
ချဲလ်ဆီးဟာ သူတို့ရဲ့အိမ်ကွင်းမှာ 5G အင်တာနက်ကွန်ယက်လွှမ်းခြုံပေးနိုင်တဲ့
ပထမဆုံးပရီးမီးယားလိဂ်ကလပ်ဖြစ်လာပါတယ်။
ဒါကြောင့်လည်း ပွဲရှိတဲ့နေ့တွေမှာ အသင်းပရိသတ်တွေဟာ
ပိုမိုမြန်ဆန်တဲ့အင်တာနက်ကို အသုံးပြုခွင့်ရကြမှာပါ။
ဒါဟာ သူတို့ရဲ့အင်္ကျီစပွန်ဆာဖြစ်တဲ့ ဗြိတိန်တယ်လီကွန်းကုမ္ပဏီ
Three ကြောင့်ဖြစ်ပြီး စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းဝန်းကျင်မှာ
နောက်ဆုံးပေါ်အင်တာကွန်ယက်ကိုတပ်ဆင်ခဲ့တာပါ။
ဒီ 5G အင်တာနက်ကို ဖေဖော်ဝါရီ ၂၂ ရက်နေ့ကစားမယ့်
လိုင်လီနဲ့ချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ်မှာ စတင်အသုံးပြုခွင့်ရမှာ ဖြစ်ပါတယ်။
ဒီ 5G ကွန်ယက်အတွက် Three ရဲ့ဖွင့်လှစ်ပွဲအခမ်းအနားကို
စတမ်းဖို့ဒ်ဘရစ်ချ်မှာကျင်းပခဲ့ပြီး အသင်းဂန္ထဝင် ၅ ယောက်ဖြစ်တဲ့
ဇိုလာ၊ ဂတ်ဂျွန်ဆင်၊ ဂါးလက်စ်၊ ဂျရမီး နဲ့ ရော့ဘ်ဂရင်းတို့ တက်ရောက်ခဲ့ကြပါတယ်။
အဲဒီ 5G ကွန်ယက်တပ်ဆင်မှုမှာ စုစုပေါင်းကုန်ကျစရိတ်
ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ ချဲလ်ဆီးရော တယ်လီကွန်းကုမ္ပဏီ Three ပါ
ထုတ်ဖော်ပြောခြင်း မရှိခဲ့ပါဘူး။
5G အင်တာနက်ကွန်ယက်ဟာ ၂၀၁၉ မှာ ကမ္ဘာတစ်ဝန်းကိ စတင်ပျံ့နှံ့လာခဲ့ပြီး
ကွန်နက်ရှင်ပိုမြန်သလို bandwidth လည်း ပိုများတဲ့အတွက်
အင်တာနက်အသုံးပြုသူတွေအတွက်
ပိုမြန်တဲ့ download speed ပေးစွမ်းနိုင်ပြီး device ပေါင်း
ဘီလီယံနဲ့ချီ ချိတ်ဆက်နိုင်စွမ်းရှိပါတယ်။
ဗြိတိန်တယ်လီကွန်းကုမ္ပဏီ Three ရဲ့အဆိုအရ ဘောလုံးပွဲတစ်ပွဲ
ဒါမှမဟုတ် ဂီတဖျော်ဖြေပွဲတစ်ခုတက်ရောက်အားပေးတဲ့အခါမှာ
ကြုံတွေ့ရတဲ့ပြသနာကြီးတစ်ခုက 4G ကွန်ယက်ဟာ တစ်ချိန်တည်းမှာ
သုံးစွဲသူထောင်ပေါင်းများစွာကို support ပေးနိုင်မယ့် capacity မရှိတာဖြစ်ပြီး
အဲဒါကြောင့် အင်တာနက်နှေးကွေးစေကာ
ပရိသတ်တွေကို စိတ်ပျက်စေတယ်လို့ သိရပါတယ်။
Three ဟာ ၂၀၂၀ ဇူလိုင်ကပဲ ဂျပန်တာယာကုမ္ပဏီ Yokohama နေရာ
အစားဝင်လာပြီး ချဲလ်ဆီးရဲ့အင်္ကျီစပွန်ဆာဖြစ်လာခဲ့တာပါ။
