လိုရစ်နဲ့ယှဉ်ရင်တော့ မာတီနက်ဇ်ကချာတိတ်အဆင့်လောက်ပဲရှိသေးတယ်လို့ ကွန်တီ ယူဆ

December 31, 2022 author one 0

အာဂျင်တီးနားအသင်းကမ္ဘာ့ချန်ပီယံဆုဆွတ်ခူးရာလမ်းကြောင်းမှာ ဂိုးသမားမာတီနက်ဇ်ကအဓိက ဇာတ်ကောင်ဖြစ်ခဲ့ပေမဲ့ သူ့အတွက် အခက်အခဲတွေက အခုမှစမှာဖြစ်တယ်လို့ စပါးနည်းပြကွန်တီက သတိပေးလိုက်ပါတယ်။ တနင်္ဂနွေနေ့မှာ စပါးနဲ့ ဗီလာတို့ထိပ်တိုက် တွေ့ဖို့ရှိနေပြီး ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ တွေ့ဆုံခဲ့တဲ့ လိုရစ်နဲ့ မာတီနက်ဇ်တို့ရဲ့အားပြိုင်မှုကို ပြန်လည်မြင်တွေ့ရဖို့ရှိနေတာဖြစ်တယ်။ ဒီလိုအချိန်မှာတော့ လိုရစ်ကဘယ်လိုကစားသမားမျိုးလည်းဆိုတာကို အချက်အလက်တွေကအဖြေပေးသွားလိမ့်မယ်လို့ ကွန်တီက ဆိုလိုက်ပါတယ်။ ကမ္ဘာ့ဖလားရခဲ့တဲ့ မာတီနက်ဇ်က အခုမှ […]

ကမ္ဘာ့လုပ်ခလစာအများဆုံး အားကစားသမားစာရင်းမှာ ထိပ်ဆုံးနေရာရောက်လာခဲ့တဲ့ ရော်နယ်ဒို

December 31, 2022 author one 0

ဆော်ဒီကလပ်အယ်လ်နက်ဆာအသင်းနဲ့ ၂နှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့တဲ့ ရော်နယ်ဒိုဟာ လုပ်ခလစာအမြင့်ဆုံးအားကစားသမားစာရင်းမှာ မက္ကဆီကိုလက်ဝှေ့ကျော်ကာနယ်လိုအဲလ်ဗာရက်ဇ်ကို ကျော်ဖြတ်ပြီး ထိပ်ဆုံးမှာ ပြတ်သားစွာရပ်တည်ပြခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ဆော်ဒီကလပ်နဲ့စာချုပ်မှာအကျိုးအမြတ်ခံစားခွင့်များစွာရရှိခဲ့ပြီး အခြေခံလစာက တစ်နှစ်ကို ပေါင် ၆၁ သန်းလောက်ရှိမယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ စာချုပ်ထဲပါဝင်နေတဲ့ စီးပွားရေးအခွင့်အလမ်းနဲ့ အပိုဆုကြေးတွေထပ်ပေါင်းမယ်ဆိုရင်တော့ ရော်နယ်ဒိုဟာ ဆော်ဒီကလပ်မှာ တစ်နှစ်ကို ပေါင် ၁၇၃ […]

လက်စတာနဲ့ပွဲမှာ လွဲလို့ကောင်းဆဲဖြစ်နေတဲ့ ဒါဝင်းနူးနက်ဇ်ရဲ့ခြေစွမ်းအပေါ် ပရိသတ်တွေအားလုံးတစ်လေသံတည်းထွက်ခဲ့ကြပြန်

