ဂျွမ်းဘာ ကစားတဲ့ပုံစံနဲ့ ဘာနာဒိုဆေးလ်ဗားဆီကို နောက်ပြန်ပေးခဲ့တဲ့ ဒီဘရိုင်းရဲ့စွမ်းရည် က ပရိသတ်ကို အံ့အားင့်စေခဲ့

ကင်းပါဝါမှာကစားခဲ့တဲ့ လက်စတာနဲ့ မန်စီးတီးပွဲစဉ်ပထမပိုင်းမှာ ဒီဘရိုင်းရဲ့ ဂျွမ်းဘာ (Acrobatics) ပုံစံနောက်ပြန်ပေးပို့ချက်က

ဆိုရှယ်မီဒီယာပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။

ဘယ်လ်ဂျီယံသားဟာရှေ့ရောက်နေတဲ့ဘောလုံးကို လေပေါ် မှာပေါင်ဖြဲလိုက်ခဲ့ပြီး

ဘာနာဒိုဆေးလ်ဗားဂိုးသွင်းနိုင်ဖို့အတွက် နောက်ပြန်ကန်ပို့ခဲ့တာ ဖြစ်တယ်။

ဂိုးမဝင်ခဲ့ဘူးဆိုပေမဲ့ ကာယဗလစွမ်းရည်ပြိုင်ပွဲနဲ့ ကိုယ်ခံပညာမှာသာအသုံး များတဲ့ Acrobatics ပုံစံကိုထုတ်ပြခဲ့တဲ့

ဒီဘရိုင်းရဲ့စွမ်းဆောင်ချက်နဲ့ပတ်သတ်လို့ ချီးကျူးသံညံစေခဲ့ပါတယ်။

ပထမပိုင်းမှာ ဂိုးမရှိသရေရလဒ်သာထွက်ပေါ်ခဲ့ပေမဲ့ ဒီဘရိုင်းရဲ့ဘောလုံးပေးပို့ချက်က ဆိုရှယ်မီဒီ ယာပေါ်မှာ ဗြောင်းဆန်ခဲ့တာပါ။

ပရိသတ်တစ်ယောက်က “ဒီဘရိုင်းပေးပို့ပုံကရယ် စရာကြီးပါ” လို့ တွစ်တာမှာရေးသားခဲ့သလို

အခြားသောပရိသတ်တွေက “မြင်ဖူးသမျှ ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲမှာ ဒီဘရိုင်းပေးပို့ချက်အကောင်းဆုံးပါပဲ” ၊

“ဝိုး..ပေးပို့ချက်က တရားလွန်ပဲ” လို့ အသီးသီးမှတ်ချက်ပေးခဲ့ကြပါတယ်။

ဘာနာဒိုဆေးလ်ဗားသာ ဂိုးဝင်အောင်ကန်နိုင်ခဲ့ရင် ဒီဘရိုင်းရဲ့ပေးပို့ချက်က

ဒီရာသီ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးတွေထဲအပါအဝင်ဖြစ်မှာတော့သေချာပါတယ်။

zawgyi

ဂၽြမ္းဘာ ကစားတဲ့ပုံစံနဲ႔ ဘာနာဒိုေဆးလ္ဗားဆီကို ေနာက္ျပန္ေပးခဲ့တဲ့ ဒီဘ႐ိုင္းရဲ႕စြမ္းရည္ က ပရိသတ္ကို အံ့အားင့္ေစခဲ့

ကင္းပါဝါမွာကစားခဲ့တဲ့ လက္စတာနဲ႔ မန္စီးတီးပြဲစဥ္ပထမပိုင္းမွာ ဒီဘ႐ိုင္းရဲ႕ ဂၽြမ္းဘာ (Acrobatics) ပုံစံေနာက္ျပန္ေပးပို႔ခ်က္က

ဆိုရွယ္မီဒီယာပရိသတ္ေတြကို အံ့အားသင့္ေစခဲ့ပါတယ္။

ဘယ္လ္ဂ်ီယံသားဟာေရွ႕ေရာက္ေနတဲ့ေဘာလုံးကို ေလေပၚ မွာေပါင္ၿဖဲလိုက္ခဲ့ၿပီး

ဘာနာဒိုေဆးလ္ဗားဂိုးသြင္းႏိုင္ဖို႔အတြက္ ေနာက္ျပန္ကန္ပို႔ခဲ့တာ ျဖစ္တယ္။

ဂိုးမဝင္ခဲ့ဘူးဆိုေပမဲ့ ကာယဗလစြမ္းရည္ၿပိဳင္ပြဲနဲ႔ ကိုယ္ခံပညာမွာသာအသုံး မ်ားတဲ့ Acrobatics ပုံစံကိုထုတ္ျပခဲ့တဲ့

ဒီဘ႐ိုင္းရဲ႕စြမ္းေဆာင္ခ်က္နဲ႔ပတ္သတ္လို႔ ခ်ီးက်ဴးသံညံေစခဲ့ပါတယ္။

ပထမပိုင္းမွာ ဂိုးမရွိသေရရလဒ္သာထြက္ေပၚခဲ့ေပမဲ့ ဒီဘ႐ိုင္းရဲ႕ေဘာလုံးေပးပို႔ခ်က္က ဆိုရွယ္မီဒီ ယာေပၚမွာ ေျဗာင္းဆန္ခဲ့တာပါ။

ပရိသတ္တစ္ေယာက္က “ဒီဘ႐ိုင္းေပးပို႔ပုံကရယ္ စရာႀကီးပါ” လို႔ တြစ္တာမွာေရးသားခဲ့သလို

အျခားေသာပရိသတ္ေတြက “ျမင္ဖူးသမွ် ပရီးမီးယားလိဂ္ပြဲစဥ္ေတြထဲမွာ ဒီဘ႐ိုင္းေပးပို႔ခ်က္အေကာင္းဆုံးပါပဲ” ၊

“ဝိုး..ေပးပို႔ခ်က္က တရားလြန္ပဲ” လို႔ အသီးသီးမွတ္ခ်က္ေပးခဲ့ၾကပါတယ္။

ဘာနာဒိုေဆးလ္ဗားသာ ဂိုးဝင္ေအာင္ကန္ႏိုင္ခဲ့ရင္ ဒီဘ႐ိုင္းရဲ႕ေပးပို႔ခ်က္က

ဒီရာသီ ပရီးမီးယားလိဂ္မွာ အေကာင္းဆုံးေတြထဲအပါအဝင္ျဖစ္မွာေတာ့ေသခ်ာပါတယ္။