zawgyi
5G အင္တာနက္ကြန္ယက္လႊမ္းၿခဳံေပးႏိုင္တဲ့ ပထမဆုံးပရီးမီးယားလိဂ္ကလပ္ ခ်ဲလ္ဆီး
ခ်ဲလ္ဆီးဟာ သူတို႔ရဲ႕အိမ္ကြင္းမွာ 5G အင္တာနက္ကြန္ယက္လႊမ္းၿခဳံေပးႏိုင္တဲ့
ပထမဆုံးပရီးမီးယားလိဂ္ကလပ္ျဖစ္လာပါတယ္။
ဒါေၾကာင့္လည္း ပြဲရွိတဲ့ေန႔ေတြမွာ အသင္းပရိသတ္ေတြဟာ
ပိုမိုျမန္ဆန္တဲ့အင္တာနက္ကို အသုံးျပဳခြင့္ရၾကမွာပါ။
ဒါဟာ သူတို႔ရဲ႕အက်ႌစပြန္ဆာျဖစ္တဲ့ ၿဗိတိန္တယ္လီကြန္းကုမၸဏီ
Three ေၾကာင့္ျဖစ္ၿပီး စတမ္းဖို႔ဒ္ဘရစ္ခ်္ကြင္းဝန္းက်င္မွာ
ေနာက္ဆုံးေပၚအင္တာကြန္ယက္ကိုတပ္ဆင္ခဲ့တာပါ။
ဒီ 5G အင္တာနက္ကို ေဖေဖာ္ဝါရီ ၂၂ ရက္ေန႔ကစားမယ့္
လိုင္လီနဲ႔ခ်န္ပီယံလိဂ္ရႈံးထြက္ပြဲစဥ္မွာ စတင္အသုံးျပဳခြင့္ရမွာ ျဖစ္ပါတယ္။
ဒီ 5G ကြန္ယက္အတြက္ Three ရဲ႕ဖြင့္လွစ္ပြဲအခမ္းအနားကို
စတမ္းဖို႔ဒ္ဘရစ္ခ်္မွာက်င္းပခဲ့ၿပီး အသင္းဂႏၴဝင္ ၅ ေယာက္ျဖစ္တဲ့
ဇိုလာ၊ ဂတ္ဂြၽန္ဆင္၊ ဂါးလက္စ္၊ ဂ်ရမီး နဲ႔ ေရာ့ဘ္ဂရင္းတို႔ တက္ေရာက္ခဲ့ၾကပါတယ္။
အဲဒီ 5G ကြန္ယက္တပ္ဆင္မႈမွာ စုစုေပါင္းကုန္က်စရိတ္
ဘယ္ေလာက္ရွိတယ္ဆိုတာကိုေတာ့ ခ်ဲလ္ဆီးေရာ တယ္လီကြန္းကုမၸဏီ Three ပါ
ထုတ္ေဖာ္ေျပာျခင္း မရွိခဲ့ပါဘူး။
5G အင္တာနက္ကြန္ယက္ဟာ ၂၀၁၉ မွာ ကမာၻတစ္ဝန္းကိ စတင္ပ်ံ႕ႏွံ႔လာခဲ့ၿပီး
ကြန္နက္ရွင္ပိုျမန္သလို bandwidth လည္း ပိုမ်ားတဲ့အတြက္
အင္တာနက္အသုံးျပဳသူေတြအတြက္
ပိုျမန္တဲ့ download speed ေပးစြမ္းႏိုင္ၿပီး device ေပါင္း
ဘီလီယံနဲ႔ခ်ီ ခ်ိတ္ဆက္ႏိုင္စြမ္းရွိပါတယ္။
ၿဗိတိန္တယ္လီကြန္းကုမၸဏီ Three ရဲ႕အဆိုအရ ေဘာလုံးပြဲတစ္ပြဲ
ဒါမွမဟုတ္ ဂီတေဖ်ာ္ေျဖပြဲတစ္ခုတက္ေရာက္အားေပးတဲ့အခါမွာ
ႀကဳံေတြ႕ရတဲ့ျပသနာႀကီးတစ္ခုက 4G ကြန္ယက္ဟာ တစ္ခ်ိန္တည္းမွာ
သုံးစြဲသူေထာင္ေပါင္းမ်ားစြာကို support ေပးႏိုင္မယ့္ capacity မရွိတာျဖစ္ၿပီး
အဲဒါေၾကာင့္ အင္တာနက္ေႏွးေကြးေစကာ
ပရိသတ္ေတြကို စိတ္ပ်က္ေစတယ္လို႔ သိရပါတယ္။
Three ဟာ ၂၀၂၀ ဇူလိုင္ကပဲ ဂ်ပန္တာယာကုမၸဏီ Yokohama ေနရာ
အစားဝင္လာၿပီး ခ်ဲလ္ဆီးရဲ႕အက်ႌစပြန္ဆာျဖစ္လာခဲ့တာပါ။