လာလီဂါဥက္ကဌ တီဘက်စ် အတွက် PSG ရဲ့ တုန့်ပြန်ချက်

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ လာလီဂါသတင်းစာရှင်းလင်းပွဲမှာတော့ ဥက္ကဌဖြစ်တဲ့ တီဘက်စ်က ပြင်သစ်လိဂ်အနေနဲ့ ဥရောပမှာကစားနေတဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားတွေရဲ့ အနားမယူခင် ကန်တဲ့လိဂ်ဖြစ်လာခဲ့ပြီလို့ ပြောခဲ့ပါတယ်။ လာလီဂါဥက္ကဌ တီဘက်စ်အနေနဲ့ နွေရာသီအပြောင်းအရွှေ့တုန်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဘာစီလိုနာက မက်ဆီ နဲ့ ရီးရဲလ်က ရာမို့စ် တို့ကို PSG အသင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့အပေါ် ပြစ်တင်ဝေဖန်ခဲ့တာပဲ ဖြစ်ပါတယ်။

ဥက္ကဌ တီဘက်စ်က ” PSG ကို ကြည့်ရတာဟာ အသက်ကြီးတဲ့ကစား သမားတွေကို ခေါ်ယူပြီး လိဂ်ပြိုင်ပွဲကို စိတ်ဝင်စားဖို့အတွက် လုပ်ဆောင်နေသလို ဖြစ်နေပါတယ်။ လာလီဂါမှာဆိုရင် ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမားတွေ အများကြီးရှိပါတယ်။ PSG ဟာ စူပါလိဂ်ပြိုင်ပွဲလိုမျိုးပဲ ဘောလုံးလောကအတွက် အန္တရာယ်ရှိတဲ့ အသင်းတစ်သင်းဖြစ်လာခဲ့ပါပြီ ။ ဒါကို ကျွန်တော်တို့ ဖြေရှင်းဖို့အတွက် လုပ်ဆောင်သွားမှာပါ” ဆိုပြီး ပြောခဲ့ပါတယ်။

PSG ကလည်း လုံး၀ ငြိမ်ခံ မနေဘဲ တရားဝင် ကြေငြာချက်ထုတ်ပြန်ကာ အခုလို တုန့်ပြန်လိုက်ပါတယ်။

“ မစ္စတာ တီဘက်စ် ခင်ဗျားဟာ ပြင်သစ် လိဂ်ကိုရော ၊ ကျွန်တော်တို့ ကလပ် ၊ ကျွန်တော်တို့ ကစားသမားတွေ နဲ့ အခြား ဘောလုံးအသင်းတွေတင် မကဘဲ ၊ ပြင်သစ် ဘောလုံးပရိသတ်တွေကိုပါ လူသိရှင်ကြား တိုက်ခိုက်သလို ဖြစ်နေပြီ။ ခင်ဗျား ဟာ ဘဏ္ဍာရေး ဆိုင်ရာ ကိန်း ဂဏန်းတွေကို အခြေအမြစ် မရှိဘဲ ကိုးကားပြောဆိုနေတာပါ။”

“ကျွန်တော်တို့ ကလပ်ဟာ UEFA ကနေ ချမှတ်ထားတဲ့ စည်းမျဉ်းတွေ ကိုရော ၊ ပြင်သစ် ဘောလုံး အဖွဲ့ချုပ်က ချမှတ်ထားတဲ့ စည်းမျဉ်းတွေကိုပါ နှစ်စဉ်နှစ်တိုင်း လိုက်နာပြီးသား ဆိုတာ ခင်ဗျားသိပြီးသားပါ။ ဒီနေရာမှာ ပြင်သစ် လီဂူးပြိုင်ပွဲဟာ ခင်ဗျားရဲ့ အကြွေးထူနေတဲ့ လာလီဂါ ပြိုင်ပွဲလို မဟုတ်ဘဲ ဘဏ္ဍာရေး ဆိုင်ရာ ကိန်းဂဏန်းတွေ တောင့်တင်းပြီးသား ဆိုတာ အသိပေးချင်ပါတယ်။”

