Assit King ကြီးက ဟာလန်းထက်စာရင် သူမွေးထားတဲ့ မြင်းနဲ့ယုန်တွေကိုသာ အစာကျွေးဖို့ပိုနှစ်သက်တယ်လို့ ဟာသစကားဆို

ဘိုင်ယန်မြူးနစ် တိုက်စစ်အားသန်ကွင်းလယ်လူ

သောမတ်စ်မူလာလို့ဆိုလိုက်တာနဲ့ ကစားဖော်တွေအတွက်

ဂိုးဖန်တီးမှုအများကြီးလုပ်ပေးနိုင်သူဆိုတာ ပရိသတ်အားလုံးသိပြီးဖြစ်မှာပါ။

သူ့ရဲ့ဂိုးဖန်တီးနိုင်စွမ်းမြင့်မားလွန်းမှုကြောင့်လည်း ဖန်တီးမှုဘုရင်ကြီး

(Assit King) လို့ တင်စားခေါ်ဝေါ်ခံရတာဖြစ်ပါတယ်။

ဆုကြေးစားဘဝတစ်ခုလုံး ဘိုင်ယန်မြူးနစ်တစ်သင်းတည်းမှာပဲ

ကစားလာခဲ့တဲ့ မူလာဟာ တိုက်စစ်အားသန်ကွင်းလယ်လူ၊

နောက်ချန်တိုက်စစ်မှူး၊ အထောင်တိုက်စစ်မှူး၊ တောင်ပံတိုက်စစ်မှူး စတဲ့

တိုက်စစ်နေရာစုံမှာ ကစားနိုင်သူဖြစ်ပါတယ်။

ကစားသမားဘဝအစောပိုင်းနှစ်တွေမှာ အထောင်တိုက်စစ်မှူးအဖြစ်

ကစားခဲ့တာမို့ ကိုယ်တိုင်ဂိုးသွင်းနိုင်တာများပြီး ဖန်တီးမှုသိပ်မလုပ်နိုင်ခဲ့ပေမယ့်

နောက်ပိုင်းနှစ်တွေမှာတော့ နောက်ချန်တိုက်စစ်မှူးအဖြစ်

ပြောင်းကစားလာတာမို့ ဂိုးဖန်တီးမှုပိုလုပ်လာနိုင်တာတွေ့ရပါတယ်။

အတိအကျပြောရရင် ၂၀၁၆-၁၇ ရာသီကစပြီး

သွင်းဂိုးထက် ဂိုးဖန်တီးနိုင်မှုပိုများလာတာပါ။

နောက် ဆုံး ၂ရာသီဆက် ဂိုးဖန်တီးမှုအများဆုံးကစားသမား

(၂၀၁၉-၂၀ – ၂၁ကြိမ်၊ ၂၀၂၀-၂၁ – ၁၈ကြိမ်)အဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။

မူလာဟာ ဒီရာသီမှာလည်း ပွဲ ၂၀ သာကစားရသေးပေမယ့်

ဂိုးဖန်တီးမှု ၁၆ကြိမ်လုပ်ထားပြီးပါပြီ။

မူလာရဲ့ဖန်တီးပေးမှုအားကောင်းလွန်းတာကြောင့်

လီဝန်ဒေါစကီး စံချိန်တင်ဂိုးတွေသွင်းနေနိုင်တာလည်းဖြစ်ပါတယ်။

အသက် ၃၂နှစ်ရှိပြီဖြစ်တဲ့ မူလာဟာ ကွင်းတွင်း ခြေစွမ်းကောင်းမွန်သလောက်

ကွင်းပြင်ပမှာလည်း ပျော်ပျော်နေတတ်တဲ့ လူပျော်ကြီးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဂျာမန်အားကစားသတင်းစာ Sport Bild နဲ့ပြုလုပ်တဲ့

အင်တာဗျူးမှာဆိုရင် သူ့ရဲ့ဟာသညဏ်ရွှင်မှုကို အတိုင်းသားတွေ့ရပါတယ်။

အင်တာဗျူးသူက ဘိုင်ယန်ကိုရောက်လာနိုင်တဲ့ ” ဟာလန်းအတွက်

ခင်ဗျားရဲ့ဖန်တီးပေးမှုတွေနဲ့ ကူညီရမှာကို

သဘောကျနှစ်သက်ပါသလား ” လို့မေးမြန်းခဲ့တာကို

မူလာက ” ဟာလန်းထက်စာရင် ကျွန်တော်မွေးထားတဲ့

မြင်းတွေနဲ့ ယုန်ကလေးတွေကိုသာ အစာကျွေးဖို့ပိုနှစ်သက်တယ် ” လို့

ဟာသလုပ်တုံ့ပြန်ခဲ့ပါတယ်။

မေးခွန်းထဲမှာ ဟာလန်းအတွက် ဖန်တီးပေးရမှာကို Feed (ကျွေးမွေး)ဆိုပြီး

သုံးနှုန်းထားတာမို့ မူလာက အခုလိုတုံ့ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

