]

အင်္ဂလန်အသင်းက ရက်ဖို့ဒ်ကို ပွဲထွက်ကစားသမားအနေနဲ့ အသုံးပြုသင့်တာလဲ ?

June 21, 2021 author one 0

စကော့တလန်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့ပြီးနောက် ဂါရတ် ဆောက်ဂိတ်ရဲ့ အသင်းက အုပ်စုပထမနေရာအတွက် ချက် ရီပက်ဘလစ်ကို အနိုင်ကစားဖို့ လိုအပ်နေပါတယ်။ အင်္ဂလန်က အုပ်စုပွဲစဉ် ( ၂ ) ခုမှာ သွင်းဂိုးတစ်ဂိုးသာ ရယူနိုင်ခဲ့ပြီး စိတ်ပျက်စရာ တိုက်စစ်စွမ်းဆောင်ရည်ကို ပိုင်ဆိုင်ထားပါတယ်။ မန်နေဂျာအနေနဲ့ တိုက်စစ်ကစားသမားတွေရဲ စွမ်းဆောင်ရည်ကို ပြန်လည်ဆန်းစစ်ဖို့ […]

စံချိန်မှတ်တမ်းကောင်းတွေရရှိခဲ့တဲ့ အီတလီနဲ့အတူ ဝေးလ်စ် ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်

June 21, 2021 author one 0

ယူရိုပြိုင်ပွဲ အုပ်စု(A)ပွဲစဉ်တွေဖြစ်တဲ့ အီတလီနဲ့ဝေးလ်စ်အသင်းတို့ရဲ့ပွဲမှာ အီတလီအသင်းက (၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့သလို တခြားပွဲစဉ်တစ်ပွဲမှာတော့ ဆွစ်ဇာလန်က တူရကီအသင်းကို (၃-၁)ဂိုးနဲ့အနိုင်ယူခဲ့ပါတယ်။ အီတလီအသင်းဟာ ဒီပွဲမတိုင်ခင်ကတည်းက အုပ်စုကနေတက်သွားပြီဖြစ်တာကြောင့် နည်းပြမန်စီနီဟာ ပွဲထွက်ကစားသမားအပြောင်းအလဲ (၈)ဦးအထိပြုလုပ်ခဲ့ပြီး ဒါဟာ အီတလီအသင်းသမိုင်းတစ်လျှောက် အဓိကနိုင်ငံတကာပြိုင်ပွဲကြီးတစ်ခုမှာ ကစားသမားအပြောင်းအလဲအများဆုံးလုပ်ခဲ့တာပါပဲ။ ပွဲထွက်ကစားသမားအပြောင်းအလဲ အများကြီးလုပ်ခဲ့ပေမယ့် အီတလီအသင်းရဲ့ခြေစွမ်းက ပုံမပျက်သွားဘဲ နိုင်ပွဲဆက်စံချိန်ရရှိရေးအတွက် အာရုံစိုက်ကစားခဲ့ပြီး […]

ယူရိုမှာ ဆန်ချိုကို ဘာကြောင့်မသုံးလဲဆိုတာ ဆောက်ဂိတ် ဆင်ခြေပေး

June 21, 2021 author one 0

ယူနိုက်တက် ရဲ့ ထိပ်တန်းပစ်မှတ် ဆန်ချို ဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ သူ့ရဲ့ နိုင်ငံ အသင်း ဖြစ်တဲ့ အင်္ဂလန် အတွက် တစ်ပွဲမှ ပါဝင် ကစားရခြင်း မရှိသေးပါဘူး ။ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က အင်္ဂလန်ရဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ […]

အကောင်းဆုံး ကစားသမားဆုကို လူငယ်ကစားသမား ဘီလီဂေးလ်မားက ရရှိ

June 20, 2021 author one 0

အင်္ဂလန်နဲ့ စကော့တလန်အသင်းတို့ရဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်မှာ အကောင်းဆုံး ကစားသမားဆု ကို အသက်(၂၀)အရွယ် လူငယ်ကစားသမား ဘီလီဂေးလ်မားက ရရှိသွားပါတယ်။ စကော့တလန်အသင်းအတွက် ပထမဆုံး ပွဲထွက်ခွင့်ရခဲ့တဲ့နေ့မှာပဲ ဂေးလ်မားဟာ အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်တွေပြသသွားတာပါ။ အင်္ဂလန်အသင်းနဲ့ ကစားခဲ့ရတဲ့ ပွဲစဉ်မှာ ဂေးလ်မားဟာ မက်ဂရီဂေါ် ၊ မက်ကင်း စတဲ့ ကစားသမားနှစ်ဦးနဲ့ […]

