ဒိန်းမတ်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပွဲစဉ်(၈)ပွဲကစားအပြီးမှာ ပွဲတိုင်းအနိုင်ယူခဲ့ပြီး ခြေစစ်ပွဲအောင်မြင်ခဲ့

ဥရောပဘောလုံးလောကရဲ့ နာမည်ကျော်အသင်းတစ်သင်းဖြစ်တဲ့

ဒိန်းမတ်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပွဲစဉ်(၈)ပွဲကစားအပြီးမှာ

ပွဲတိုင်းအနိုင်ယူခဲ့ပြီး ခြေစစ်ပွဲအောင်မြင်ခဲ့ပြီဖြစ်ပါတယ်။ ဒိန်းမတ်အသင်းဟာ

ဥရောပဇုန်ခြေစစ်ပွဲအုပ်စု(F)မှာ စကော့တလန်၊ အစ္စရေး၊ သြစတြီးယား၊

ဖာရိုးကျွန်းစုများ၊ မော်လ်ဒိုဗာအသင်းတို့နဲ့တစ်အုပ်စုတည်းကျရောက်ခဲ့သလို

စကော့တလန်၊ သြစတြီးယားအသင်းတို့လို ခြေစွမ်းမာကျောတဲ့အသင်းတွေနဲ့

ရင်ဆိုင်ခဲ့ရပေမယ့် (၈)ပွဲကစားပြီးချိန်မှာ ပွဲတိုင်းနိုင်၊ ပေးဂိုးမရှိဆိုတဲ့မှတ်တမ်း

ကောင်းနဲ့အတူ လက်ကျန်နှစ်ပွဲမကစားခင်မှာပဲ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်

လက်မှတ်ပိုင်ဆိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့ယူရို-၂၀၂ဝပြိုင်ပွဲတုန်းက အသင်းခေါင်းဆောင်ခါဂျာရဲ့ဦးဆောင်မှုနဲ့အတူ

၁၉၈၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်

ဆီမီးဖိုင်နယ်အဆင့်အထိတက်ရောက်ခဲ့တဲ့ ဒိန်းမတ်အသင်း အခု ကမ္ဘာ့ဖလား

ခြေစစ်ပွဲတစ်လျှောက်မှာလည်း စွမ်းဆောင်ရည်ကောင်းတွေပြသခဲ့ပြီး ပွဲတိုင်းနိုင်၊

ပေးဂိုးမရှိဆိုတဲ့မှတ်တမ်းက တခြားဥရောပထိပ်သီးအသင်းတွေတောင်

မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒိန်းမတ်အသင်းမတိုင်ခင် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ

အောင်မြင်ခဲ့တဲ့ ပထမဆုံးအသင်းအဖြစ်မှတ်တမ်းခဲ့တဲ့ နာမည်ကြီးဂျာမနီ

အသင်းတောင် အုပ်စုတွင်းမှာ (၇)ပွဲနိုင်၊ (၁)ပွဲရှုံး၊ ပေးဂိုး(၃)ဂိုးရှိခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်ကာတာနဲ့အတူ ဂျာမနီ၊

ဒိန်းမတ်အသင်းတို့က ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီဖြစ်ပြီး တခြားထိပ်သီးအသင်းတွေ

ဖြစ်တဲ့ အင်္ဂလန်၊ နယ်သာလန်၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ စပိန်၊ အီတလီ၊

ပေါ်တူဂီစတဲ့အသင်းတွေကတော့ နိုဝင်ဘာလအတွင်းမှာ ပြန်လည်ကစားမယ့်

ပွဲတွေအပြီးမှ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်လက်မှတ်ရယူနိုင်ဖို့ရှိနေပါပြီ။

ပြီးခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အဓိက,ကွင်းလယ်လူအဲရစ်ဆင် နှလုံးရောဂါကြောင့်

