Al Bayt ကွင်းအတွင်း အိုဇေးလ်ပုံတွေကိုင်ဆောင်ကာ ပါးစပ်ကိုလက်နဲ့ပိတ်ပြီး ပရိသတ်တွေဘက်က ဂျာမနီအသင်းကို တုံ့ပြန်ခဲ့

ဂျာမနီနဲ့ စပိန်တို့ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်မှာ အိုဇေးလ်ဓာတ်ပုံတွေကို Al Bayt ကွင်းအတွင်းရှိ ပရိသတ်အများအပြား ကိုင်ဆောင်ထားတာတွေ့ခဲ့ရပြီး သူတို့ရဲ့ပါးစပ်ကို လက်နဲ့အုပ်ထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဂျပန်နဲ့ပွဲစဉ်မှာတော့ ဂျာမနီကစားသမားတွေဟာ ဖီဖာရဲ့ OneLove လက်ပတ်ပိတ်ပင်တားမြစ်မှုကို ဆန့်ကျင်ခဲ့ကြပြီး အသင်းလိုက်မှတ်တမ်းတင်ဓာတ်ပုံရိုက်ချိန်မှာ ပါးစပ်တွေပိတ်ထားခဲ့ကြပါတယ်။

အင်္ဂလန်၊ ဂျာမနီ၊ နယ်သာလန်နဲ့ အခြားသောဥရောပနိုင်ငံတွေဟာ LGBTQ+ အသိုင်းအဝိုင်းစည်းလုံးညီညွတ်မှုကိုပြသဖို့အတွက် OneLove လက်ပတ်ဝတ်ဆင်ကစားဖို့စီစဉ်ခဲ့ကြပေမဲ့

အားကစားနဲ့ပတ်သတ်တဲ့ဒဏ်ခတ်မှုတွေနဲ့ရင်ဆိုင်ရမှာကိုထိတ်လန့်တဲ့အတွက်နောက်ဆုတ်ပေးခဲ့ကြပါတယ်။ Al Bayt ကွင်းထဲက ပရိသတ်တွေကတော့ ဂျပန်နဲ့ပွဲစဉ်က ဂျာမနီအသင်းရဲ့အပြုအမူကိုတုံ့ပြန်ခဲ့တာဖြစ်ပြီး

အိုဇေးလ်အပေါ်သူတို့ဆက်ဆံခဲ့တာတွေကိုအားလုံးသိဖို့အတွက်ပြန်ပြီးမီးမောင်းထိုးပြလိုက်တာဖြစ်တယ်။အိုဇေးလ်ဟာ လွန်ခဲ့တဲ့ ၄နှစ်ကနိုင်ငံတကာဘောလုံးကနေ အနားယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ရီးရဲလ်နဲ့

အာဆင်နယ်ကွင်းလယ်လူဟောင်းဟာ တူရကီသမ္မတအာဒိုဂန်နဲ့တွေ့ဆုံတဲ့ပုံရိပ်တွေ ထွက်ပေါ်လာခဲ့ပြီးနောက် ဂျာမနီနိုင်ငံအတွင်း အငြင်းပွားဖွယ်ရာတွေဖြစ်ပျက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အိုဇေးလ်ဟာ

သူ့ရဲ့တွစ်တာအကောင့်ကနေ လူမျိုးရေးခွဲခြားမှုနဲ့ မလေးစားမှုတွေကြောင့် ဂျာမနီအသင်းအတွက်ပြန်ကစားတော့မှာမဟုတ်ဘူးလို့အသိပေးခဲ့တာဖြစ်တယ်။ “ကျွန်တော့်အတွက်ကတော့

သမ္မတအာဒိုဂန်နဲ့ဓာတ်ပုံတွဲရိုက်တာက နိုင်ငံရေးတွေ၊ ရွေးကောက်ပွဲတွေနဲ့မသက်ဆိုင်ပါဘူး။ ငါ့မိသားစုနိုင်ငံရဲ့အမြင့်ဆုံးအဆင့်ကိုလေးစားတဲ့သဘောပါ။ ကျွန်တော့်အလုပ်ကနိုင်ငံရေးမဟုတ်သလို

ဘောလုံးသမားတစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ့ဆုံတာဟာ ဘယ်မူဝါဒကိုမှထောက်ခံတာမဟုတ်ပါဘူး။ ဂျာမနီဘောလုံးအဖွဲ့ချုပ်ရဲ့ယူဆချက်အမှားတွေကြောင့်

လက်ရွေးစင်အသင်းဂျာစီကိုဆက်မဝတ်ချင်တော့ပါဘူး။ ကျွန်တော့်ကိုမလိုလားသလိုခံစားခဲ့ရပြီး ၂၀၀၉ ခုနှစ်နိုင်ငံတကာပွဲဦးထွက်ကတည်းက အောင်မြင်ခဲ့တာတွေကိုတော့မေ့သွားကြပြီထင်တယ်” လို့

အိုဇေးလ်က တုံ့ပြန်ခဲ့တာဖြစ်တယ်။ အိုဇေးလ်က လူမျိုးရေးခွဲခြားမှုနောက်ခံရှိသူတွေကို အကြီးကျယ်ဆုံးဘောလုံးအဖွဲ့ချုပ်နေရာတွေမှာပါဝင်ခွင့်မပေးသင့်ဘူးလို့ ဂျာမနီဘောလုံးအဖွဲ့ချုပ်ဥက္ကဌဟောင်းဂရင်ဒယ်လ်ကို

ဝေဖန်ခဲ့ဖူးပါတယ်။

(Zawgyi)

Al Bayt ကြင္းအတြင္း အိုေဇးလ္ပုံေတြကိုင္ေဆာင္ကာပါးစပ္ကိုလက္နဲ႔ပိတ္ၿပီး ပရိသတ္ေတြဘက္က ဂ်ာမနီအသင္းကို တုံ႔ျပန္ခဲ့

ဂ်ာမနီနဲ႔ စပိန္တို႔ကစားခဲ့တဲ့ ကမာၻ႔ဖလားပြဲစဥ္မွာ အိုေဇးလ္ဓာတ္ပုံေတြကို Al Bayt ကြင္းအတြင္းရွိပရိသတ္အမ်ားအျပားကိုင္ေဆာင္ထားတာေတြ႕ခဲ့ရၿပီး သူတို႔ရဲ႕ပါးစပ္ကိုလက္နဲ႔အုပ္ထားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဂ်ပန္နဲ႔ပြဲစဥ္မွာေတာ့ ဂ်ာမနီကစားသမားေတြဟာ ဖီဖာရဲ႕ OneLove လက္ပတ္ပိတ္ပင္တားျမစ္မႈကိုဆန႔္က်င္ခဲ့ၾကၿပီး အသင္းလိုက္မွတ္တမ္းတင္ဓာတ္ပုံ႐ိုက္ခ်ိန္မွာ ပါးစပ္ေတြပိတ္ထားခဲ့ၾကပါတယ္။

အဂၤလန္၊ ဂ်ာမနီ၊ နယ္သာလန္နဲ႔ အျခားေသာဥေရာပႏိုင္ငံေတြဟာ LGBTQ+ အသိုင္းအဝိုင္းစည္းလုံးညီၫြတ္မႈကိုျပသဖို႔အတြက္ OneLove လက္ပတ္ဝတ္ဆင္ကစားဖို႔စီစဥ္ခဲ့ၾကေပမဲ့

