ဖခင်ဖြစ်သူကိုရည်ရွယ်ပြီး အသင်းသစ်မှာကျောနံပါတ် ၃၉ ကိုရွေးချယ်လိုက်တဲ့ သားလိမ္မာဘရူနိုဂီမာရေးစ်

January 31, 2022 Author One 0

နယူးကာဆယ်အသင်းကခေါ်ယူလိုက်တဲ့ ကွင်းလယ်လူဘရူနိုဂီမာရေးစ် ဟာ သူ့အသင်းသစ်မှာကျောနံပါတ် ၃၉ ကိုရွေးချယ် လိုက်ပြီး ဒါဟာဖခင်ဖြစ်သူကိုရည်ရွယ်တဲ့အတွက် ကလပ်ပရိသတ်တွေကကျေနပ်သဘောကျနေကြပါတယ်။ ဘရာဇီးသား ဖြစ်တဲ့ ဂီမာရေးစ်ဟာ လိုင်ယွန်ကနေပြောင်းလာသူဖြစ်ပြီး သူ့အတွက် နယူးကာဆယ်ကပေါင် ၄၃ သန်းပေးခဲ့ရလို့ ကလပ်သ မိုင်းမှာ စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဖြစ်လာတဲ့သူပါ။ သူဟာ လိုင်ယွန်မှာတုန်းကလည်းနံပါတ ၃၉ ဘဲဝတ်ခဲ့သလို နယူးကာ […]

ပီအက်စ်ဂျီတိုက်စစ်မှူး ဘာပေကို တစ်နှစ်လုပ်ခ ပေါင် ၄၁သန်းဝန်းကျင်နဲ့ ခေါ်ယူဖို့ ရီးရဲလ် သဘောတူညီမှုရရှိ

January 31, 2022 authorphyo 0

ဂျာမနီသတင်းဌာနတွေရဲ့ဖော်ပြချက်အရ ရီးရဲလ်ဟာ ယခုရာသီအကုန်မှာ ပီအက်စ်ဂျီတိုက်စစ်မှူး ဘာပေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖု့ိ သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်း သိရပါတယ်။ BILD သတင်းဌာနက ပြင်သစ်လက်ရွေးစင် ဘာပေအနေနဲ့ နောက်ဆုံးတော့ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဇွန်လမှာ ရီးရဲလ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိသွားပြီဖြစ်ကြောင်း သိရပါတယ်။ ပီအက်စ်ဂျီဟာ ပြီးခဲ့တဲ့နွေရာသီက ဘာပေအတွက် […]

အသင်းအတွက် နိုင်အောင်ကန်သလို စိတ်ဓာတ်အဆင့်အတန်းကိုပါပြခဲ့တဲ့ ဆာလက်

January 31, 2022 Author One 0

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်နောက်ဆုံးပွဲတွေကို ယမန်နေ့ညက ကျင်းပပြုလုပ်ခဲ့ရာ လီဗာပူးတိုက်စစ်မှူးတွေဖြစ်တဲ့ ဆာလက်နဲ့ မာနေးတို့ရဲ့လက်ရွေးစင်အသင်းတွေ အသီးသီးအနိုင်ရခဲ့ကြပါတယ်။ ဆာလက်ရဲ့အီဂျစ်အသင်းက ဟာကီမီရဲ့ မော်ရိုကိုအသင်းကို အချိန်ပိုမှာ ၂-၁ ဂိုးနဲ့အနိုင်ယူပြီး ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့ကာ ဆာလက်က အသင်းအတွက် အရေးပါတဲ့ချေပဂိုးသွင်းယူနိုင်ခဲ့သလို ဗီလာတောင်ပံကစားသမား ထရက်ဇီဂေးရဲ့အနိုင်ဂိုးအတွက်လည်း အကောင်းဆုံးဖန်တီးပေးနိုင်ခဲ့ပါတယ်။ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ စုစုပေါင်း ၇ကြိမ် ဗိုလ်စွဲထားတဲ့ […]