အုပ်စုလက်ကျန်ပွဲတွေမှာမပါဝင်နိုင်ခဲ့ပေမယ့် ဘယ်သူမှမထင်မှတ်လောက်အောင်

ဆီမီးဖိုင်နယ်အဆင့်အထိတက်ရောက်နိုင်ခဲ့တဲ့ ဒိန်းမတ်အသင်းဟာ အခု

ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပွဲစဉ်(၄)ကစပြီး အဲရစ်ဆင်မပါဘဲနဲ့ (၅)ပွဲဆက်တိုက်

ကစားခဲ့ရပေမယ့် နည်းပြကတ်စ်ပါဟတ်ဂျူမတ်ရဲ့အရည်အသွေး၊ ခါဂျာအပါအဝင်

ကစားသမားတွေရဲ့စုစည်းမှုနဲ့အတူ ပွဲတိုင်းအနိုင်ယူခဲ့ပြီးတော့

ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင်စွမ်းဆောင်နိုင်ခဲ့တာပါ။ ဒိန်းမတ်အသင်းဟာ

၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ်ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး ၁၉၉၈၊

၂၀၀၂၊ ၂၀၁၀၊ ၂၀၁၈နဲ့ အခု ၂၀၂၂ ခုနှစ်မှာခြေစစ်ပွဲအောင်မြင်ခဲ့သလို အမြင့်ဆုံး

အောင်မြင်မှုအဖြစ် ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အထိတက်ရောက်ခဲ့ပါတယ်။

zawgyi

ဒိန္းမတ္အသင္းဟာ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲ အုပ္စုပြဲစဥ္(၈)ပြဲကစားအၿပီးမွာ ပြဲတိုင္းအႏိုင္ယူခဲ့ၿပီး ေျခစစ္ပြဲေအာင္ျမင္ခဲ့

ဥေရာပေဘာလုံးေလာကရဲ႕ နာမည္ေက်ာ္အသင္းတစ္သင္းျဖစ္တဲ့

ဒိန္းမတ္အသင္းဟာ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲ အုပ္စုပြဲစဥ္(၈)ပြဲကစားအၿပီးမွာ

ပြဲတိုင္းအႏိုင္ယူခဲ့ၿပီး ေျခစစ္ပြဲေအာင္ျမင္ခဲ့ၿပီျဖစ္ပါတယ္။ ဒိန္းမတ္အသင္းဟာ

ဥေရာပဇုန္ေျခစစ္ပြဲအုပ္စု(F)မွာ စေကာ့တလန္၊ အစၥေရး၊ ၾသစႀတီးယား၊

ဖာ႐ိုးကြၽန္းစုမ်ား၊ ေမာ္လ္ဒိုဗာအသင္းတို႔နဲ႔တစ္အုပ္စုတည္းက်ေရာက္ခဲ့သလို

စေကာ့တလန္၊ ၾသစႀတီးယားအသင္းတို႔လို ေျခစြမ္းမာေက်ာတဲ့အသင္းေတြနဲ႔

ရင္ဆိုင္ခဲ့ရေပမယ့္ (၈)ပြဲကစားၿပီးခ်ိန္မွာ ပြဲတိုင္းႏိုင္၊ ေပးဂိုးမရွိဆိုတဲ့မွတ္တမ္း

ေကာင္းနဲ႔အတူ လက္က်န္ႏွစ္ပြဲမကစားခင္မွာပဲ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲဝင္ခြင့္

လက္မွတ္ပိုင္ဆိုင္ခဲ့တာပါ။ ၿပီးခဲ့တဲ့ယူ႐ို-၂၀၂ဝၿပိဳင္ပြဲတုန္းက အသင္းေခါင္းေဆာင္

ခါဂ်ာရဲ႕ဦးေဆာင္မႈနဲ႔အတူ ၁၉၈၄ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္