December 31, 2022 author one 0

သောကြာညကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးက လက်စတာကို ၂-၁ နဲ့အနိုင်ရခဲ့ပေမဲ့ ကြိုးကြာနီတိုက်စစ်မှူးတွေ တစ်ယောက်မျှဂိုးမသွင်းနိုင်ခဲ့ပါဘူး။ အဆိုးဆုံးကတော့ ဒါဝင်းနူးနက်ဇ်လို့ပဲ ပြောရပါလိမ့်မယ်။ ဥရုဂွေးတိုက်စစ်မှူးဟာ လီဗာပူးကစားသမား ဘဝအစမှာ အတော်လေးရုန်းကန်နေရတာဖြစ်ပြီး ကလော့ပ်ရဲ့ အမြဲတစေဦးစားပေးခံရပေမဲ့ အဆုံးသတ်တွေမှာတော့ လွဲချော်လို့ ကောင်းနေဆဲဖြစ်တယ်။ ကြိုးကြာနီတွေနဲ့ ပွဲဦးထွက်မှာ အနီကတ်နဲ့ အထုတ်ခံရတဲ့ နူးနက်ဇ်ဟာ […]

တန်ဟတ်က မက်ဂွိုင်းယားကို အရန်ခုံမှာတမင်ထားခဲ့တာဖြစ်တယ်လို့ ယူနိုက်တက်နောက်ခံလူဟောင်း ပါကား ယူဆ

December 31, 2022 author one 0

အင်္ဂလန်နောက်ခံလူမက်ဂွိုင်းယားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး အစောဆုံးပြန်ကစားခဲ့တဲ့ ဘန်လေနဲ့ ကာရာဘောင်းဖလားပွဲစဉ်အတွက် ယူနိုက်တက်အသင်းလူစာရင်းမှာမပါဝင်နိုင်ခဲ့ပါဘူး။ နည်းပြတန်ဟတ်ကတော့ မက်ဂွိုင်းယားဖျားနေတယ်လို့ အကြောင်းပြချက်ပေးခဲ့သလို နော်တင်ဟမ်ကို ၃ဂိုးပြတ် အနိုင်ရတဲ့ပွဲမှာလည်း အရန်ခုံထိုင်ခိုင်းခဲ့ပါတယ်။ မိုးအေးတဲ့ညမျိုးမှာ တကယ်ဖျားနေတယ်ဆိုရင် တန်ဟတ်က မက်ဂွိုင်းယားကို အရန်ခုံထိုင်ခိုင်းစရာအကြောင်းမရှိသလို နည်းဗျူဟာအရသာ ချန်လှပ်ခံရတာဖြစ်နိုင်တယ်လို့ ယူနိုက်တက်နောက်ခံလူဟောင်း ပေါလ်ပါကားက သုံးသပ်လိုက်ပါတယ်။ တန်ဟတ်ဟာ နော်တင်ဟမ်နဲ့ပွဲမှာ […]

ဇန်နဝါရီလလယ်မှာ မက်ဆီနဲ့ ရော်နယ်ဒိုတို့ အရှေ့အလယ်ပိုင်းမှာစစ်ခင်းကြရဖို့ ရှိနေတယ်

December 31, 2022 author one 0

ပြီးခဲ့တဲ့သောကြာနေ့မှာတော့ ဆော်ဒီကလပ်အယ်လ်နက်ဆာအသင်းက ရော်နယ်ဒိုကိုခေါ်ယူနိုင်ခဲ့ပြီလို့ အတည်ပြုထုတ်ပြန်ကြေညာလိုက်ပါတယ်။ ပေါ်တူဂီစူပါစတားကို အမြင့်ဆုံးအဆင့်မှာဆက်လက်မြင်တွေ့ လိုချင်သူတွေအတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ပေမဲ့ အရှေ့အလယ်ပိုင်း ဘောလုံးတိုးတက်မှုအတွက်တော့ အများကြီးအထောက်အပံ့ဖြစ်စေမှာပါ။ ဥရောပရပ်ဝန်းမှာ GOAT နှစ်ယောက်တွေ့ဆုံဖို့ဆိုတာမဖြစ်နိုင်တော့ပေမဲ့ ပရိသတ်တွေအနေနဲ့ မက်ဆီ VS ရော်နယ်ဒိုတွေ့ဆုံမှုကို ခံစားရဖို့အခွင့်အရေးရှိနေပါတယ်။ ဒါက ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာအခွင့်အရေးတစ်ရပ်ပါပဲ။ ပီအက်စ်ဂျီအသင်းဟာ ဇန်နဝါရီလလယ်မှာ ခြေစမ်းပွဲကစားဖို့အတွက် […]

