
ပေါ်တူဂီကို အနိုင်ရပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့တဲ့နောက်
ဆာဘီးယားတိုက်စစ်မှူးမီထရိုဗစ်ဟာ ရော်နယ်ဒိုကို
ရည်ရွယ်လှောင်ပြောင်ကာ အောင်ပွဲခံခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။
ဆာဘီးယားကို ကာတာဆီ အရောက်ပို့ပေးနိုင်ခဲ့တဲ့
အနိုင်ဂိုးကို မီထရိုဗစ်က ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပြီး
သမိုင်းဝင်အောင်မြင်မှုကို ဆာဘီးယားတို့ ရယူနိုင်ခဲ့ပါတယ်။
ပွဲအပြီး အောင်ပွဲခံချိန်မှာတော့ အသက် ၂၇ နှစ်အရွယ် မီထရိုဗစ်ဟာ
ကိုကာကိုလာဗူးကို ကိုင်မြှောက်ကာ ရုပ်သံမီဒီယာသမားတွေရှေ့မှာ
အောင်ပွဲခံခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ ရော်နယ်ဒိုဟာ ဂိုးပေါက်ကန်သွင်းခွင့်တောင်
မရခဲ့တာကြောင့် ပွဲအပြီးမှာတော့ နည်းပြနဲ့ အချေအတင်တွေ ဖြစ်နေခဲ့တာ မြင်ခဲ့ရပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ
ကိုကာကိုလာသောက်တာထက် ရေသောက်တာက ပိုကောင်းတယ်ဆိုတဲ့
အကြောင်း ပြောဆိုခဲ့ဖူးတာဖြစ်ပါတယ်။ အဆိုပါအချိန်တုန်းက ကိုကာကိုလာ
ကုမ္ပဏီဟာ ရော်နယ်ဒိုရဲ့ ပြောစကားတခွန်းကြောင့် ရှယ်ယာဈေးနှုန်းတွေ
ပြုတ်ကျခဲ့ပြီး ဒေါ်လာ ၅.၂ ဘီလီယံအထိ ဆုံးရှုံးခဲ့ရပါတယ်။
အခုတော့ မီထရိုဗစ်က ကိုလာကုမ္ပဏီအတွက် လက်စားချေ
ပေးခဲ့တာဖြစ်တယ်လို့ Sportbible က တင်စားရေးသားခဲ့ပြီး
ပရိသတ်တွေကလည်း သက်သက်လှောင်ပြောင်တာဖြစ်တယ်လို့
အခိုင်အမာယုံကြည်နေကြပါတယ်။ မီထရိုဗစ်ဟာ နယူးကာဆယ်၊
ဖူလ်ဟမ်တို့နဲ့အတူ ပရီးမီးယားလိဂ်မှာ ဖြတ်သန်းခဲ့သူဖြစ်ပြီး
ယခုနှစ်ဘောလုံးရာသီမှာတော့ ဖူလ်ဟမ်အသင်းအတွက် ချန်ပီယံရှစ်ပြိုင်ပွဲမှာ
၁၇ ပွဲကစားကာ ဂိုး ၂၀ သွင်းပေးထားနိုင်ခဲ့သူဖြစ်ပါတယ်။
zawgyi
ေရာ္နယ္ဒိုကို ရည္႐ြယ္ေလွာင္ေျပာင္ကာ ေအာင္ပြဲခံခဲ့တဲ့ မီထ႐ိုဗစ္
ေပၚတူဂီကို အႏိုင္ရၿပီး ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ခဲ့တဲ့ေနာက္
ဆာဘီးယားတိုက္စစ္မႉးမီထ႐ိုဗစ္ဟာ ေရာ္နယ္ဒိုကို
ရည္႐ြယ္ေလွာင္ေျပာင္ကာ ေအာင္ပြဲခံခဲ့တယ္လို႔ စြပ္စြဲခံေနရပါတယ္။
ဆာဘီးယားကို ကာတာဆီ အေရာက္ပို႔ေပးႏိုင္ခဲ့တဲ့
အႏိုင္ဂိုးကို မီထ႐ိုဗစ္က ေခါင္းတိုက္သြင္းယူခဲ့တာျဖစ္ၿပီး
သမိုင္းဝင္ေအာင္ျမင္မႈကို ဆာဘီးယားတို႔ ရယူႏိုင္ခဲ့ပါတယ္။
ပြဲအၿပီး ေအာင္ပြဲခံခ်ိန္မွာေတာ့ အသက္ ၂၇ ႏွစ္အ႐ြယ္ မီထ႐ိုဗစ္ဟာ
ကိုကာကိုလာဗူးကို ကိုင္ေျမႇာက္ကာ ႐ုပ္သံမီဒီယာသမားေတြေရွ႕မွာ
ေအာင္ပြဲခံခဲ့ပါတယ္။ အဲဒီပြဲစဥ္မွာ ေရာ္နယ္ဒိုဟာ ဂိုးေပါက္ကန္သြင္းခြင့္ေတာင္
မရခဲ့တာေၾကာင့္ ပြဲအၿပီးမွာေတာ့ နည္းျပနဲ႔ အေခ်အတင္ေတြ ျဖစ္ေနခဲ့တာ ျမင္ခဲ့ရပါတယ္။
ေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲရဲ႕ သတင္းစာရွင္းလင္းပြဲတစ္ခုမွာ
ကိုကာကိုလာေသာက္တာထက္ ေရေသာက္တာက ပိုေကာင္းတယ္ဆိုတဲ့
အေၾကာင္း ေျပာဆိုခဲ့ဖူးတာျဖစ္ပါတယ္။ အဆိုပါအခ်ိန္တုန္းက ကိုကာကိုလာ
ကုမၸဏီဟာ ေရာ္နယ္ဒိုရဲ႕ ေျပာစကားတခြန္းေၾကာင့္ ရွယ္ယာေဈးႏႈန္းေတြ
ျပဳတ္က်ခဲ့ၿပီး ေဒၚလာ ၅.၂ ဘီလီယံအထိ ဆုံးရႈံးခဲ့ရပါတယ္။
အခုေတာ့ မီထ႐ိုဗစ္က ကိုလာကုမၸဏီအတြက္ လက္စားေခ်
ေပးခဲ့တာျဖစ္တယ္လို႔ Sportbible က တင္စားေရးသားခဲ့ၿပီး
ပရိသတ္ေတြကလည္း သက္သက္ေလွာင္ေျပာင္တာျဖစ္တယ္လို႔
အခိုင္အမာယုံၾကည္ေနၾကပါတယ္။ မီထ႐ိုဗစ္ဟာ နယူးကာဆယ္၊
ဖူလ္ဟမ္တို႔နဲ႔အတူ ပရီးမီးယားလိဂ္မွာ ျဖတ္သန္းခဲ့သူျဖစ္ၿပီး
ယခုႏွစ္ေဘာလုံးရာသီမွာေတာ့ ဖူလ္ဟမ္အသင္းအတြက္ ခ်န္ပီယံရွစ္ၿပိဳင္ပြဲမွာ
၁၇ ပြဲကစားကာ ဂိုး ၂၀ သြင္းေပးထားႏိုင္ခဲ့သူျဖစ္ပါတယ္။