Albert Dock ဟိုတယ်အပြင်ဘက်မှာ မီးရှူးမီးပန်းတွေပစ်လွှတ်ပြီး ရီးရဲလ်ကြယ်ပွင့်တွေအိပ်မရအောင် လီဗာပူးပရိသတ်တွေ အနှောက်အယှက်ပေးခဲ့

လီဗာပူးပရိသတ်တွေကတော့ အင်္ဂလန်ရောက်လာတဲ့ ရီးရဲလ်ကြယ်ပွင့်တွေကို

အိပ်ပျက်ညတစ်ညဖန်တီးပေးခဲ့ပါတယ်။ တနည်းအားဖြင့်တော့ အရေးကြီးတဲ့

ပွဲစဉ်တစ်ပွဲမတိုင်ခင်မှာ လီဗာပူးပရိသတ်တွေက ပြိုင်ဘက်ကို

အနှောက်အယှက်ပေးခဲ့တာဖြစ်တယ်။ ရီးရဲလ်အသင်းသားတွေဟာ

တနင်္လာနေ့မှာ မာဆေးဆိုက်ကိုရောက်လာခဲ့တာဖြစ်ပြီး အင်္ဂါနေ့နံနက်

၂ နာရီမှာတော့ သူတို့အသင်းတည်းခိုရာ Albert Dock ဟိုတယ်

အပြင်ဘက်မှာ လီဗာပူးပရိသတ်တွေကာ မီးရှူးမီးပန်းတွေ

ပစ်လွှတ်ခဲ့ကြတာဖြစ်တယ်။ အွန်လိုင်းပေါ်မှာထွက်ပေါ်လာတဲ့

ဗီဒီယိုဖိုင်မှာတော့ လီဗာပူးပရိသတ်တွေဟာ မီးရှူးမီးပန်းတွေကို

အဆောက်အဦရဲ့အပြင်ဘက်အဝင်ဝမှာထွန်းညှိထားပုံရပြီး

စက္ကန့် ၃၀ ကျော်အထိကြာမြင့်တဲ့အထိပစ်လွှတ်ခဲ့ကြတာပါ။

လီဗာပူးပရိသတ်တွေဟာ ၂၀၁၉ ခုနှစ်အတွင်း အန်ဖီးလ်မှာ

ဘာစီလိုနာကို မထင်မှတ်လောက်စရာ ၄-၀ နဲ့အနိုင်ရခဲ့တဲ့

ပွဲမတိုင်ခင်မှာလည်း အလားတူပုံစံနဲ့စိတ်အနှောက်အယှက်ပေးခဲ့တာဖြစ်တယ်။

ရီးရဲလ်ကစားသမားတွေကအတွေ့အကြုံရင့်ကျက်ပြီးသားဆိုပေမယ့်

လာလီဂါမှာ ဘာစီလိုနာရဲ့ ၈ မှတ်ဖြတ်ခြင်းခဲ့ထားရသလို

ရာသီလယ်ကာလကြီးမှာကစားရမယ့်ပွဲမျိုးအတွက် ခံနိုင်ရည်ရှိဖို့ဆိုတာ

မလွယ်ပါဘူး။ သေချာတာကတော့ လီဗာပူးပရိသတ်တွေပေးခဲ့တဲ့

အိပ်ပျက်ညတစ်ညဟာ ရီးရဲလ်အသင်းသားတွေအတွက်

အန်ဖီးလ်ကွင်းထဲမှာအင်အားယုတ်လျော့ဖို့အထောက်အပံ့ဖြစ်စေမှာတော့အမှန်ပါပဲ။

zawgyi

Albert Dock ဟိုတယ္အျပင္ဘက္မွာ မီးရႉးမီးပန္းေတြပစ္လႊတ္ၿပီး ရီးရဲလ္ၾကယ္ပြင့္ေတြအိပ္မရေအာင္ လီဗာပူးပရိသတ္ေတြ အေႏွာက္အယွက္ေပးခဲ့

လီဗာပူးပရိသတ္ေတြကေတာ့ အဂၤလန္ေရာက္လာတဲ့ ရီးရဲလ္ၾကယ္ပြင့္ေတြကို

အိပ္ပ်က္ညတစ္ညဖန္တီးေပးခဲ့ပါတယ္။ တနည္းအားျဖင့္ေတာ့ အေရးႀကီးတဲ့

ပြဲစဥ္တစ္ပြဲမတိုင္ခင္မွာ လီဗာပူးပရိသတ္ေတြက ၿပိဳင္ဘက္ကို

အေႏွာက္အယွက္ေပးခဲ့တာျဖစ္တယ္။ ရီးရဲလ္အသင္းသားေတြဟာ

တနလၤာေန႔မွာ မာေဆးဆိုက္ကိုေရာက္လာခဲ့တာျဖစ္ၿပီး အဂၤါေန႔နံနက္

၂ နာရီမွာေတာ့ သူတို႔အသင္းတည္းခိုရာ Albert Dock ဟိုတယ္

အျပင္ဘက္မွာ လီဗာပူးပရိသတ္ေတြကာ မီးရႉးမီးပန္းေတြ

ပစ္လႊတ္ခဲ့ၾကတာျဖစ္တယ္။ အြန္လိုင္းေပၚမွာထြက္ေပၚလာတဲ့

ဗီဒီယိုဖိုင္မွာေတာ့ လီဗာပူးပရိသတ္ေတြဟာ မီးရႉးမီးပန္းေတြကို

အေဆာက္အဦရဲ႕အျပင္ဘက္အဝင္ဝမွာထြန္းညႇိထားပုံရၿပီး

စကၠန႔္ ၃၀ ေက်ာ္အထိၾကာျမင့္တဲ့အထိပစ္လႊတ္ခဲ့ၾကတာပါ။

လီဗာပူးပရိသတ္ေတြဟာ ၂၀၁၉ ခုႏွစ္အတြင္း အန္ဖီးလ္မွာ

ဘာစီလိုနာကို မထင္မွတ္ေလာက္စရာ ၄-၀ နဲ႔အႏိုင္ရခဲ့တဲ့

ပြဲမတိုင္ခင္မွာလည္း အလားတူပုံစံနဲ႔စိတ္အေႏွာက္အယွက္ေပးခဲ့တာျဖစ္တယ္။

ရီးရဲလ္ကစားသမားေတြကအေတြ႕အႀကဳံရင့္က်က္ၿပီးသားဆိုေပမယ့္

လာလီဂါမွာ ဘာစီလိုနာရဲ႕ ၈ မွတ္ျဖတ္ျခင္းခဲ့ထားရသလို

ရာသီလယ္ကာလႀကီးမွာကစားရမယ့္ပြဲမ်ိဳးအတြက္ ခံႏိုင္ရည္ရွိဖို႔ဆိုတာ

မလြယ္ပါဘူး။ ေသခ်ာတာကေတာ့ လီဗာပူးပရိသတ္ေတြေပးခဲ့တဲ့

အိပ္ပ်က္ညတစ္ညဟာ ရီးရဲလ္အသင္းသားေတြအတြက္

အန္ဖီးလ္ကြင္းထဲမွာအင္အားယုတ္ေလ်ာ့ဖို႔အေထာက္အပံ့ျဖစ္ေစမွာေတာ့အမွန္ပါပဲ။