Al Wehda နဲ့ပွဲစဉ်မှာ ကစားသမားဘ၀ လိဂ်သွင်းဂိုး ၅၀၀ မြောက်ကို ရော်နယ်ဒို ပိုင်ဆိုင်ခဲ့

အယ်လ်နက်ဆာနဲ့ Al Wehda တို့ယှဉ်ပြိုင်ခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာတော့

ပေါ်တူဂီစူပါစတား ရော်နယ်ဒိုက တစ်ဦးတည်း ၄ ဂိုးသွင်းခဲ့သလို ကစားသမားဘဝတစ်လျှောက်

လိဂ်သွင်းဂိုး ၅၀၀ မြောက်နဲ့ ၅၀၁ ဂိုး မြောက်တွေကိုရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းကစားခဲ့တဲ့ပွဲစဉ်မှာ ပင်နယ်တီကတစ်ဆင့်

ဆော်ဒီပရိုလိဂ် ပထမဆုံးသွင်းဂိုးရယူနိုင်ခဲ့တာဖြစ်တယ်။ Al Wehda နဲ့ပွဲမှာတော့

ပွဲချိန် ၆၁ မိနစ်အတွင်း ၄ဂိုးရအောင်သွင်းယူပြီး တစ်ချိန်ကကြောက်မက်ဖွယ်ရာ

ခြေစွမ်းမျိုးပြန်လည်ပြသခဲ့တာပါ။ ပွဲချိန် ၂၁ မိနစ်မှာတော့ ရော်နယ်ဒိုက

အယ်လ်နက်ဆာအတွက် အဖွင့်ဂိုးစသွင်းပေးခဲ့သလို မက္ကာရှိ King Abdulaziz

အားကစားကွင်းထဲက ပရိသတ်တွေဟာ ပေါ်တူဂီတိုက်စစ်မှူးရဲ့ နာမည်ကျော်

SIU အောင်ပွဲခံမှုမှာပူးပေါင်းပါဝင်သွားခဲ့ကြပါတယ်။ ဘလွန်းဒီအော် ၅ကြိမ်ရှင်ဟာ

ပထမပိုင်းတစ်လျှောက်လုံး Al Wehda ခံစစ်ကိုဖိအားပေးကစားသွားနိုင်ခဲ့တာဖြစ်ပြီး

မိနစ် ၄၀ အရောက်မှာတော့ ဒုတိယမြောက်သွင်းဂိုးရယူပေးခဲ့တာဖြစ်တယ်။

ကြာသပတေးညပွဲအပြီးမှာတော့ ဆိုရှယ်မီဒီယာပေါ်က ပရိသတ်တွေဟာ

ရော်နယ်ဒိုရဲ့ခြေစွမ်းနဲ့ပက်သတ်ပြီး တုံ့ပြန်မှုတွေပြုလုပ်လာကြပါတယ်။

“ခရစ္စတီယာနိုရော်နယ်ဒိုဟာ သူ့ရဲ့သွင်းဂိုးတိုင်းကို ပထမဆုံးဂိုးရသလိုမျိုးအောင်ပွဲခံနေဆဲပါ” လို့

ပရိသတ်တစ်ယောက်က မှတ်ချက်ပေးခဲ့သလို ဒုတိယတစ်ယောက်က

“ဆာလောင်မှု၊ စွန့်စားမှု၊ စိတ်အားထက်သန်မှု။ နှစ်ပေါင်း ၂၀ ကျော်ကြာ

ကြီးကျယ်ခမ်းနားမှုကို ထုတ်ပြနိုင်လို့ဝမ်းသာပါတယ်” လို့ တုံ့ပြန်ခဲ့တာပါ။

တတိယတစ်ယောက်ကတော့ “ခရစ္စတီယာနိုဟာ ဘောလုံးသမိုင်းမှာ

ဂိုးအများဆုံးသွင်းသူဖြစ်ပေမဲ့ ဂိုးတိုင်းကို သူ့ရဲ့ပထမဆုံးပုံစံနဲ့ဂုဏ်ပြုပါတယ်။

ဒီဂိမ်းကိုနှစ်သက်နေလို့မဟုတ်ပါဘူး” လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

zawgyi

Al Wehda နဲ႔ပြဲစဥ္မွာ ကစားသမားဘ၀ လိဂ္သြင္းဂိုး ၅၀၀ ေျမာက္ကို ေရာ္နယ္ဒို ပိုင္ဆိုင္ခဲ့