မက်ဆီရဲ့နာမည်ကိုနဖူးမှာ တက်တူးထိုးမိတဲ့အတွက်နောင်တရမိတယ်လို့ ပရိသတ်တစ်ဦး ဖွင့်ဟလာ

December 31, 2022 author one 0

အာဂျင်တီးနားနဲ့အတူသမိုင်းဝင်အောင်မြင်မှုရခဲ့တဲ့ မက်ဆီနဲ့ပက်သတ်လို့ ကမ္ဘာတစ်လွှားက ပရိသတ်တွေစိတ်မခိုင်ခဲ့ပါဘူး။ တက်တူးအနုပညာရှင်တွေဟာ မက်ဆီ ကမ္ဘာ့ဖလားရရှိခဲ့တဲ့နောက် အလုပ်ဖြစ်ခဲ့ကြပြီး ပရိသတ်အများစုဟာ အာဂျင်တီးနား ကြယ်ပွင့်နဲ့ပက်သတ်လို့ ရူးသွပ်ကုန်ကြပါတယ်။ ဒီထဲမှာ ကိုလံဘီယာသားတစ်ယောက်ဖြစ်တဲ့ မိုက်ဂျမ့်စ်က တစ်ဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။ သူကတော့ မက်ဆီရဲ့အမည်ကို နဖူးမှာသေရာပါ တက်တူးထိုးခဲ့တာဖြစ်တယ်။ ဒါဟာ မိုက်မဲလွန်းတယ်လို့ ဝေဖန်သူတွေရှိတဲ့ကြားက မိုက်ဂျမ့်စ်က မရမကလုပ်ခဲ့တာဖြစ်တယ်။ […]

တက်တူးရောဂါထနေတဲ့ ဂါနာချိုရဲ့ နောက်ဆုံးပေါ်လူမှုကွန်ယက်ပို့စ်ကို သရဲနီပရိသတ်တွေ ဒေါသတကြီး တုံ့ပြန်

December 30, 2022 author one 0

ယူနိုက်တက်ပရိသတ်တွေဟာ လူငယ်ကြယ်ပွင့်လေး ဂါနာချိုရဲ့ လူမှုကွန်ယက်ပို့စ်နဲ့ပက်သတ်လို့ ဒေါသတကြီးတုံ့ပြန်ခဲ့ကြပါတယ်။ တန်ဟတ်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်ပြန်လည်လှုပ်ရှားမှုအစမှာ နော်တင်ဟမ်ကို ရက်ရှ်ဖို့ဒ်၊ မာရှယ်၊ ဖရက်ဒ်တို့ရဲ့သွင်းဂိုးတွေနဲ့ အနိုင်ယူကျော်ဖြတ်ပြထားပါတယ်။ လာမယ့်ပွဲစဉ်မှာတော့ Molineux ကိုသွားရောက်ပြီး နည်းပြလိုပီတီဂူရဲ့ ဝုဗ်အသင်းနဲ့ ရင်ဆိုင်ရဖို့ရှိနေပါတယ်။ ဒီပွဲမတိုင်ခင်မှာတော့ ဂါနာချိုဟာ သူ့ခြေထောက်ကတက်တူးအသစ်ကို Instagram story တင်ခဲ့ပါတယ်။ သရဲနီပရိသတ်တွေအတွက်တော့ […]

