အရန်ခုံမှာထိုင်ရလည်း သန်းကြွယ်သူဌေးဖြစ်မယ်ဆိုရတယ်ဆိုတဲ့ အဲလက်စ်ဆောင်း

အာဆင်နယ်အသင်းကွင်းလယ်လူဟောင်း အဲလက်စ်ဆောင်းက

ဘာစီလိုနာအသင်းကိုသူပြောင်းခဲ့တော့ အရန်ခုံမှာထိုင်နေ ရမှာကိုသိခဲ့ပေမယ့်

ဘဏ်စာရင်းမှာငွေအများကြီးဝင်ပြီး သန်းကြွယ်သူဌေးဖြစ်မယ့်အရေးကြောင့်

ကျေနပ်စွာနဲ့ပြောင်းခဲ့တာ လို့ ထုတ်ပြောလိုက်ပါတယ်။

အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ကင်မရွန်းလက်ရွေးစင်ဟောင်း

အဲလက်စ်ဆောင်းဟာ ၂၀၁၂ ကဘာ စီလိုအသင်းဆီ

ပေါင် ၁၅ သန်းနဲ့ပြောင်းပြီး အာဆင်နယ်နဲ့

၈ နှစ်ကြာလက်တွဲမှုကိုအဆုံးသတ်ခဲ့ပါတယ်။

ဘာစီလိုနာအသင်း ဟာ ဆောင်း ကိုကမ်းလှမ်းကတည်းက

ပုံမှန်နေရာရမယ်ဆိုတဲ့ အာမခံချက်မပေးခဲ့ပါဘူး။

ဒါကြောင့် သူ့အနေနဲ့ အဲဒီအချိန်က ကစားသမားအများစုအိပ်မက်ကြတဲ့

ဇာဗီ၊ အင်နီယေစတာ၊ ဖာဘရီဂတ်စ်၊ မက်ဆီ တို့နဲ့

ပုံမှန်တွဲကစားရမယ့်အရေးကို မျှော် လင့်လို့ မရခဲ့ပါဘူး။

ဒါပေမယ့် အာဆင်နယ်မှာရတဲ့လစာထက်အများကြီးပိုရမှာဖြစ်လို့

နှစ်ခါပြန်မစဥ်းစားဘဲ ပြောင်းဖို့ဆုံး ဖြတ်ခဲ့တာလို့ ဆိုခဲ့ပါတယ်။

ကင်မရွန်းအသင်းအတွက် ၄၉ ပွဲကစားခဲ့တဲ့ ဆောင်းက

တိုရွန်တိုရပ်တာ ဘက်စ်ကက်ဘောအသင်းကနာမည်ကျော်

ပါစကယ် ဆိုင်ကမ်နဲ့ အင်စတာဂရမ်မှာ စကားပြောခဲ့ရာမှာ

” ဘာစီလိုနာက ကျွန်တော့်ကိုစာချုပ်ကမ်းလှမ်းချိန်မှာ

လစာဘယ်လောက် ရမလဲလို့ ကြည့်လိုက်တာပေါ့။

ဒါကြောင့်နှစ်ခါပြန်တောင်မစဥ်းစားဘဲ လက်ခံလိုက်တာပေါ့။

ကစားသမားဘဝက အနားယူရင် ကျွန်တော့် မိန်းမနဲ့ ကလေးတွေ

သက်သောင့်သက်သာဘဝမျိုးနဲ့နေနိုင်မယ့် ပမာဏလို့လည်း ခံစားခဲ့ရပါတယ်။

ဘာစီလိုနာ အားကစားဒါရိုက်တာ နဲ့တွေ့တော့

ကျွန်တော့်အနေနဲ့ပွဲဘယ်လောက်မှတော့ ကစားရမှာမဟုတ်ဘူး။

ဒါပေမယ့် မီလျံနာဖြစ် မယ့်အရေးဆိုတော့ ပွဲတွေမကစားရလဲ

ဘာ‌‌ောက်ရေးလဲဗျာ။ ပိုက်ဆံရှိရင် နာမည်ကျော်တွေနဲ့ ပုခုံးချင်းယှဥ်လို့ရသလို

ကျွန်တော်အလိုရှိတဲ့အချိန်တိုင်းဈေးဝယ်ထွက်ပြီး

ညဘက်လည်းစိတ်ကြိုက်ထွက်လည်လို့ ရမယ်လေဗျာ” လို့ပြောခဲ့ပါတယ်။

လက်ရှိမှာ အာဖရိက ကဂျီဘူတီနိုင်ငံက Arta/Solar7 ကလပ်မှာ

ကစားနေသူဖြစ်ပြီး ပိုက်ဆံအများကြီးရခဲ့လို့လည်း

သူသိပ် အားကျခဲ့ရတဲ့ ဟင်နရီ စီးတဲ့ကားအတိုင်း ဝယ်စီးနိုင်ခဲ့လို့

ဂုဏ်ယူနေရတယ်လို့လည်းဆိုခဲ့ပါတယ်။

ဒါကြောင့်လည်းဆောင်း ဟာ ၂၀၁၂ ကနေ ၂၀၁၄ အတွင်းမှ

ာဘာစီလိုနာအတွက် ၆၅ ပွဲသာကစားခဲ့ရပြီး ဝက်စ်ဟမ်းအသင်းဆီ

၂ ကြိမ်တိုင်အငှားချ ထားခြင်းလည်းခံခဲ့ရသေးတာပါ။