မူလာရဲ့တုံ့ပြန်မှုကိုသုံးသပ်ကြည့်ရင် ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းထက်

လီဝန်ဒေါစကီးနဲ့သာ အတွဲညီညီကစားရတာကို

ပိုနှစ် သက်သဘောကျတယ်လို့ဆိုနိုင်ပါတယ်။

လာမယ့်နွေမှာ ဒေါ့မွန်နဲ့လမ်းခွဲဖွယ်ရှိနေတဲ့ ဟာလန်းကို

ဥရောပထိပ်တန်းကလပ်များစွာက စိတ်ဝင်စားနေရာမှာ

ဘိုင်ယန်လည်း တစ်သင်းအပါအဝင်ဖြစ်ပါတယ်။

ဘိုင်ယန်နဲ့ စာချုပ်သက်တမ်းက ၁၈လသာကျန်တော့ပေမယ့်

လက်ရှိမှာ စာချုပ်သက် တမ်းတိုးဖို့ဆွေးနွေးပြောဆိုတာ

မရှိသေးဘူးလို့လည်း မူလာက ဝန်ခံခဲ့ပါတယ်။

ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဂျာမနီအသင်းအတွက်

တစ်ကျော့ပြန်ရွေးချယ်ခြင်းခံခဲ့ရတဲ့ မူလာဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ

ကစားခွင့်ရဖို့လည်း ပစ်မှတ်ထားနေပါတယ်။

zawgyi

Assit King ႀကီးက ဟာလန္းထက္စာရင္ သူေမြးထားတဲ့ ျမင္းနဲ႔ယုန္ေတြကိုသာ အစာေကြၽးဖို႔ပိုႏွစ္သက္တယ္လို႔ ဟာသစကားဆို