ရော်နယ်ဒို လက်စားချေခံရခြင်း…

June 20, 2021 author one 0

ဂျာမနီအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ ပေါ်တူဂီအသင်းက (၄-၂)ရလဒ်နဲ့ အရေးနိမ့်ခဲ့ပေမယ့် ရော်နယ်ဒိုရဲ့ ပရိသတ်တွေအတွက်ကတော့ ကွင်းထဲက သူတို့idol ရဲ့ စွမ်းဆောင်ရည်တွေကြောင့် မျက်နှာမငယ်ခဲ့ရပါဘူး။ မနေ့ကပွဲမှာ ရော်နယ်ဒိုဟာ အံသြစရာကောင်းတဲ့ အမြန်နှုန်းနဲ့ ဂိုးသွင်းပြခဲ့သလို၊ ဂိုးဖန်တီးမှုတစ်ကြိမ်ကိုလည်း ပြုလုပ်ပေးခဲ့ပါတယ်။ ဒါ့အပြင် သူ့ဆီကို အဖျက်ကြမ်းကြမ်းနဲ့ ဝင်လာတဲ့ ရူဒီဂါကိုလည်း လှပတဲ့ ပညာပြမှုတွေနဲ့ […]

ဂိုဆင်ဟာတစ်ချိန်တုန်းကသူ့ကိုအင်္ကျီလဲလှယ်ဖို့ငြင်းဆိုခဲ့ဖူးတဲ့ ရော်နယ်ဒိုအား တစစီဖြစ်အောင်ကလဲ့စားချေနိုင်ခဲ့

June 20, 2021 author one 0

ပေါ်တူဂီကို အနိုင်ရရှိခဲ့တဲ့ ဂျာမနီရဲ့ အဖိုးတန်နိုင်ပွဲမှာ ခြေစွမ်းပြခဲ့သူကတော့ အသက် ၂၆ နှစ်အရွယ် ဂိုဆန်ဖြစ်ပါတယ်။ ဂိုဆင်ဟာတစ်ချိန်တုန်းကသူ့ကိုအင်္ကျီလဲလှယ်ဖို့ငြင်းဆိုခဲ့ဖူးတဲ့ ရော်နယ်ဒိုအား တစစီဖြစ်အောင်ကလဲ့စားချေနိုင်လိုက်ပြီဖြစ်ပါတယ်။ အတ္တလန္တာအသင်းရဲ့ ကွင်းလယ်လူဟာ ဂျိုအာချင်လိုရဲ့ အသင်းအတွက်တော့ မျက်နှာသစ်ကစားသမားဖြစ်ပြီး အဲဒီကစားသမားကို ပရိသတ်တွေ သိရှိမှုက နည်းပါးနေခဲ့ပါတယ်။ ပြင်သစ်နဲ့ပွဲမှာလည်း အသင်းရှုံးနိမ့်ခဲ့လို့ နာမည်မထွက်ခဲ့ပေမယ့် ပေါ်တူဂီနဲ့ပွဲမှာတော့ […]

၃နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ အပြုအမူဟာ တကယ်ကို ချစ်စရာကောင်းပြီး OG ကြောင့် ကြေကွဲနေရတဲ့ ဟမ်မဲလ်

June 20, 2021 author one 0

ယူရိုပြိုင်ပွဲရဲ့ မရဏအုပ်စုမှာ ပါဝင်နေတဲ့ ဂျာမနီဟာ အုပ်စုအဖွင့်ပွဲမှာ ကမ္ဘာ့ချန်ပီယံ ပြင်သစ်ကို တစ်ဂိုးတည်းနဲ့ ကပ်ရှုံးသွားခဲ့ပါတယ်။ ဂျာမနီအသင်း ရှုံးသွားရတဲ့ ဂိုးကလည်း ပြိုင်ဘက်အသင်းက သွင်းယူခဲ့တာမျိုးမဟုတ်ဘဲ ပြိုင်ဘက်အသင်းက သွင်းတာမဟုတ်ဘဲ ကိုယ့်ဂိုးကိုယ်သွင်းမိလို့ ရှုံးသွားခဲ့ရတာပါ။ ဒါဟာ ဂျာမနီအသင်းပရီသတ်တွေအတွက် အတော်လေး ခံစားရခက်မှာပါ။ OG သွင်းမိတဲ့ နောက်ခံလူ […]