သားအဖနှစ်ဦးလေ့ကျင့်ခန်းဆင်းစဉ်ခဏ လို့ ခေါင်းစဉ်ပေးရမလား…

January 31, 2022 Author One 0

မန်ယူအသင်းတိုက်စစ်မှူး စီရော်နယ်ဒိုဟာသူ့ရဲ့အင်စတာဂရမ်ပေါ်မှာ သားဖြစ်သူနဲ့ လေ့ကျင့်ခန်းအတူဆင်းနေကြပုံတွေကို တင်ခဲ့ပြီးနောက် ပရိသတ်တွေကသဘောကျကာ မှတ်ချက်အမျိုးမျိုးပေးနေကြပါတယ်။ သူဟာသားဖြစ်သူ စီရော်နယ်ဒိုဂျူနီ ယာနဲ့ လေ့ကျင့်ခန်းဆင်းနေတဲ့ပုံတွေကိုတင်ပြီး ပစ္စုပ္ပန်နဲ့ အနာဂတ်( Present and future) လို့စာရေးထိုးခဲ့ပါတယ်။ ဒီပုံထဲမှာ စီရော်နယ်ဒိုဟာ အင်္ကျီချွတ်နဲ့ ကွင်းအတွင်းမှာပြေးလွှားနေပြီး ဂျူနီယာကတော့ မန်ယူလေ့ကျင့်ခန်းဝတ်စုံဝတ်ကာ ဘော လုံးနဲ့အတူလေ့ကျင့်ခန်းပြုလုပ်နေတာကို […]

ဆိုရှယ်မီဒီယာပေါ်က စွပ်စွဲမှုတွေအပြီးမှာ ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးစစ်ဆေးခြင်းကို ခံနေရတဲ့ ဂရင်းဝုဒ်

January 31, 2022 Author One 0

မန်ယူတိုက်စစ်မှုးမေဆန်ဂရင်းဝုဒ်ဟာ ဆိုရှယ်မီဒီယာပေါ်က စွပ်စွဲမှုတွေအပြီးမှာ ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးစစ်ဆေးခြင်းကို ခံနေရပါတယ်။ Greater Manchester ရဲတပ်ဖွဲ့က ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားခံံခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဆိုရှယ်မီဒီယာပေါ်က ပုံတွေနဲ့ ဗီဒီယိုတွေကို သူတို့သတိထားမိခဲ့ကြောင်း ကြေညာပါတယ်။ အဲဒီနောက် မုဒိမ်းမှုနဲ့ အကြမ်းဖက်စော်ကားမှုသံသယတွေအတွက အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း အဲဒီကြေညာချက်မှာ […]

ဥရုဂွေးကို ရွေးချယ်ထားသင့်တဲ့ တောင်အမေရိကဇုန် ခြေစစ်ပွဲများ ( ကိုရွှေမောင်း )

January 31, 2022 Author One 0

တောင်အမေရိက ခြေစစ်ပွဲစဥ် ၁၆ ကို မြန်မာစံတော်ချိန် ဒီကနေ့ညနဲ့ မနက်ဖြန်မနက် မှာ ၅ ပွဲလုံးကစားကြမှာပါ။ လက်ကျန် ၂ ပွဲကို မတ်လရောက်မှ ပြန်ကစားမှာဖြစ်ပြီး ဒီကနေ့ကစားမယ့်ပွဲတွေမှာတော့ ဥရုဂွေးကို အကြိုက်ဆုံးပါပဲ။ ဘိုလီးဗီးယား VS ချီလီ ဘိုလီးဗီးယားဟာ ခြေစစ်ပွဲအစ ၁၀ ပွဲမှာ […]

overhead kick နဲ့အဖိုးတန်ချေပဂိုးကိုရယူပေးနိုင်ခဲ့တဲ့ ဝိန်းရူနီရဲ့ဒါဘီကောင်တီ

January 31, 2022 Author One 0

ဝိန်းရူနီကိုင်တွယ်နေတဲ့ ဒါဘီအသင်းဟာမနေ့ညက ဘာမင်ဂမ်နဲ့ယှဥ်ပြိုင်ခဲ့ရာမှာ ချေပဂိုးတွေးကိုပွဲချိန်နှောင်းပိုင်းကျမှသွင်းယူပြီး ၂-၂ သရေကျခဲ့လို့ သူတို့အတွက်အဖိုးတန်တစ်မှတ်ရရှိသွားပါတယ်။ ဧည့်သည်ဘာမင်ဂမ်ဟာ ပွဲချိန် ၈၇ မိနစ်အထိ ၂ ဂိုးအသာနဲ့ဦးဆောင်ခဲ့ပေမယ့် ၈၇ မိနစ်နဲ့ ၉၆ မိနစ်တို့မှာ ချေပဂိုးတွေသွင်းယူခဲ့တာပါ။ ဒါဘီအတွက်ပထမဆုံးချေပဂိုးကို ၈၇ မိနစ်မှာ လုခ်ပလန်ဂီက သွင်းယူခဲ့တာပါ။ နာကျင်အချိန်ပိုမှာ ဒါဘီဟာချေပဂိုးထပ်ရဖို့ကြိုးစားခဲ့ပေမယ့် […]

