
အကောင်းဆုံးဂိုးသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ မန်ဒီ၊ ဒွန်နာရမ်မာနဲ့ နာမည်ကျော်ကစားသမားတွေပါဝင်
နာမည်ကျော် ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်မယ့် ၂၀၂၁ ခုနှစ်ရဲ့အကောင်းဆုံးဂိုးသမားဆုအတွက် ဆန်ခါတင်(၁၀)ဦးစာရင်းမှာ ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်းနဲ့အတူချန်ပီယံဆုဖလားရယူနိုင်ခဲ့တဲ့ ဂိုးသမားမန်ဒီပါဝင်ခဲ့ပြီး ဆုရရှိဖို့ တခြားထိပ်သီးဂိုးသမားတွေနဲ့အပြိုင်ကြိုးပမ်းရမှာဖြစ်ပါတယ်။ ပြင်သစ်ဘောလုံးမဂ္ဂဇင်းဟာ ဆိုဗီယက်ယူနီယံ(ရုရှား)ဂန္ထဝင်ဂိုးသမားကြီးလက်ဗ်ယာရှင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ၂၀၁၉ ခုနှစ်ကစတင်ပြီးတော့ Yashin Trophy ဆိုတဲ့နာမည်နဲ့ အကောင်းဆုံးဂိုးသမားဆုချီးမြှင့်ခဲ့တာဖြစ်ပြီး ဒီဆုကို Ballon d’Or ဆုပေးပွဲအခမ်းအနားမှာတစ်ပါတည်း […]