အက်စတွန်ဗီလာနဲ့ပွဲစဉ်မှာ ဘရူနို ဖာနန်ဒက်စ် ပါဝင်ခွင့်မရတာကြောင့် တန်ဟက် ဘယ်သူကိုပွဲထုတ်လာမလဲ…?

October 31, 2022 Ye Aung 0

ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ ရခဲ့တဲ့အဝါကဒ်ကြောင်း ဘရူနို ဖာနန်ဒက်စ်ဟာ အက်စတွန်ဗီလာနဲ့ ကစားမယ့် ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်ကို လွဲချော်မှာ ဖြစ်ပါတယ်။ ဘရူနို ဖာနန်ဒက်စ်ဟာ ဝက်စ်ဟမ်းကို ( ၁-၀ ) အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဂျာရတ် ဘိုးဝင်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် အဝါကတ် ပြခံခဲ့ရပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ဥပေဒအရ […]

” ရော်နယ်ဒိုကို ရှေ့ဘက်တိုက်စစ်နေရာကနေ စောစောစီးစီး နောက်ဆင်းမလာပါနဲ့ ” လို့ တန်ဟက်က သတိပေးထား

October 31, 2022 Ye Aung 0

အိုးထရက်ဖိုဒ်မှာ ကစားခဲ့ကြတဲ့ ယူနိုက်တက်နဲ့ ဝက်စ်ဟမ်းတို့ပွဲမှာ ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဆက်လက်ပွဲထွက်ခွင့်ရခဲ့ပါတယ်။ သူဟာ ဒီရာသီမှာ ခြေစွမ်းကောင်းမပြနိုင်သေးသလို ပုံမှန် ပွဲထွက်ခွင့်ရရှိဖို့ နည်းပြ တန်ဟက်နဲ့ အခြေအတင်ဖြစ်ခဲ့ရတဲ့ အထိ အရံခုံမှာထိုင်ခဲ့ရရင်း ပွဲထွက်ခွင့်ပျောက်ဆုံးနေခဲ့ရပါတယ်။ လက်ရှိမှာ အန်သိုနီ မာရှယ် ၊ အန်တိုနီ တို့က ဒဏ်ရာ […]

မက်ဆီရဲ့နည်းပြက ဖီးလ်နဗီးလ်ဆို အရယ်ရဆုံးဖြစ်မှာလို့ ပရိသတ်တွေနောင်ပြောင်နေကြ

October 31, 2022 Ye Aung 0

မက်ဆီဟာ ပီအက်စ်ဂျီနဲ့စာချုပ်သက်တမ်းကုန်ချိန်မှာ အင်တာမီယာမီကိုပြောင်းနိုင်တယ်လို့ သတင်းထွက်ပေါ်လာပြီးနောက် ဆိုရှယ်မီဒီယာပေါ်က ပရိသတ်တွေဟာ အဲဒီအပေါ် ဝေဖန်နောက်ပြောင်နေကြပါတယ်။ ဒေးဗစ်ဘက်ခမ်းပူးတွဲပိုင်ဆိုင်တဲ့အင်တာမီယာမီဟာ လာမယ့်လတွေမှာ အဲဒီ Ballon d’Or ၇ ထပ်ကွမ်းကစားသမားကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်ထားကြောင်း ဗြိတိန်အားကစားသတင်းဌာန The Athletic က ဖော်ပြခဲ့တာပါ။ ဒါပေမဲ့လည်း ဆိုရှယ်မီဒီယာပေါ်က ပရိသတ်အများစုဟာ […]

ငွေတွေဒလဟောဝင်ဖို့ ဂါထာရွတ်စရာမလိုဘဲ အာကြီးကို အားပေးဖို့ပဲ လိုတယ်ဆိုတဲ့ ပရိသတ်

October 31, 2022 Aung Thu 0

အာဆင်နယ်က နော်တင်ဟမ်ဖောရက်စ်အသင်းကို ၅-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲ စဉ်မှာ အာဆင်နယ်ပရိသတ်တစ်ယောက် အထုပ်နဲ့ အထည်နဲ့ကို ပွပေါက် တိုးခဲ့တဲ့သတင်းဟာ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ နေရာယူခဲ့တယ်။ အာဆင်နယ် ပရိသတ်တစ်ယောက်ဖြစ်ပြီး ကော်လန်မက်ဂျင်လေလို့ နာမည်ရတဲ့ ပရိသတ်တစ်ယောက်ဟာ အာဆင်နယ်-နော်တင်ဟမ်ပွဲစဉ်မှ ာ ဖြစ်နိုင်ခြေ အရမ်းကို နည်းပါးလွန်းတဲ့ ထိုးကွက်တစ်ခုကို […]

ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ပြည့်တဲ့အခါ မက်ဆီကို ရသွားနိုင်တဲ့ အသင်းတစ်သင်း ရှိတယ်

October 31, 2022 Aung Thu 0

ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီဟာ ပြင်သစ်ကလပ်နဲ့အတူ စာချုပ်သက်တမ်း ကုန်ဆုံးတဲ့အခါ ပြောင်းရွှေ့သွားနိုင်တဲ့ အသင်းတစ်သင်းရဲ့ နာမည်ကို The Athletic ဝက်ဘ်ဆိုက်က ဖွင့်ချလိုက်ပါတယ်။ အာဂျင်တီးနား အသင်းခေါင်း ဆောင်ဟာ ၂၀၂၀ ပြည့်နှစ်မှာ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ပြောင်းရွှေ့ လာခဲ့ပြီးတဲ့နောက် ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ပွဲဦးထွက်ရာသီမှာ […]

ဒါလော့ကိုသာချီးကျူးခဲ့ပြီး တန်ဟတ်မျက်ကွယ်ပြုခြင်းခံရတဲ့ ဘစ်ဆာကာရဲ့ သရဲနီအနာဂါတ်ပြီးဆုံးသွားနိုင်

October 31, 2022 Aung Thu 0

ဝက်စ်ဟမ်းနဲ့ပွဲစဉ်အပြီးမှာတော့ အမေ့ခံဖြစ်နေတဲ့ ညာနောက်ခံလူ ဝမ်ဘစ်ဆာကာရဲ့ ယူနိုက်တက်ကစားသမားဘ၀ကုန်ဆုံးသွားနိုင်ကြောင်း တန်ဟတ်ကအရိပ်အမြွက် ဆိုခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဝက်စ်ဟမ်းကိုအနိုင်ယူခဲ့ပြီးနောက် အိုးလ်ထရက်ဖို့ဒ် မှာ ၈ပွဲဆက်မရှုံးတဲ့မှတ်တမ်းစိုက်ထူးပြီး ချဲလ်ဆီးကိုကျော်ဖြတ်ကာ အမှတ်ပေးဇ ယားအဆင့် ၅နေရာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ ပြိုင်ဘက်ရဲ့အန္တရာယ်ရှိတဲ့ ဖြတ်တင်ဘော နှစ်ကြိမ်ကိုခေါင်းတိုက်ရှင်းထုတ်ပြီး ကာကွယ်နိုင်ခဲ့သလို တိုးတက်မှုရှိလာခဲ့တဲ့ ဒါလော့နဲ့ပတ်သတ်ပြီး နည်းပြတန်ဟတ် […]

သူ့ကိုဝေဖန်လေကန်လုပ်ခဲ့တဲ့ ဂယ်ရီနဗီးလ်ကိုခပ်ချေချေဆက်ဆံပြလိုက်တဲ့ ရော်နယ်ဒို

October 31, 2022 Aung Thu 0

ရော်နယ်ဒိုဟာ ဝက်စ်ဟမ်းနဲ့ပွဲစဉ်မတိုင်ခင် သွေးပူလေ့ကျင့်ခန်းလုပ်ဖို့ ကွင်းထဲဝင်လာခဲ့ပြီးနောက် ဒီပွဲကို Sky Sports ရုပ်သံတင်ဆက်သူအဖြစ်ပါဝင်ခဲ့တဲ့ အသင်းဖော်ဟောင်း ဆာဟာကိုပြေးလွှားနှုတ်ဆက်ခဲ့ပါတယ်။ ဆာဟာရဲ့ဘေးမှာတော့ Sky Sports ရုပ်သံပါတနာတွေအဖြစ် ဂျေမီရက်နပ်နဲ့ ဂယ်ရီနဗီးလ်တို့ရှိနေခဲ့ပါတယ်။ ဆာဟာပြီးတဲ့နောက် ရော်နယ်ဒိုက ဂျေမီရက်နပ်ကိုထပ်မံနှုတ်ဆက်ခဲ့ပြီး ဂယ်ရီနဗီးလ်ကိုတော့မျက်ကွယ်ပြုခဲ့ပါတယ်။ စပါးနဲ့ပွဲစဉ်မပြီးခင်မှာ ကွင်းထဲကထွက်ခွာခဲ့တဲ့ ရော်နယ်ဒိုကို ဂယ်ရီနဗီးလ်ကအကြီးအကျယ်ဝေဖန်ခဲ့ဖူးသူ ဖြစ်ပြီး […]