ဟာလန်းနေရာမှာ အစားထိုးသွားဖို့ ဆာဆူအိုလိုအသင်းရဲ့ တိုက်စစ်မှူးကို ပစ်မှတ်ထားလျက်ရှိတဲ့ ဒေါ့မွန်အသင်း

January 31, 2022 Author One 0

ဒေါ့မွန် အသင်းအနေနဲ့ တိုက်စစ်ကစားသမား ဟာလန်းရဲ့ နေရာမှာ ပြန်လည်အစားထိုးသွားဖို့အတွက် အီတလီ စီးရီးအေကလပ် ဆာဆူအိုလိုအသင်းရဲ့ တိုက်စစ်မှူး ဂျန်လူကာဆကန်မာကာကို ပစ်မှတ်ထားလျက် ရှိနေတယ်လို့ သိရှိရပါတယ်။ အသက်(၂၁)နှစ်အရွယ် နော်ဝေလက်ရွေးစင် တိုက်စစ်ကစားသမားလေး ဟာလန်းဟာ လာမယ့်နွေမှာ ဒေါ့မွန်ကနေ သေချာပေါက် ထွက်ခွာဖွယ် ရှိနေပြီး သူ့ကို ပီအက်စ်ဂျီ၊ […]

ဘယ်လောက်ပဲ ခင်ခင် အမှားဘက်က မရပ်တည်ဘူးဆိုတာ သက်သေပြလိုက်တဲ့ သရဲနီတွေ

January 31, 2022 Author One 0

ဂရင်းဝုဒ် ရဲ့ ရည်းစားဖြစ်သူ ဖွင့်ချလိုက်တဲ့ ပုံတွေအရ နှုတ်ခမ်း၊ပေါင်၊လက်မောင်း နေရာအတော်များများမှာ ထိခိုက် ဒဏ်ရာနဲ့ အညိုမဲစွဲနေပြီး အတော့်ကို ပြင်းပြင်းထန်ထန် နှိပ်စက်ခံထားရတယ်လို့ ဆိုပါတယ်။ ထွက်ပေါ်လာတဲ့ အသံဖိုင်အရလည်း ဂရင်းဝုဒ် ဟာ သာမန်ထက် လိင်စိတ်လွန်ကဲနေဟန်ရှိပြီး ပညာရှင်တစ်ဦးကတော့ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိနေပုံရတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ […]

ယူနိုက်တက်တို့က ပစ်မှတ်ထားတဲ့ လူးဝစ်ဇ်ဒီယက်ဇ်ကို လီဗာပူးလ်အသင်းက လက်ဦးမှုရယူနိုင်လိုက်ပြီဖြစ်

January 31, 2022 Author One 0

လီဗာပူးလ်အသင်းဟာ ပေါ်တိုအသင်းက ကိုလံဘီယာလက်ရွေးစင်တောင်ပံတိုက်စစ်ကစားသမားလူးဝစ်ဒီယက်ဇ်ကို ယူရိုသန်း(၆၀)နဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။ အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ လူးဝစ်ဒီယက်ဇ်ဟာ ဒီရာသီမှာ ပေါ်တိုအသင်းအတွက်ခြေစွမ်းပြကစားနေသူဖြစ်ပြီး ပြိုင်ပွဲစုံ(၂၈)ပွဲကစား၊ (၁၆)ဂိုးသွင်းယူထားသလို သူ့ကိုခေါ်ယူဖို့ စပါး၊ မန်ချက်စတာယူနိုက်တက်တို့က ပစ်မှတ်ထားခဲ့ပေမယ့် အခုအချိန်မှာတော့ လီဗာပူးလ်အသင်းက လက်ဦးမှုရယူနိုင်လိုက်ပြီဖြစ်ပါတယ်။ လီဗာပူးလ်နဲ့လူးဝစ်ဒီယက်ဇ်တို့ရဲ့ အပြောင်းအရွှေ့သတင်းတွေကို နာမည်ကျော်ဂျာနယ်လစ်ဖြစ်တဲ့ ဖာဘရစ်ဇီယိုရိုမာနိုက အတည်ပြုခဲ့ပြီး လီဗာပူးလ်ဂျာစီဝတ်ထားတဲ့ လူးဝစ်ဒီယက်ဇ်ပုံနဲ့အတူ […]