ဘိုင္ယန္ျမဴးနစ္ တိုက္စစ္အားသန္ကြင္းလယ္လူ

ေသာမတ္စ္မူလာလို႔ဆိုလိုက္တာနဲ႔ ကစားေဖာ္ေတြအတြက္

ဂိုးဖန္တီးမႈအမ်ားႀကီးလုပ္ေပးႏိုင္သူဆိုတာ ပရိသတ္အားလုံးသိၿပီးျဖစ္မွာပါ။

သူ႔ရဲ႕ဂိုးဖန္တီးႏိုင္စြမ္းျမင့္မားလြန္းမႈေၾကာင့္လည္း ဖန္တီးမႈဘုရင္ႀကီး

(Assit King) လို႔ တင္စားေခၚေဝၚခံရတာျဖစ္ပါတယ္။

ဆုေၾကးစားဘဝတစ္ခုလုံး ဘိုင္ယန္ျမဴးနစ္တစ္သင္းတည္းမွာပဲ

ကစားလာခဲ့တဲ့ မူလာဟာ တိုက္စစ္အားသန္ကြင္းလယ္လူ၊

ေနာက္ခ်န္တိုက္စစ္မႉး၊ အေထာင္တိုက္စစ္မႉး၊ ေတာင္ပံတိုက္စစ္မႉး စတဲ့

တိုက္စစ္ေနရာစုံမွာ ကစားႏိုင္သူျဖစ္ပါတယ္။

ကစားသမားဘဝအေစာပိုင္းႏွစ္ေတြမွာ အေထာင္တိုက္စစ္မႉးအျဖစ္

ကစားခဲ့တာမို႔ ကိုယ္တိုင္ဂိုးသြင္းႏိုင္တာမ်ားၿပီး ဖန္တီးမႈသိပ္မလုပ္ႏိုင္ခဲ့ေပမယ့္

ေနာက္ပိုင္းႏွစ္ေတြမွာေတာ့ ေနာက္ခ်န္တိုက္စစ္မႉးအျဖစ္

ေျပာင္းကစားလာတာမို႔ ဂိုးဖန္တီးမႈပိုလုပ္လာႏိုင္တာေတြ႕ရပါတယ္။

အတိအက်ေျပာရရင္ ၂၀၁၆-၁၇ ရာသီကစၿပီး

သြင္းဂိုးထက္ ဂိုးဖန္တီးႏိုင္မႈပိုမ်ားလာတာပါ။

ေနာက္ ဆုံး ၂ရာသီဆက္ ဂိုးဖန္တီးမႈအမ်ားဆုံးကစားသမား

(၂၀၁၉-၂၀ – ၂၁ႀကိမ္၊ ၂၀၂၀-၂၁ – ၁၈ႀကိမ္)အျဖစ္ရပ္တည္ႏိုင္ခဲ့ပါတယ္။

မူလာဟာ ဒီရာသီမွာလည္း ပြဲ ၂၀ သာကစားရေသးေပမယ့္

ဂိုးဖန္တီးမႈ ၁၆ႀကိမ္လုပ္ထားၿပီးပါၿပီ။

မူလာရဲ႕ဖန္တီးေပးမႈအားေကာင္းလြန္းတာေၾကာင့္

လီဝန္ေဒါစကီး စံခ်ိန္တင္ဂိုးေတြသြင္းေနႏိုင္တာလည္းျဖစ္ပါတယ္။

အသက္ ၃၂ႏွစ္ရွိၿပီျဖစ္တဲ့ မူလာဟာ ကြင္းတြင္း ေျခစြမ္းေကာင္းမြန္သေလာက္

ကြင္းျပင္ပမွာလည္း ေပ်ာ္ေပ်ာ္ေနတတ္တဲ့ လူေပ်ာ္ႀကီးျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက ဂ်ာမန္အားကစားသတင္းစာ Sport Bild နဲ႔ျပဳလုပ္တဲ့

အင္တာဗ်ဴးမွာဆိုရင္ သူ႔ရဲ႕ဟာသညဏ္႐ႊင္မႈကို အတိုင္းသားေတြ႕ရပါတယ္။

အင္တာဗ်ဴးသူက ဘိုင္ယန္ကိုေရာက္လာႏိုင္တဲ့ ” ဟာလန္းအတြက္

ခင္ဗ်ားရဲ႕ဖန္တီးေပးမႈေတြနဲ႔ ကူညီရမွာကို

သေဘာက်ႏွစ္သက္ပါသလား ” လို႔ေမးျမန္းခဲ့တာကို

မူလာက ” ဟာလန္းထက္စာရင္ ကြၽန္ေတာ္ေမြးထားတဲ့

ျမင္းေတြနဲ႔ ယုန္ကေလးေတြကိုသာ အစာေကြၽးဖို႔ပိုႏွစ္သက္တယ္ ” လို႔

ဟာသလုပ္တုံ႔ျပန္ခဲ့ပါတယ္။

ေမးခြန္းထဲမွာ ဟာလန္းအတြက္ ဖန္တီးေပးရမွာကို Feed (ေကြၽးေမြး)ဆိုၿပီး

သုံးႏႈန္းထားတာမို႔ မူလာက အခုလိုတုံ႔ျပန္ခဲ့တာလည္းျဖစ္ပါတယ္။

မူလာရဲ႕တုံ႔ျပန္မႈကိုသုံးသပ္ၾကည့္ရင္ ေဒါ့မြန္တိုက္စစ္မႉး ဟာလန္းထက္

လီဝန္ေဒါစကီးနဲ႔သာ အတြဲညီညီကစားရတာကို

ပိုႏွစ္ သက္သေဘာက်တယ္လို႔ဆိုႏိုင္ပါတယ္။

လာမယ့္ေႏြမွာ ေဒါ့မြန္နဲ႔လမ္းခြဲဖြယ္ရွိေနတဲ့ ဟာလန္းကို

ဥေရာပထိပ္တန္းကလပ္မ်ားစြာက စိတ္ဝင္စားေနရာမွာ

ဘိုင္ယန္လည္း တစ္သင္းအပါအဝင္ျဖစ္ပါတယ္။

ဘိုင္ယန္နဲ႔ စာခ်ဳပ္သက္တမ္းက ၁၈လသာက်န္ေတာ့ေပမယ့္

လက္ရွိမွာ စာခ်ဳပ္သက္ တမ္းတိုးဖို႔ေဆြးေႏြးေျပာဆိုတာ

မရွိေသးဘူးလို႔လည္း မူလာက ဝန္ခံခဲ့ပါတယ္။

ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ ဂ်ာမနီအသင္းအတြက္

တစ္ေက်ာ့ျပန္ေ႐ြးခ်ယ္ျခင္းခံခဲ့ရတဲ့ မူလာဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲ

ကစားခြင့္ရဖို႔လည္း ပစ္မွတ္ထားေနပါတယ္။