အယ္လ္နက္ဆာနဲ႔ Al Wehda တို႔ယွဥ္ၿပိဳင္ခဲ့တဲ့ ေဆာ္ဒီပ႐ိုလိဂ္ပြဲစဥ္မွာေတာ့

ေပၚတူဂီစူပါစတား ေရာ္နယ္ဒိုက တစ္ဦးတည္း ၄ ဂိုးသြင္းခဲ့သလို ကစားသမားဘဝတစ္ေလွ်ာက္

လိဂ္သြင္းဂိုး ၅၀၀ ေျမာက္နဲ႔ ၅၀၁ ဂိုး ေျမာက္ေတြကိုရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့သီတင္းပတ္အတြင္းကစားခဲ့တဲ့ပြဲစဥ္မွာ ပင္နယ္တီကတစ္ဆင့္

ေဆာ္ဒီပ႐ိုလိဂ္ ပထမဆုံးသြင္းဂိုးရယူႏိုင္ခဲ့တာျဖစ္တယ္။ Al Wehda နဲ႔ပြဲမွာေတာ့

ပြဲခ်ိန္ ၆၁ မိနစ္အတြင္း ၄ဂိုးရေအာင္သြင္းယူၿပီး တစ္ခ်ိန္ကေၾကာက္မက္ဖြယ္ရာ

ေျခစြမ္းမ်ိဳးျပန္လည္ျပသခဲ့တာပါ။ ပြဲခ်ိန္ ၂၁ မိနစ္မွာေတာ့ ေရာ္နယ္ဒိုက

အယ္လ္နက္ဆာအတြက္ အဖြင့္ဂိုးစသြင္းေပးခဲ့သလို မကၠာရွိ King Abdulaziz

အားကစားကြင္းထဲက ပရိသတ္ေတြဟာ ေပၚတူဂီတိုက္စစ္မႉးရဲ႕ နာမည္ေက်ာ္

SIU ေအာင္ပြဲခံမႈမွာပူးေပါင္းပါဝင္သြားခဲ့ၾကပါတယ္။ ဘလြန္းဒီေအာ္ ၅ႀကိမ္ရွင္ဟာ

ပထမပိုင္းတစ္ေလွ်ာက္လုံး Al Wehda ခံစစ္ကိုဖိအားေပးကစားသြားႏိုင္ခဲ့တာျဖစ္ၿပီး

မိနစ္ ၄၀ အေရာက္မွာေတာ့ ဒုတိယေျမာက္သြင္းဂိုးရယူေပးခဲ့တာျဖစ္တယ္။

ၾကာသပေတးညပြဲအၿပီးမွာေတာ့ ဆိုရွယ္မီဒီယာေပၚက ပရိသတ္ေတြဟာ

ေရာ္နယ္ဒိုရဲ႕ေျခစြမ္းနဲ႔ပက္သတ္ၿပီး တုံ႔ျပန္မႈေတြျပဳလုပ္လာၾကပါတယ္။

“ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ သူ႔ရဲ႕သြင္းဂိုးတိုင္းကို ပထမဆုံးဂိုးရသလိုမ်ိဳးေအာင္ပြဲခံေနဆဲပါ” လို႔

ပရိသတ္တစ္ေယာက္က မွတ္ခ်က္ေပးခဲ့သလို ဒုတိယတစ္ေယာက္က

“ဆာေလာင္မႈ၊ စြန႔္စားမႈ၊ စိတ္အားထက္သန္မႈ။ ႏွစ္ေပါင္း ၂၀ ေက်ာ္ၾကာ

ႀကီးက်ယ္ခမ္းနားမႈကို ထုတ္ျပႏိုင္လို႔ဝမ္းသာပါတယ္” လို႔ တုံ႔ျပန္ခဲ့တာပါ။

တတိယတစ္ေယာက္ကေတာ့ “ခရစၥတီယာႏိုဟာ ေဘာလုံးသမိုင္းမွာ

ဂိုးအမ်ားဆုံးသြင္းသူျဖစ္ေပမဲ့ ဂိုးတိုင္းကို သူ႔ရဲ႕ပထမဆုံးပုံစံနဲ႔ဂုဏ္ျပဳပါတယ္။

ဒီဂိမ္းကိုႏွစ္သက္ေနလို႔မဟုတ္ပါဘူး” လို႔ မွတ္ခ်က္ေပးသြားခဲ့ပါတယ္။