ပရော်ဖက်ရှယ်နယ်ကစားသမားဘ၀ ပထမဆုံးအနီကတ်ထိခဲ့တဲ့ စနိုက်ပါတိုနီခရူးစ်

October 31, 2022 Aung Thu 0

ကွင်းလယ်မှာ ခပ်အေးအေးပုံစံကစားတတ်တဲ့ တိုနီခရူးစ်ဟာ ဂျီရိုနာနဲ့ လာလီဂါပွဲစဉ် မှာတော့ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ ပထမဆုံးအနီကတ်ထိခဲ့ပါတယ်။ နာကျင်အချိန်ပိုအရောက်မှာ ပြိုင်ဘက်ရဲ့တန်ပြန်တိုက်စစ်ကို နည်းစနစ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်ကျူးလွန်ပြီး ကစားကွက်အကြော ကိုဖြတ်တောက်ခဲ့တဲ့ တိုနီခရူးစ်ဟာ ဒုတိယမြောက်အဝါကတ်ထိပြီး ပြိုင်ပွဲကထွက်ခွာခဲ့ရတာဖြစ်တယ်။ “ဆိုးရွားတဲ့ဖျက်ထုတ်မှုပါပဲ” လို့ တိုနီခရူးစ်ရဲ့တားဆီးပုံကို ပရိသတ်တစ်ယောက်က တွစ်တာပေါ်မှာဝေဖန်ခဲ့ပါတယ်။ အဆန်စီယိုကိုလူစားဝင်ခိုင်းဖို့အတွက် အဝါကတ်ထိထားတဲ့ တိုနီခရူးစ်ကိုမရွေးချယ်ဘဲ […]

သွင်းဂိုးတွေနဲ့အတူ အကောင်ဖြစ်လာပေမဲ့ နှိမ့်ချတတ်တဲ့ ရက်ရှ်ဖို့ဒ်ကို ပရိသတ်တွေ အသည်းပေးတယ်

October 31, 2022 Aung Thu 0

ပြီးခဲ့တဲ့ ရာသီမှာ ပုံစံကောင်းရဖို့ ရုန်းကန်ခဲ့ရပေမဲ့ လက်ရှိဘောလုံးရာသီမှာတော့ မန်ယူနဲ့အတူ ပုံစံကောင်းရနေတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်အပေါ် ပရိသတ်တွေ ချီးမွမ်းနေကြပြီ ဖြစ်ပေမဲ့လည်း ကာယကံရှင်ကတော့ နှိမ့်ချရိုကျိုး တဲ့ စိတ်ဓာတ်မျိုးသာရှိနေပြီး အသင်းအတွက် အပြည့်အ၀ အာရုံစိုက်ထားတယ်လို့ ဆိုပါတယ်။ ဝက်စ်ဟမ်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်ဟာ သူ့ရဲ့ သွင်းဂိုး […]

ပြိုင်ဘက်တွေအတွက်သာမကဘဲ ၁၉ သင်း ဖန်တွေအတွက်ပါ နတ်ဆိုး တစ်ပါး ဖြစ်လာနေတဲ့ မာတီနက်ဇ်

October 31, 2022 Aung Thu 0

ဝက်စ်ဟမ်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ မန်ယူအတွက် ရင်ဘတ်ကြီးနဲ့ ရင်းပြီး ပေးဆပ်ကစားသွားခဲ့တဲ့ နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ကတော့ သရဲနီ ပရိသတ်တိုင်းရဲ့ နှလုံးသားကို သိမ်းပိုက်သွားခဲ့ပါပြီ။ ပထမပိုင်းမှာ သွင်းယူခဲ့ တဲ့ တိုက်စစ်မှူးရက်ရှ်ဖို့ရဲ့ အနိုင်ဂိုးကြောင့် မန်ယူဟာ ၈ ပွဲဆက်တိုက် ရှုံးပွဲမရှိ ရလဒ်ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ […]