ရက်ပိုင်းအတွင်းမှာပဲ အကောင်းနဲ့အဆိုးကို ခံစားလိုက်ရတဲ့ ဘရန့်ဖို့ဒ်နည်းပြ

January 23, 2022 Author One 0

ဘရန့်ဖို့ဒ်အသင်းနည်းပြသောမတ်စ်ဖရန့်ခ်ကတော့ အခုရက်ပိုင်းအတွင်းမှာပဲ အကောင်းနဲ့အဆိုးကို ခံစားလိုက်ရပြီး အသင်းနဲ့စာချုပ်သက်တမ်းတိုးပြီး ရက်ပိုင်းအကြာမှာပဲ ဝုလ်ဗ်နဲ့ကစားခဲ့တဲ့ပွဲမှာ အနီကတ်ပြအထုတ်ခံခဲ့ရပါတယ်။ သောမတ်စ်ဖရန့်ခ်ဟာ ဘရန့်ဖို့ဒ်အသင်းအတွက် အကြီးမားဆုံးအောင်မြင်မှုအဖြစ် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ပရီးမီးယားလိဂ်တန်းတက်ခွင့်ရအောင် စွမ်းဆောင်ခဲ့ပြီး ဒီရာသီပရီးမီးယားလိဂ်အိမ်ကွင်းမှာ ထိပ်သီးအသင်းတွေနဲ့ဆုံတွေ့ရင် အတိုင်းအတာတစ်ခုအထိ ဒုက္ခပေးနိုင်ခဲ့ပါတယ်။ သောမတ်စ်ဖရန့်ခ်ရဲ့ လက်ရှိစာချုပ်သက်တမ်းက ၂၀၂၃ ခုနှစ်ကျရင် ကုန်ဆုံးမှာဖြစ်တဲ့အတွက် အသင်းတာဝန်ရှိသူတွေက သောမတ်စ်ဖရန့်ခ်ကို […]

ယူနိုက်တက်အသင်း ဟာလန်းကိုခေါ်ယူဖို့ လက်လျှော့လိုက်ပြီ

January 23, 2022 Author One 0

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒေ့ါမွန်အသင်းနာမည်ကျော်တိုက်စစ်မှူးဟာလန်းကိုခေါ်ယူဖို့ ကြိုးပမ်းနေမှုအပေါ် လက်လျှော့လိုက်ပြီဖြစ်တယ်လို့ သတင်းထွက်နေပါတယ်။ နော်ဝေလူငယ်တိုက်စစ်မှူးဟာလန်းရဲ့ စာချုပ်လျော်ကြေးက လာမယ့်နွေရာသီအပြောင်းအရွှေ့ကျရင် ပေါင်(၆၄)သန်းသာရှိတော့မှာဖြစ်လို့ ဥရောပထိပ်သီးကလပ်တွေက ဟာလန်းကို အပြိုင်အဆိုင်ခေါ်ယူဖို့ပြင်ဆင်နေကြပြီး ဟာလန်းအနေနဲ့ ရာသီကုန်ကျရင် ဒေ့ါမွန်အသင်းကနေ ထွက်ခွာမယ့်အရိပ်အယောင်ရှိနေပါတယ်။ ဒေ့ါမွန်ကစားသမားဘဝ (၂)နှစ်တာကာလအတွင်း (၇၈)ပွဲကစား၊ (၇၉)ဂိုးသွင်းထားတဲ့ ဟာလန်းကို မန်စီးတီး၊ ချယ်လ်ဆီး၊ ရီးယဲလ်၊ ဘာစီလိုနာတို့အပါအဝင် […]

ဂျရတ်က သူ့ကိုလှောင်ပြောင်နေကြတဲ့ အဲဗာတန်ပရိသတ်တွေဘက်ကို သနားတဲ့ပုံစံနဲ့လှည့်ကြည့်ပြီး မထိတထိပြုံးပြကာ တုံ့ပြန်ခဲ့

January 23, 2022 Author One 0

အက်စ်တွန်ဗီလာအသင်းနည်းပြ စတီဗင်ဂျရတ်ဟာ အဲဗာတန်ကို ၁-၀ နဲ့နိုင်ခဲ့တဲ့အဝေးကွင်းပွဲမှာ ပြိုင်ဘက်အိမ်ရှင်ပရိသတ် တွေကို သနားသလိုကြည့်ပြီး မထိတထိပြုံးပြကာတုံ့ပြန်ခဲ့ပေမယ့် သူ့လုပ်ရပ်ကိုသဘောကျနေတဲ့ သူတွေရှိနေတယ်လို့သိရပါ တယ်။ ဒီပွဲရဲ့ပထမပိုင်းပြီးကာနီးလေးမှာ ဘူအန်ဒီယာကဂိုးသွင်းယူနိုင်ခဲ့ပြီး ဒီဂိုးဟာ ဗီလာအတွက်တစ်လုံးတည်းသော အနိုင်ဂိုးလည်းဖြစ်ခဲ့ရပါတယ်။ ပထမပိုင်းပြီးလို့ အဝတ်လဲခန်းထဲဝင်ဖို့ကွင်းထဲမှာဖြတ်လျှောက်နေတုန်း ဂျရတ်ကသူ့ကိုလှောင် ပြောင်နေကြတဲ့ အဲဗာတန်ပရိသတ်တွေဘက်ကို သနားတဲ့ပုံစံနဲ့လှည့်ကြည့်ပြီး မထိတထိပြုံးပြကာ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ […]

ရိုမီယူကို ပြန်ဖြဲဖို့အတွက် ဥမင်လမ်းထဲမှာ စောင့်ဆိုင်းနေခဲ့တဲ့ ဂရီလစ်ရှ်

January 23, 2022 Author One 0

မန်စီးတီးကွင်းလယ်လူ ဂရီလစ်ရှ်ဟာ သူနဲ့ကွင်းထဲမှာငြိခဲ့တဲ့ ဆောက်သမ်တန်က ရိုမီယူ ကိုပြန်ဖြဲဖို့အတွက် ဥမင်လမ်းထဲမှာ စောင့်ဆိုင်းနေခဲ့တယ်လို့ ဆောက်သမ်တန်နည်းပြ ဟာဆန်ဟက်တဲလ် ကဖွင့်ဟလိုက်ပါတယ်။ သူတို့နှစ်ဦးဟာ ကွင်းထဲမှာအ ခြေအတင်ဖြစ်ခဲ့ကြပြီး ပေါင်သန်း ၁၀၀ တန်ကြေးရှိတဲ့ ဂရီလစ်ရှ်ဟာ ဒုတိယပိုင်းမှာ ဘတ်နာရက်ခ်ရဲ့ဖျက်ထုတ်ခြင်းကိုခံရချိန် မှာ ဟန်အမူအရာပိုခဲ့တယ်လို့ ရိုမီယူက စွပ်စွဲခဲ့တာပါ။ ဂရီလစ်ရှ်လဲကျချိန်မှာ […]

ဖွင့်လှစ်မှုနဲ့ခြေစွမ်းအရ အနီးစပ်ဆုံးဖြစ်နိုင်မယ့် တနင်္ဂနွေညဘွန်ဒက်စ်လီဂါ(Super Zay)

January 23, 2022 Author One 0

လစ်ပ်ဇစ် vs ဝုဖ်ဘတ် ကြားထဲမှာခြေချော်လက်ချော်တွေရှိခဲ့ပေမယ့် လစ်ပ်ဇစ်ဟာ ပြိုင်ပွဲအရပ်ရပ်နောက်ဆုံး ၃ ပွဲဆက်ကို အနိမ့်ဆုံး ၂ ဂိုးပြတ်နဲ့အနိုင်ရထားပါတယ်။ ဒါဟာ သူတို့ခြေစွမ်းပြန်မှာလာတဲ့သဘောပါပဲ။ ဒါပေမဲ့ အမှတ်ပေးဇယားမှာ အဆင့် ၇ နေရာရောက်နေပြီး နိုင်ငံတကာရက်သတ္တပတ်ပြီးရင် ဘိုင်ယန်နဲ့ကန်ရမှာဆိုတော့ လစ်ပ်ဇစ်ဟာ ဒီတစ်ပတ်ပွဲမှာ သေချာပေါက်အမှတ်ပြည့်ယူထားဖို့လိုပါတယ်။ သူတို့ဧည့်ခံရမယ့်ဝုဖ်ဘတ်ကိုကြည့်လိုက်တော့ အခက်အခဲဆုံးကာလကို […]

Let’s go ပါ သရဲနီတွေရေလို့ Instagram မှာ အောင်ပွဲခံတဲ့ စီရော်နယ်ဒို

January 23, 2022 Author One 0

ဝက်စ်ဟမ်းနဲ့ပွဲက သူ့အသင်းရဲ့နိုင်ပွဲအတွက် မန်ယူကြယ်ပွင့်စီရော်နယ်ဒိုဟာ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Instagram မှာ အောင်ပွဲခံခဲ့ပါတယ်။ အဲဒီပွဲမှာ မန်ယူဟာ သရေတစ်မှတ်သာ ယူနိုင်တော့မယ်လို့ ထင်မှတ်ခဲ့ရပေမယ့် ရက်ရှ်ဖို့ဒ်ရဲ့နာကျင်အချိန်ပိုဂိုးနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ အမှတ်ပြည့်ယူနိုင်ခဲ့တာပါ။ ရက်ရှ်ဖို့ဒ်ရသွားတဲ့အနိုင်ဂိုးမှာ စီရော်နယ်ဒိုလည်း ပါဝင်ပတ်သက်ခဲ့ပြီး သူက မာရှယ်ဆီဘောလုံးပေးလိုက်ကာ မာရှယ်ကနေ ကာဗာနီဆီဘောလုံးရောက်သွားပြီး ရှက်ရှ်ဖို့ပိတ်သွင်းနိုင်အောင် အဲဒီဥရုဂွေးသားက ဖန်တီးပေးခဲ့တာပါ။ […]

ရက်ရှ်ဖို့ဒ်ကတော့ သူ့ရဲ့ သွင်းဂိုးဟာ လူကျွံခြင်း မရှိဘူးလို့ အခိုင်အမာတုံ့ပြန်ပြောကြား

January 23, 2022 Author One 0

ဝက်စ်ဟမ်းကို အနိုင်ရခဲ့တဲ့ပွဲက သွင်းယူခဲ့တဲ့ ၉၃ မိနစ်အနိုင်ဂိုးနဲ့ ပတ်သက်ပြီး လူကျွံ၊ မကျွံ အငြင်းပွားနေမှုတွေ ရှိပေမယ့် မန်ယူအတွက် အနိုင်ဂိုးသွင်းခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကတော့ သူ့ရဲ့ သွင်းဂိုးဟာ လူကျွံခြင်း မရှိဘူးလို့ အခိုင်အမာတုံ့ပြန်ပြောကြားလိုက်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ၆၂ မိနစ်မှာ အီလန်ဂါအစားလူစားဝင်လာပြီးနောက် ၉၃ မိနစ်မှာ အနိုင်ဂိုးသွင်းနိုင်ခဲ့တာပါ။ […]

တရားမဝင် ဒရုန်းတစ်စင်းကြောင့် ပွဲကို ၁၉ မိနစ်ကြာတဲ့အထိ ရပ်နားခဲ့ရတဲ့ ဘရန့်ဖို့ဒ် ၁-၂ ဝုဖ်ပွဲ

