
ကိန်းဏန်းတွေအရဆိုရင်တော့ မန်စီးတီးဟာ ၂၀၂၁ ဆိုတဲ့ ပြက္ခဒိန်တစ်နှစ်တာအတွင်းမှာ
ဘယ်အင်္ဂလိပ်အသင်းထက်မဆို ပိုအောင်မြင်ခဲ့ပါတယ်။
တစ်ဦးချင်းခံစစ်မှာ တော်သင့်ရုံပဲရှိပြီး စံချိန်တင်ဂိုးသွင်းရှင်အဂူရိုနေရာ
အစားမထိုးနိုင်ခဲ့ဘူးလို့ ဂွါဒီယိုလာက ပြောနေပေမယ့်
အသင်းတစ်သင်းအတွက် မဆိုးလှတဲ့အခြေအနေပါ။
ဂွါဒီယိုလာရဲ့အသင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီကတည်းက ပြိုင်ပွဲအရပ်ရပ်
၆၅ ပွဲမှာ ၅၁ ပွဲနိုင်ခဲ့ပြီ ၁၉၈၂ က ဘော့ပိုင်စလေရဲ့လီဗာပူး လိဂ် ၃၃ ပွဲ
နိုင်ခဲ့တဲ့စံချိန်ကိုလည်း ချိုးထားပြီးသားပါ။
မန်စီးတီးဟာ ဘောက်ဆင်ဒေးမှာ ကစားမယ့် လက်စတာနဲ့
ဒီဇင်ဘာ ၂၉ မှာကစားမယ့် ဘရန့်ဖို့ဒ်နဲ့ပွဲတွေမှာလည်း အဲဒီစံချိန်ကို ထပ်တိုးနိုင်ပါတယ်။
ဂွါဒီယိုလာကတော့ ဂိုးသမားအတ်ဒါဆန်ကို သူ့ရဲ့အရေးပါဆုံးကစားမားအဖြစ်
သတ်မှတ်ထားပြီး သူ့အောင်မြင်မှုနည်းလမ်းကလည်း ဘောလုံးပိုင်ဆိုင်မှုမန္တန်လို့ ဆိုပါတယ်။
ဒီရာသီပရီးမီးယားလိဂ် ၁၈ ပွဲမှာ ၉ ဂိုးသာပေးထားရပေမယ့်လည်း
ဂွါဒီယိုလာက”ကျွန်တော်တို့ရဲ့ကစားသမားတွေကို တစ်ယောက်ချင်း
ကြည့်မယ်ဆိုရင် ဘာနာဒို၊ ဂန်ဒိုဂန်၊ ဒီဘရူနီ၊ စတာလင်း၊ မာရက်ဇ်တို့အပြင်
ကန်ဆယ်လိုနဲ့ ဇင်ချန်ကိုတို့တောင် ကောင်းမွန်တဲ့ခံစစ်သမားတွေ မဟုတ်ပါဘူး”လို့ ပြောပါတယ်။
ဒါ့အပြင် ဂွါဒီယိုလာက”ဒါပေမဲ့ ဘောလုံးရထားချိန်မှာတော့
အခွင့်အရေးတွေဖန်တီးပြီး ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင်လုပ်တယ်။
ဒီနေရာမှာ ကွင်းလယ်လူတွေက ဘယ်လိုကိုင်တွယ်မလဲဆိုတာ အရေးကြီးပါတယ်။
ကျွန်တော်တို့ဟာ ဘောလုံးနဲ့ ရှေ့ဆက်တိုးနိုင်ဖို့ လိုပါတယ်။ အဲဒီနေရာမှာ
ကျွမ်းကျင်တဲ့ လီဗာပူးလို လျင်လျင်မြန်မြန်တိုက်စစ်မဆင်နိုင်ပါဘူး။
ကျွန်တော်တို့စိတ်ရှည်ရမှာပါ။ ဒါက ဘောလုံးလေးသွား၊ နှေးသွားတဲ့