ဆီမီးဖိုင္နယ္အဆင့္အထိတက္ေရာက္ခဲ့တဲ့ ဒိန္းမတ္အသင္း အခု ကမာၻ႔ဖလား

ေျခစစ္ပြဲတစ္ေလွ်ာက္မွာလည္း စြမ္းေဆာင္ရည္ေကာင္းေတြျပသခဲ့ၿပီး ပြဲတိုင္းႏိုင္၊

ေပးဂိုးမရွိဆိုတဲ့မွတ္တမ္းက တျခားဥေရာပထိပ္သီးအသင္းေတြေတာင္

မစြမ္းေဆာင္ႏိုင္ခဲ့ပါဘူး။ ဒိန္းမတ္အသင္းမတိုင္ခင္ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲ

ေအာင္ျမင္ခဲ့တဲ့ ပထမဆုံးအသင္းအျဖစ္မွတ္တမ္းခဲ့တဲ့ နာမည္ႀကီးဂ်ာမနီ

အသင္းေတာင္ အုပ္စုတြင္းမွာ (၇)ပြဲႏိုင္၊ (၁)ပြဲရႈံး၊ ေပးဂိုး(၃)ဂိုးရွိခဲ့တာျဖစ္ပါတယ္။

အခုဆိုရင္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲကို အိမ္ရွင္ကာတာနဲ႔အတူ ဂ်ာမနီ၊

ဒိန္းမတ္အသင္းတို႔က ပါဝင္ယွဥ္ၿပိဳင္ခြင့္ရရွိခဲ့ၿပီျဖစ္ၿပီး တျခားထိပ္သီးအသင္

းေတြျဖစ္တဲ့ အဂၤလန္၊ နယ္သာလန္၊ ျပင္သစ္၊ ဘယ္လ္ဂ်ီယံ၊ စပိန္၊ အီတလီ၊

ေပၚတူဂီစတဲ့အသင္းေတြကေတာ့ ႏိုဝင္ဘာလအတြင္းမွာ ျပန္လည္ကစားမယ့္

ပြဲေတြအၿပီးမွ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲဝင္ခြင့္လက္မွတ္ရယူႏိုင္ဖို႔ရွိေနပါၿပီ။

ၿပီးခဲ့တဲ့ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာ အဓိက,ကြင္းလယ္လူအဲရစ္ဆင္ ႏွလုံးေရာဂါေၾကာင့္

အုပ္စုလက္က်န္ပြဲေတြမွာမပါဝင္ႏိုင္ခဲ့ေပမယ့္ ဘယ္သူမွမထင္မွတ္ေလာက္ေအာင္

ဆီမီးဖိုင္နယ္အဆင့္အထိတက္ေရာက္ႏိုင္ခဲ့တဲ့ ဒိန္းမတ္အသင္းဟာ အခု

ကမာၻ႔ဖလားေျခစစ္ပြဲမွာ ပြဲစဥ္(၄)ကစၿပီး အဲရစ္ဆင္မပါဘဲနဲ႔ (၅)ပြဲဆက္တိုက္

ကစားခဲ့ရေပမယ့္ နည္းျပကတ္စ္ပါဟတ္ဂ်ဴမတ္ရဲ႕အရည္အေသြး၊ ခါဂ်ာအပါအဝင္

ကစားသမားေတြရဲ႕စုစည္းမႈနဲ႔အတူ ပြဲတိုင္းအႏိုင္ယူခဲ့ၿပီးေတာ့

ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ေအာင္စြမ္းေဆာင္ႏိုင္ခဲ့တာပါ။ ဒိန္းမတ္အသင္းဟာ

၁၉၈၆ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ပထမဆုံးအႀကိမ္ေျခစစ္ပြဲေအာင္ျမင္ခဲ့ၿပီး ၁၉၉၈၊

၂၀၀၂၊ ၂၀၁၀၊ ၂၀၁၈နဲ႔ အခု ၂၀၂၂ ခုႏွစ္မွာေျခစစ္ပြဲေအာင္ျမင္ခဲ့သလို အျမင့္ဆုံး

ေအာင္ျမင္မႈအျဖစ္ ၁၉၉၈ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ကြာတားဖိုင္နယ္အထိတက္ေရာက္ခဲ့ပါတယ္။