ယူနိုက်တက်ကို ပြိုင်ဘက်များ အနိုင်ကျင့်မှုတွေတွေ့ရှိတယ်လို့ ရွိုင်ကိန်း ပြောဆို

ယူနိုက်တက် Legend ကြီး ရွိင်ကိန်းက ယူနိုက်တက်ကို ပြိုင်ဘက်များ

အနိုင်ကျင့်မှုတွေတွေ့ခဲ့ရကြောင်း ဘရိုက်တန်ပွဲကို ကြည့်အပြီး

ယခုလိုပြောသွားခဲ့ပါတယ်။

ရွိင်ကိန်းက ”ယူနိုက်တက်ကို အင်္ဂလန် ဒိုင်လူကြီးတချို့ ကလည်း

ဖိနှိပ်မှုတွေ မတရားဆုံးဖြတ်မှုတွေချနေတာကို

အခုရက်ပိုင်းအတွင်းမှာ ဆက်တိုက်တွေ့ခဲ့ရပါတယ်”

“နောက်တစ်ခုက ပြိုင်ဘက်အသင်းတိုင်းကလည်း

ယူနိုက်တက်အပေါ်ကို ကြမ်းကြမ်းတမ်းတမ်းနဲ့ ယှဉ်ပြိုင်ကစားလေ့ရှိပြီး

ဒိုင်တွေရဲ့ နှိပ်ကွပ်မှုနဲ့အတူ ဆက်တိုက်ခံစားနေရပါတယ်”

“ယခု ဘရိုက်တန်နဲ့ပွဲလည်း သေချာကြည့်ပါ။ ဘရူနို နဲ့ အီလန်ဂါတို့ဟာ

အနိုင်ကျင့်မှုများကို တစ်ခုပြီးတစ်ခု ခံနေရတာကိုတွေ့ရပါတယ်။

အီလန်ဂါဆို ဖျက်ထုတ်ပုံကြမ်းကြမ်းတွေနဲ့ဆက်တိုက်ရင်ဆိုင်ခဲ့ရပါတယ်”

“ဘောလုံးကစားသမားဘဝမှာ ယခုလို ဖျက်ထုတ်မှုမျိုးတွေကြောင့်

ကစားသမားဘဝဆုံးရှုံးသွားနိုင်တဲ့အတွက်

အဲ့ဒီအချက်ကို ဒိုင်တွေသေချာဆုံးဖြတ်သင့်နေပါပြီ”

“ယူနိုက်တက်မှမဟုတ်ပါဘူး အသင်းတိုင်လိုလို အတွက်

အဲ့ဒီဆုံးဖြတ်ချက်ကို ကိုင်တွယ်နိုင်ရပါတော့မယ် ” လို့ပြောသွားခဲ့ပါတယ်။

zawgyi

