သဘောမဟုတ်ပါဘူး။ ကျွန်တော်တို့အတွက်ကတော့ ခံစစ်အသားပေးမလား
ဒါမှမဟုတ် press high ကစားမလားဆိုတာ ဘယ်ဟာမှ မဟုတ်ပါဘူး။
ဘောလုံးနဲ့အတူ အားလုံးလုပ်နိုင်ဖို့ ဖြစ်ပြီး အဲဒါထက် မပိုပါဘူး”လို့ ဆိုခဲ့တာပါ။
ဒီနှစ်မှာ ဂွါဒီယိုလာရဲ့အဓိကကျတဲ့ဆန်းသစ်တီထွင်မှုတွေထဲက တစ်ခုကတော့
အဂူရိုမရှိတော့တဲ့နောက်ပိုင်း ဒီဘရူနီ၊ ဂရီယာလစ်ရှ်၊ ဂျီးဆပ်၊ ဖိုဒန်၊ စတာလင်းနဲ့
ဘာနာဒိုတို့ကို false nine အဖြစ် အလှည့်ကျအသုံးပြုခဲ့တာပါ။
သူဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဟယ်ရီကိန်းနဲ့ စီရော်နယ်ဒိုတို့ကို
ခေါ်ယူရေး မအောင်မြင်ခဲ့သလို ဘာစီလိုနာကို ဖာရန်တောရက်စ်
ပြောင်းသွားတယ်ဆိုရင် ဒီဇန်နဝါရီမှာ လူခေါ်မှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။
ဒါပေမဲ့ တစ်ချိန်ချိန်မှာတော့ ဗဟိုတိုက်စစ်မှုးတစ်ယောက်
ခေါ်ရလိမ့်မယ်လို့ ဂွါဒီယိုလာက ပြောပါတယ်။
zawgyi
ဘယ္အဂၤလိပ္အသင္းထက္မဆို ပိုေအာင္ျမင္ခဲ့တဲ့ ဂြါဒီယိုလာရဲ႕မန္စီးတီး
ကိန္းဏန္းေတြအရဆိုရင္ေတာ့ မန္စီးတီးဟာ ၂၀၂၁ ဆိုတဲ့ ျပကၡဒိန္တစ္ႏွစ္တာအတြင္းမွာ
ဘယ္အဂၤလိပ္အသင္းထက္မဆို ပိုေအာင္ျမင္ခဲ့ပါတယ္။
တစ္ဦးခ်င္းခံစစ္မွာ ေတာ္သင့္႐ုံပဲရွိၿပီး စံခ်ိန္တင္ဂိုးသြင္းရွင္အဂူ႐ိုေနရာ
အစားမထိုးႏိုင္ခဲ့ဘူးလို႔ ဂြါဒီယိုလာက ေျပာေနေပမယ့္
အသင္းတစ္သင္းအတြက္ မဆိုးလွတဲ့အေျခအေနပါ။
ဂြါဒီယိုလာရဲ႕အသင္းဟာ ၿပီးခဲ့တဲ့ဇန္နဝါရီကတည္းက ၿပိဳင္ပြဲအရပ္ရပ္
၆၅ ပြဲမွာ ၅၁ ပြဲႏိုင္ခဲ့ၿပီ ၁၉၈၂ က ေဘာ့ပိုင္စေလရဲ႕လီဗာပူး လိဂ္ ၃၃ ပြဲ
ႏိုင္ခဲ့တဲ့စံခ်ိန္ကိုလည္း ခ်ိဳးထားၿပီးသားပါ။
မန္စီးတီးဟာ ေဘာက္ဆင္ေဒးမွာ ကစားမယ့္ လက္စတာနဲ႔
ဒီဇင္ဘာ ၂၉ မွာကစားမယ့္ ဘရန႔္ဖို႔ဒ္နဲ႔ပြဲေတြမွာလည္း အဲဒီစံခ်ိန္ကို ထပ္တိုးႏိုင္ပါတယ္။
ဂြါဒီယိုလာကေတာ့ ဂိုးသမားအတ္ဒါဆန္ကို သူ႔ရဲ႕အေရးပါဆုံးကစားမားအျဖစ္
