လီဂူးမှာ ဂိုးသွင်းနိုင်တာ အဲ့လောက် ပျော်စရာလား မက်ဆီ

နန်တက်စ်ကို ၃-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပီအက်စ်ဂျီရဲ့စနေညနိုင်ပွဲမှာ

မက်ဆီတစ်ယောက် သူ့ရဲ့ပထမဆုံးလီဂူးဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

အဲဒီပွဲမှာ ပီအက်စ်ဂျီဟာ နာရီဝက်လောက်နီးပါးကို တစ်ယောက်လျော့နဲ့

ကစားခဲ့ရပြီး ပွဲပြီခါနီး ၈၇ မိနစ်အရောက်မှာ မက်ဆီက

ဝေ့ဝိုက်ဘယ်ခြေကန်ချက်နဲ့ box အပြင်ဘက်ကနေ ကန်သွင်းခဲ့တာပါ။

ဒီရာသီကစားခဲ့တဲ့ လီဂူး ၁၄ ပွဲမှာ ပီအက်စ်ဂျီရဲ့၁၂ ပွဲမြောက်နိုင်ပွဲဖြစ်ပြီး

စနေညပွဲတွေအပြီးမှာ ဒုတိယနေရာက ရန်းနက်စ်ကို ၁၂ မှတ်ဖြတ်ထားပါတယ်။

မက်ဆီဟာ ဘာစီလိုနာကနေ ပြောင်းလာပြီးကတည်းက

ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီအတွက် ၃ ဂိုးသွင်းပေးထားပေမယ့်

ဒီ့မတိုင်ခင်က လီဂူး ၅ ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

အခုတော့ ပြင်သစ်လီဂူးမှာ ဂိုးမသွင်းနိုင်သေးတာကို အဆုံးသတ်နိုင်ခဲ့လို့

မက်ဆီတစ်ယောက် ပျော်ရွှင်နေပါတယ်။

”ပထမဆုံးလီဂူးဂိုးအတွက် ကျွန်တော်ပျော်ရွှင်မိပါတယ်။

အဲဒါကို ကျွန်တော်တကယ်လိုချင်ခဲ့တာပါ။ ဒီပွဲမတိုင်ခင်

အရင်ပွဲတွေကတည်းက ကျွန်တော်အခွင့်အရေးတွေအများကြီးရခဲ့တာပါ။

အခုတော့ လီဂူးမှာ ပထမဆုံးဂိုးသွင်းနိုင်ခဲ့လို့ အရမ်းကို ပျော်ရွှင်မိပါတယ်။

ချန်ပီယံလိဂ်မှာကတော့ ကျွန်တော်ဂိုးသွင်းပြီးထားပါ။ လီဂူးဂိုးအတွက်

အရမ်းပျော်မိတာ အမှန်ပဲ”လို့ မက်ဆီက ပွဲအပြီးမှာ ပြောခဲ့တာပါ။

အဲဒီ Ballon d’Or ၆ ဆုရှင်ဟာ သူ့လီဂူးဂိုးနဲ့ပတ်သက်လို့

ဆိုရယ်မီဒီယာတစ်ခုဖြစ်တဲ့ Instagram မှာလည်း စာရေးပြီး အောင်ပွဲခံခဲ့ပါတယ်။

မက်ဆီရဲ့ပီအက်စ်ဂျီဟာ လာမယ့်ကြားရက်ချန်ပီယံလိဂ်မှာ

မန်စီးတီးကို အဝေးကွင်းသွားရင်ဆိုင်ရမှာဖြစ်ပြီး အနိုင်ရခဲ့ရင်

အုပ်စုအမှတ်ပေးဇယားကို ဦးဆောင်နိုင်မှာပါ။

ပီအက်စ်ဂျီတိုက်စစ်ရဲသုံးဖော်ဖြစ်တဲ့မက်ဆီ၊နေမာနဲ့အမ်ဘက်ပီတို့ဟာ

စာရွက်ပေါ်မှာ ကြောက်စရာအကောင်းဆုံးဖြစ်ပေမယ့် ကွင်းထဲမှာတော့

မျှော်လင့်ထားသလို ဖြစ်မလာသေးပါဘူး။

zawgyi

လီဂူးမွာ ဂိုးသြင္းႏိုင္တာ အဲ့ေလာက္ ေပ်ာ္စရာလား မက္ဆီ

နန္တက္စ္ကို ၃-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ပီအက္စ္ဂ်ီရဲ႕စေနညႏိုင္ပြဲမွာ

မက္ဆီတစ္ေယာက္ သူ႔ရဲ႕ပထမဆုံးလီဂူးဂိုးကို သြင္းယူႏိုင္ခဲ့ပါတယ္။

အဲဒီပြဲမွာ ပီအက္စ္ဂ်ီဟာ နာရီဝက္ေလာက္နီးပါးကို တစ္ေယာက္ေလ်ာ့နဲ႔

ကစားခဲ့ရၿပီး ပြဲၿပီခါနီး ၈၇ မိနစ္အေရာက္မွာ မက္ဆီက

ေဝ့ဝိုက္ဘယ္ေျခကန္ခ်က္နဲ႔ box အျပင္ဘက္ကေန ကန္သြင္းခဲ့တာပါ။

ဒီရာသီကစားခဲ့တဲ့ လီဂူး ၁၄ ပြဲမွာ ပီအက္စ္ဂ်ီရဲ႕၁၂ ပြဲေျမာက္ႏိုင္ပြဲျဖစ္ၿပီး

စေနညပြဲေတြအၿပီးမွာ ဒုတိယေနရာက ရန္းနက္စ္ကို ၁၂ မွတ္ျဖတ္ထားပါတယ္။

မက္ဆီဟာ ဘာစီလိုနာကေန ေျပာင္းလာၿပီးကတည္းက

ခ်န္ပီယံလိဂ္မွာ ပီအက္စ္ဂ်ီအတြက္ ၃ ဂိုးသြင္းေပးထားေပမယ့္

ဒီ့မတိုင္ခင္က လီဂူး ၅ ပြဲမွာ ဂိုးမသြင္းႏိုင္ခဲ့ပါဘူး။

အခုေတာ့ ျပင္သစ္လီဂူးမွာ ဂိုးမသြင္းႏိုင္ေသးတာကို အဆုံးသတ္ႏိုင္ခဲ့လို႔

မက္ဆီတစ္ေယာက္ ေပ်ာ္႐ႊင္ေနပါတယ္။

”ပထမဆုံးလီဂူးဂိုးအတြက္ ကြၽန္ေတာ္ေပ်ာ္႐ႊင္မိပါတယ္။

အဲဒါကို ကြၽန္ေတာ္တကယ္လိုခ်င္ခဲ့တာပါ။ ဒီပြဲမတိုင္ခင္

အရင္ပြဲေတြကတည္းက ကြၽန္ေတာ္အခြင့္အေရးေတြအမ်ားႀကီးရခဲ့တာပါ။

အခုေတာ့ လီဂူးမွာ ပထမဆုံးဂိုးသြင္းႏိုင္ခဲ့လို႔ အရမ္းကို ေပ်ာ္႐ႊင္မိပါတယ္။

ခ်န္ပီယံလိဂ္မွာကေတာ့ ကြၽန္ေတာ္ဂိုးသြင္းၿပီးထားပါ။ လီဂူးဂိုးအတြက္

အရမ္းေပ်ာ္မိတာ အမွန္ပဲ”လို႔ မက္ဆီက ပြဲအၿပီးမွာ ေျပာခဲ့တာပါ။

အဲဒီ Ballon d’Or ၆ ဆုရွင္ဟာ သူ႔လီဂူးဂိုးနဲ႔ပတ္သက္လို႔

ဆိုရယ္မီဒီယာတစ္ခုျဖစ္တဲ့ Instagram မွာလည္း စာေရးၿပီး ေအာင္ပြဲခံခဲ့ပါတယ္။

မက္ဆီရဲ႕ပီအက္စ္ဂ်ီဟာ လာမယ့္ၾကားရက္ခ်န္ပီယံလိဂ္မွာ

မန္စီးတီးကို အေဝးကြင္းသြားရင္ဆိုင္ရမွာျဖစ္ၿပီး အႏိုင္ရခဲ့ရင္

အုပ္စုအမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္မွာပါ။

ပီအက္စ္ဂ်ီတိုက္စစ္ရဲသုံးေဖာ္ျဖစ္တဲ့မက္ဆီ၊ေနမာနဲ႔အမ္ဘက္ပီတို႔ဟာ

စာ႐ြက္ေပၚမွာ ေၾကာက္စရာအေကာင္းဆုံးျဖစ္ေပမယ့္ ကြင္းထဲမွာေတာ့

ေမွ်ာ္လင့္ထားသလို ျဖစ္မလာေသးပါဘူး။