အားကစားနဲ႔ပတ္သတ္တဲ့ဒဏ္ခတ္မႈေတြနဲ႔ရင္ဆိုင္ရမွာကိုထိတ္လန႔္တဲ့အတြက္ေနာက္ဆုတ္ေပးခဲ့ၾကပါတယ္။ Al Bayt ကြင္းထဲကပရိသတ္ေတြကေတာ့ ဂ်ပန္နဲ႔ပြဲစဥ္က ဂ်ာမနီအသင္းရဲ႕အျပဳအမူကိုတုံ႔ျပန္ခဲ့တာျဖစ္ၿပီး

အိုေဇးလ္အေပၚသူတို႔ဆက္ဆံခဲ့တာေတြကိုအားလုံးသိဖို႔အတြက္ျပန္ၿပီးမီးေမာင္းထိုးျပလိုက္တာျဖစ္တယ္။အိုေဇးလ္ဟာ လြန္ခဲ့တဲ့ ၄ႏွစ္ကႏိုင္ငံတကာေဘာလုံးကေန အနားယူဖို႔ဆုံးျဖတ္ခဲ့ပါတယ္။ ရီးရဲလ္နဲ႔

အာဆင္နယ္ကြင္းလယ္လူေဟာင္းဟာ တူရကီသမၼတအာဒိုဂန္နဲ႔ေတြ႕ဆုံတဲ့ပုံရိပ္ေတြထြက္ေပၚလာခဲ့ၿပီးေနာက္ ဂ်ာမနီႏိုင္ငံအတြင္းအျငင္းပြားဖြယ္ရာေတြျဖစ္ပ်က္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့

အိုေဇးလ္ဟာ သူ႔ရဲ႕တြစ္တာအေကာင့္ကေန လူမ်ိဳးေရးခြဲျခားမႈနဲ႔ မေလးစားမႈေတြေၾကာင့္ ဂ်ာမနီအသင္းအတြက္ျပန္ကစားေတာ့မွာမဟုတ္ဘူးလို႔အသိေပးခဲ့တာျဖစ္တယ္။ “ကြၽန္ေတာ့္အတြက္ကေတာ့

သမၼတအာဒိုဂန္နဲ႔ဓာတ္ပုံတြဲ႐ိုက္တာက ႏိုင္ငံေရးေတြ၊ ေ႐ြးေကာက္ပြဲေတြနဲ႔မသက္ဆိုင္ပါဘူး။ ငါ့မိသားစုႏိုင္ငံရဲ႕အျမင့္ဆုံးအဆင့္ကိုေလးစားတဲ့သေဘာပါ။ ကြၽန္ေတာ့္အလုပ္ကႏိုင္ငံေရးမဟုတ္သလို

ေဘာလုံးသမားတစ္ေယာက္ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ေတြ႕ဆုံတာဟာ ဘယ္မူဝါဒကိုမွေထာက္ခံတာမဟုတ္ပါဘူး။ ဂ်ာမနီေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ယူဆခ်က္အမွားေတြေၾကာင့္

လက္ေ႐ြးစင္အသင္းဂ်ာစီကိုဆက္မဝတ္ခ်င္ေတာ့ပါဘူး။ ကြၽန္ေတာ့္ကိုမလိုလားသလိုခံစားခဲ့ရၿပီး ၂၀၀၉ ခုႏွစ္ႏိုင္ငံတကာပြဲဦးထြက္ကတည္းက

ေအာင္ျမင္ခဲ့တာေတြကိုေတာ့ေမ့သြားၾကၿပီထင္တယ္” လို႔ အိုေဇးလ္က တုံ႔ျပန္ခဲ့တာျဖစ္တယ္။ အိုေဇးလ္က လူမ်ိဳးေရးခြဲျခားမႈေနာက္ခံရွိသူေတြကို

အႀကီးက်ယ္ဆုံးေဘာလုံးအဖြဲ႕ခ်ဳပ္ေနရာေတြမွာပါဝင္ခြင့္မေပးသင့္ဘူးလို႔ ဂ်ာမနီေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌေဟာင္းဂရင္ဒယ္လ္ကို ေဝဖန္ခဲ့ဖူးပါတယ္။