သတ္မွတ္ထားၿပီး သူ႔ေအာင္ျမင္မႈနည္းလမ္းကလည္း ေဘာလုံးပိုင္ဆိုင္မႈမႏၲန္လို႔ ဆိုပါတယ္။
ဒီရာသီပရီးမီးယားလိဂ္ ၁၈ ပြဲမွာ ၉ ဂိုးသာေပးထားရေပမယ့္လည္း
ဂြါဒီယိုလာက”ကြၽန္ေတာ္တို႔ရဲ႕ကစားသမားေတြကို တစ္ေယာက္ခ်င္း
ၾကည့္မယ္ဆိုရင္ ဘာနာဒို၊ ဂန္ဒိုဂန္၊ ဒီဘ႐ူနီ၊ စတာလင္း၊ မာရက္ဇ္တို႔အျပင္
ကန္ဆယ္လိုနဲ႔ ဇင္ခ်န္ကိုတို႔ေတာင္ ေကာင္းမြန္တဲ့ခံစစ္သမားေတြ မဟုတ္ပါဘူး”လို႔ ေျပာပါတယ္။
ဒါ့အျပင္ ဂြါဒီယိုလာက”ဒါေပမဲ့ ေဘာလုံးရထားခ်ိန္မွာေတာ့
အခြင့္အေရးေတြဖန္တီးၿပီး ဆုံးရႈံးမႈအနည္းဆုံးျဖစ္ေအာင္လုပ္တယ္။
ဒီေနရာမွာ ကြင္းလယ္လူေတြက ဘယ္လိုကိုင္တြယ္မလဲဆိုတာ အေရးႀကီးပါတယ္။
ကြၽန္ေတာ္တို႔ဟာ ေဘာလုံးနဲ႔ ေရွ႕ဆက္တိုးႏိုင္ဖို႔ လိုပါတယ္။ အဲဒီေနရာမွာ
ကြၽမ္းက်င္တဲ့ လီဗာပူးလို လ်င္လ်င္ျမန္ျမန္တိုက္စစ္မဆင္ႏိုင္ပါဘူး။
ကြၽန္ေတာ္တို႔စိတ္ရွည္ရမွာပါ။ ဒါက ေဘာလုံးေလးသြား၊ ေႏွးသြားတဲ့
သေဘာမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔အတြက္ကေတာ့ ခံစစ္အသားေပးမလား
ဒါမွမဟုတ္ press high ကစားမလားဆိုတာ ဘယ္ဟာမွ မဟုတ္ပါဘူး။
ေဘာလုံးနဲ႔အတူ အားလုံးလုပ္ႏိုင္ဖို႔ ျဖစ္ၿပီး အဲဒါထက္ မပိုပါဘူး”လို႔ ဆိုခဲ့တာပါ။
ဒီႏွစ္မွာ ဂြါဒီယိုလာရဲ႕အဓိကက်တဲ့ဆန္းသစ္တီထြင္မႈေတြထဲက တစ္ခုကေတာ့
အဂူ႐ိုမရွိေတာ့တဲ့ေနာက္ပိုင္း ဒီဘ႐ူနီ၊ ဂရီယာလစ္ရွ္၊ ဂ်ီးဆပ္၊ ဖိုဒန္၊ စတာလင္းနဲ႔
ဘာနာဒိုတို႔ကို false nine အျဖစ္ အလွည့္က်အသုံးျပဳခဲ့တာပါ။
သူဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ဟယ္ရီကိန္းနဲ႔ စီေရာ္နယ္ဒိုတို႔ကို
ေခၚယူေရး မေအာင္ျမင္ခဲ့သလို ဘာစီလိုနာကို ဖာရန္ေတာရက္စ္
ေျပာင္းသြားတယ္ဆိုရင္ ဒီဇန္နဝါရီမွာ လူေခၚမွာ မဟုတ္ဘူးလို႔ ဆိုခဲ့ပါတယ္။
ဒါေပမဲ့ တစ္ခ်ိန္ခ်ိန္မွာေတာ့ ဗဟိုတိုက္စစ္မႈးတစ္ေယာက္
ေခၚရလိမ့္မယ္လို႔ ဂြါဒီယိုလာက ေျပာပါတယ္။