အာဂျင်တီးနားသမ္မတရွေးကောက်ပွဲရဲ့ သမ္မတလောင်းစာရင်းမှာ မက်ဆီ ထိပ်ဆုံးကဦးဆောင်ထား

December 30, 2022 author one 0

အာဂျင်တိုင်းပြည်သူတွေကတော့ လာမယ့်သမ္မတရွေးကောက်ပွဲမှာ မက်ဆီကိုမဲပေးသွားဖို့ရှိနေပါတယ်။ မက်ဆီဟာ ၂၀၂၁ ကိုပါအမေရိက ဖလားကို သိမ်းပိုက်နိုင်ခဲ့သလို ၂၀၂၂ မှာ အာဂျင်တီးနားအတွက် ၃၆နှစ် ကြာဝေးကွာနေတဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကိုပါ အရယူပေးနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ မက်ဆီရဲ့ ကြိုးစားအားထုတ်မှုတွေက အာဂျင်တိုင်းသားတွေအတွက် ဂုဏ်ယူစရာဖြစ်နေသလို သမ္မတလောင်းစာရင်းမှာလည်း ထိပ်ဆုံးကဦးဆောင်ထားနိုင်ပြီဖြစ်တယ်။ ကမ္ဘာ့ချန်ပီယံဆု ပိုင်ဆိုင်ခဲ့ပြီးတဲ့နောက် မက်ဆီဟာ […]

၂၀၂၂ ခုနှစ်အတွက်ဝင်ငွေအကောင်းဆုံး အားကစားသမားစာရင်းမှာ မက်ဆီ ထိပ်ဆုံးရပ်တည်

December 30, 2022 author one 0

အာဂျင်တီးနားကြယ်ပွင့်မက်ဆီဟာ တစ်နှစ်တာဝင်ငွေအကောင်းဆုံး (၂၀၂၂)ကစားသမားစာရင်းမှာ ထိပ်ဆုံးရပ်တည်နိုင်ခဲ့ပြီး ယူနိုက်တက်နဲ့ လမ်းခွဲခဲ့တဲ့ ရော်နယ်ဒိုကတော့ နောက်ကောက်ချနိုင်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်း အားကစားသမားတွေထဲမှာတော့ ဘောလုံးကြယ်ပွင့် နှစ်ယောက်ဖြစ်တဲ့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ ကွင်းတွင်း၊ ကွင်းပြင်မှာ ဂုဏ်ပြုဆုတွေအတွက်မကြာခဏဆိုသလို ယှဉ်ပြိုင်ခဲ့ရပါတယ်။ ကမ္ဘာ့ဖလားအပြီးမှာတော့ မက်ဆီက ဘယ်သူအကောင်းဆုံးလဲဆိုတဲ့ငြင်းခုန်မှုတော်တော်များများကို အဆုံးသတ်ပေးခဲ့ပါတယ်။ မက်ဆီဟာ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ပေးအပ်ချီးမြှင့်တဲ့ […]

ဆိုးလ်ရှားနဲ့ ရန်နစ်ဂ်တို့လက်ထက်မှာလွဲချော်ခဲ့တဲ့ တန်ဟတ်ရဲ့အားသာချက် နှစ်ခုကို ဘရူနိုဖာနန်ဒက်စ် ရင်ဖွင့်

December 29, 2022 author one 0

ယူနိုက်တက်ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ကတော့ နည်းပြ တန်ဟတ်လက်ထက်မှာပြောင်းလဲလာတဲ့ အချက်နှစ်ချက်ကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ တန်ဟတ်ရောက်လာပြီးတဲ့ နောက်ပိုင်းနောက်ပိုင်းမှာတော့ သရဲနီတွေရဲ့မျှော်လင့်ချက်က အသက်ပြန်ဝင်လာခဲ့တာဖြစ်တယ်။ ဒီရာသီအနေအထားမှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဓိကထားနေပြီး ဒါဟာ ယူနိုက်တက်အတွက် အကြီးမားဆုံးပြိုင်ဆိုင်မှုဖြစ်တယ်လို့ တန်ဟတ်ကိုယ်တိုင်က ထုတ်ဖော်ပြောဆိုထားတာဖြစ်တယ်။ နယ်သာလန်နည်းပြဟာ ယူနိုက်တက်ရဲ့ကစားပုံကိုပိုပြီးဆွဲဆောင်မှုရှိအောင်လုပ်ပြထားနိုင်သလို ရက်ရှ်ဖို့ဒ်အပါအဝင် မာတီနက်ဇ်နဲ့ ကက်စ်မီရိုတို့လိုကစားသမားတွေက အသင်းကိုဦးဆောင်ပေးထားနိုင်ပြီဖြစ်တယ်။ ဒါ့အပြင် သရဲနီတွေရဲ့ […]