January 23, 2022 Author One 0

စနေညက ကစားခဲ့တဲ့ ဘရန့်ဖို့ဒ် ၁-၂ ဝုဖ် ပွဲမှာ ကွင်းပေါ်ကနေ ရစ်ဝဲနေတဲ့ တရားမဝင် ဒရုန်းတစ်စင်းကြောင့် ပွဲကို ၁၉ မိနစ်ကြာတဲ့အထိ ရပ်နားခဲ့ရပါတယ်။ ပထမပိုင်းကစားနေချိန် ပွဲချိန် ၃၅ မိနစ်မှာ ကွင်းအလယ်ကောင်းကင်ပေါ်မှာ ရစ်ဝဲနေတဲ့ ဒရုန်းတစ်စင်းကို ဒိုင်လူကြီး ပီတာဘန်ကာကတွေ့ ရှိခဲ့ပြီး ပွဲကို […]

ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့မျှော်လင့်ချက် ပိုအားကောင်းလာပြီဖြစ်တဲ့ ယူနိုက်တက်

January 23, 2022 Author One 0

အသင်းတစ်သင်းဟာ နည်းပြတစ်ဦးရဲ့လက်ထဲမှာ အချိန်တွေကြာလာတာနဲ့အမျှ ကစားသမားတွေ ကစားကွက်ပိုင်း၊ နည်းပြရဲ့နည်းဗျူဟာနဲ့ လိုက်လျောညီထွေဖြစ်အောင်ကစားနိုင်စွမ်းတွေ တိုးတက်သင့်ပါလျက်နဲ့ ယူနိုက်တက်အသင်းခြေစွမ်းက အခုအချိန်အထိ ယောင်တောင်တောင်ဖြစ်နေဆဲပဲ။ ယူနိုက်တက် ဘောလုံးအသင်းတစ်သင်းနဲ့မတူဘဲ တစ်ခါမှတွဲမကစားဖူးတဲ့ ကစားသမား(၁၁)ယောက်ကို အခုမှပွဲထွက်သုံးသလိုမျိုး တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေမရှိသလောက် အားနည်းခဲ့ပြန်တယ်။ ‘Gengenpressing’ဖခင်ကြီး ရန်နစ်ခ်လက်ထက်မှာ မြင်ရတာဆိုလို ကစားသမားတွေ ဘာဖြစ်လို့ဖြစ်နေမှန်းမသိတဲ့ ပျာရိပျာယာပုံစံနဲ့ ကစားနေတာဖြစ်ပြီး […]

ဖွင့်လှစ်မှုနဲ့ခြေစွမ်းအရ အနီးစပ်ဆုံးဖြစ်နိုင်မယ့် စနေညဘွန်ဒက်စ်လီဂါ(Super Zay)

January 22, 2022 Author One 0

လေဗာကူဆင် vs အော့စ်ဘတ် လေဗာကူဆင်ဟာ ပြီးခဲ့တဲ့အပတ်က ဂလက်ဘတ်ကိုနိုင်ခဲ့လို့ ဘွန်ဒက်စ်လီဂါမှာ နိုင်ပွဲဆက်တိုက်ပျောက်နေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ သူတို့ဟာ အမှတ်ပေးဇယားတတိယနေရာကို ပြန်ရောက်လာပေမယ့် အောက်ကအသင်းတွေနဲ့အမှတ်မကွာတာကြောင့် နိုင်ပွဲဆက်ဖို့လိုပြီး ပက်ထရစ်ရှစ်ခ်တို့ရဲ့တိုက်စစ်ကတော့ ဂိုးမြူးဆဲပါ။ ဒါကြောင့် အဝေးကွင်းပုံမှန်ခြေစွမ်းမရှိတဲ့အော့စ်ဘတ်ကို ၂ ဂိုးပြတ်ဖို့ မခက်ပါဘူး။ ဂလက်ဘတ် vs ယူနီယံဘာလင် နောက်ဆုံးဘွန်ဒက်စ်လီဂါ […]