zawgyi

အရန္ခုံမွာထိုင္ရလည္း သန္းႂကြယ္သူေဌးျဖစ္မယ္ဆိုရတယ္ဆိုတဲ့ အဲလက္စ္ေဆာင္း

အာဆင္နယ္အသင္းကြင္းလယ္လူေဟာင္း အဲလက္စ္ေဆာင္းက

ဘာစီလိုနာအသင္းကိုသူေျပာင္းခဲ့ေတာ့ အရန္ခုံမွာထိုင္ေန ရမွာကိုသိခဲ့ေပမယ့္

ဘဏ္စာရင္းမွာေငြအမ်ားႀကီးဝင္ၿပီး သန္းႂကြယ္သူေဌးျဖစ္မယ့္အေရးေၾကာင့္

ေက်နပ္စြာနဲ႔ေျပာင္းခဲ့တာ လို႔ ထုတ္ေျပာလိုက္ပါတယ္။

အသက္ ၃၄ ႏွစ္ရွိၿပီျဖစ္တဲ့ ကင္မ႐ြန္းလက္ေ႐ြးစင္ေဟာင္း

အဲလက္စ္ေဆာင္းဟာ ၂၀၁၂ ကဘာ စီလိုအသင္းဆီ

ေပါင္ ၁၅ သန္းနဲ႔ေျပာင္းၿပီး အာဆင္နယ္နဲ႔

၈ ႏွစ္ၾကာလက္တြဲမႈကိုအဆုံးသတ္ခဲ့ပါတယ္။

ဘာစီလိုနာအသင္း ဟာ ေဆာင္း ကိုကမ္းလွမ္းကတည္းက

ပုံမွန္ေနရာရမယ္ဆိုတဲ့ အာမခံခ်က္မေပးခဲ့ပါဘူး။

ဒါေၾကာင့္ သူ႔အေနနဲ႔ အဲဒီအခ်ိန္က ကစားသမားအမ်ားစုအိပ္မက္ၾကတဲ့

ဇာဗီ၊ အင္နီေယစတာ၊ ဖာဘရီဂတ္စ္၊ မက္ဆီ တို႔နဲ႔

ပုံမွန္တြဲကစားရမယ့္အေရးကို ေမွ်ာ္ လင့္လို႔ မရခဲ့ပါဘူး။

ဒါေပမယ့္ အာဆင္နယ္မွာရတဲ့လစာထက္အမ်ားႀကီးပိုရမွာျဖစ္လို႔

ႏွစ္ခါျပန္မစဥ္းစားဘဲ ေျပာင္းဖို႔ဆုံး ျဖတ္ခဲ့တာလို႔ ဆိုခဲ့ပါတယ္။

ကင္မ႐ြန္းအသင္းအတြက္ ၄၉ ပြဲကစားခဲ့တဲ့ ေဆာင္းက

တို႐ြန္တိုရပ္တာ ဘက္စ္ကက္ေဘာအသင္းကနာမည္ေက်ာ္

ပါစကယ္ ဆိုင္ကမ္နဲ႔ အင္စတာဂရမ္မွာ စကားေျပာခဲ့ရာမွာ

” ဘာစီလိုနာက ကြၽန္ေတာ့္ကိုစာခ်ဳပ္ကမ္းလွမ္းခ်ိန္မွာ

လစာဘယ္ေလာက္ ရမလဲလို႔ ၾကည့္လိုက္တာေပါ့။

ဒါေၾကာင့္ႏွစ္ခါျပန္ေတာင္မစဥ္းစားဘဲ လက္ခံလိုက္တာေပါ့။

ကစားသမားဘဝက အနားယူရင္ ကြၽန္ေတာ့္ မိန္းမနဲ႔ ကေလးေတြ

သက္ေသာင့္သက္သာဘဝမ်ိဳးနဲ႔ေနႏိုင္မယ့္ ပမာဏလို႔လည္း ခံစားခဲ့ရပါတယ္။

ဘာစီလိုနာ အားကစားဒါ႐ိုက္တာ နဲ႔ေတြ႕ေတာ့

ကြၽန္ေတာ့္အေနနဲ႔ပြဲဘယ္ေလာက္မွေတာ့ ကစားရမွာမဟုတ္ဘူး။

ဒါေပမယ့္ မီလ်ံနာျဖစ္ မယ့္အေရးဆိုေတာ့ ပြဲေတြမကစားရလဲ

ဘာ‌‌ောက္ေရးလဲဗ်ာ။ ပိုက္ဆံရွိရင္ နာမည္ေက်ာ္ေတြနဲ႔ ပုခုံးခ်င္းယွဥ္လို႔ရသလို

ကြၽန္ေတာ္အလိုရွိတဲ့အခ်ိန္တိုင္းေဈးဝယ္ထြက္ၿပီး

ညဘက္လည္းစိတ္ႀကိဳက္ထြက္လည္လို႔ ရမယ္ေလဗ်ာ” လို႔ေျပာခဲ့ပါတယ္။

လက္ရွိမွာ အာဖရိက ကဂ်ီဘူတီႏိုင္ငံက Arta/Solar7 ကလပ္မွာ

ကစားေနသူျဖစ္ၿပီး ပိုက္ဆံအမ်ားႀကီးရခဲ့လို႔လည္း

သူသိပ္ အားက်ခဲ့ရတဲ့ ဟင္နရီ စီးတဲ့ကားအတိုင္း ဝယ္စီးႏိုင္ခဲ့လို႔

ဂုဏ္ယူေနရတယ္လို႔လည္းဆိုခဲ့ပါတယ္။

ဒါေၾကာင့္လည္းေဆာင္း ဟာ ၂၀၁၂ ကေန ၂၀၁၄ အတြင္းမွ

ာဘာစီလိုနာအတြက္ ၆၅ ပြဲသာကစားခဲ့ရၿပီး ဝက္စ္ဟမ္းအသင္းဆီ

၂ ႀကိမ္တိုင္အငွားခ် ထားျခင္းလည္းခံခဲ့ရေသးတာပါ။