“အခုတော့ ကစားသမားတွေ ကိုပါ ထည့်သွင်းပြီး ပေါ်ပေါ်တင်တင် တိုက်ခိုက်လာတယ် ဆိုတာ ၊ မနာလိုတဲ့ စိတ်တွေ အတင်းများနေတယ် ဆိုတာ ပေါ်လွင်လွန်းနေပါတယ် ။ ဘာလို့လဲ ဆိုတော့ အဲဒီကစားသမားတွေက ခင်ဗျား ရဲ့ ပြိုင်ပွဲကို ကျောခိုင်းပစ်ခဲ့လို့ မဟုတ်လား” လို့ တုန့်ပြန်သွားခဲ့ ပါတယ်။

zawgyi

လာလီဂါဥကၠဌ တီဘက္စ္ အတြက္ PSG ရဲ႕ တုန္႔ျပန္ခ်က္

ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔က ျပဳလုပ္ခဲ့တဲ့ လာလီဂါသတင္းစာရွင္းလင္းပြဲမွာေတာ့ ဥကၠဌျဖစ္တဲ့ တီဘက္စ္က ျပင္သစ္လိဂ္အေနနဲ႔ ဥေရာပမွာကစားေနတဲ့ ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားေတြရဲ႕ အနားမယူခင္ ကန္တဲ့လိဂ္ျဖစ္လာခဲ့ၿပီလို႔ ေျပာခဲ့ပါတယ္။ လာလီဂါဥကၠဌ တီဘက္စ္အေနနဲ႔ ေႏြရာသီအေျပာင္းအေ႐ႊ႕တုန္းက အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ဘာစီလိုနာက မက္ဆီ နဲ႔ ရီးရဲလ္က ရာမို႔စ္ တို႔ကို PSG အသင္းက အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူခဲ့တဲ့အေပၚ ျပစ္တင္ေဝဖန္ခဲ့တာပဲ ျဖစ္ပါတယ္။

ဥကၠဌ တီဘက္စ္က ” PSG ကို ၾကည့္ရတာဟာ အသက္ႀကီးတဲ့ကစား သမားေတြကို ေခၚယူၿပီး လိဂ္ၿပိဳင္ပြဲကို စိတ္ဝင္စားဖို႔အတြက္ လုပ္ေဆာင္ေနသလို ျဖစ္ေနပါတယ္။ လာလီဂါမွာဆိုရင္ ေျခစြမ္းျပေနတဲ့ လူငယ္ကစားသမားေတြ အမ်ားႀကီးရွိပါတယ္။ PSG ဟာ စူပါလိဂ္ၿပိဳင္ပြဲလိုမ်ိဳးပဲ ေဘာလုံးေလာကအတြက္ အႏၲရာယ္ရွိတဲ့ အသင္းတစ္သင္းျဖစ္လာခဲ့ပါၿပီ ။ ဒါကို ကြၽန္ေတာ္တို႔ ေျဖရွင္းဖို႔အတြက္ လုပ္ေဆာင္သြားမွာပါ” ဆိုၿပီး ေျပာခဲ့ပါတယ္။

PSG ကလည္း လုံး၀ ၿငိမ္ခံ မေနဘဲ တရားဝင္ ေၾကျငာခ်က္ထုတ္ျပန္ကာ အခုလို တုန႔္ျပန္လိုက္ပါတယ္။

“ မစၥတာ တီဘက္စ္ ခင္ဗ်ားဟာ ျပင္သစ္ လိဂ္ကိုေရာ ၊ ကြၽန္​ေတာ္တို႔ ကလပ္ ၊ ကြၽန္​ေတာ္တို႔ ကစားသမားေတြ နဲ႔ အျခား ေဘာလုံးအသင္းေတြတင္ မကဘဲ ၊ ျပင္သစ္ ေဘာလုံးပရိသတ္ေတြကိုပါ လူသိရွင္ၾကား တိုက္ခိုက္သလို ျဖစ္ေနၿပီ။ ခင္ဗ်ား ဟာ ဘ႑ာေရး ဆိုင္ရာ ကိန္း ဂဏန္းေတြကို အေျခအျမစ္ မရွိဘဲ ကိုးကားေျပာဆိုေနတာပါ။”

“ကြၽန္​ေတာ္တို႔ ကလပ္ဟာ UEFA ကေန ခ်မွတ္ထားတဲ့ စည္းမ်ဥ္းေတြ ကိုေရာ ၊ ျပင္သစ္ ေဘာလုံး အဖြဲ႕ခ်ဳပ္က ခ်မွတ္ထားတဲ့ စည္းမ်ဥ္းေတြကိုပါ ႏွစ္စဥ္ႏွစ္တိုင္း လိုက္နာၿပီးသား ဆိုတာ ခင္ဗ်ားသိၿပီးသားပါ။ ဒီေနရာမွာ ျပင္သစ္ လီဂူးၿပိဳင္ပြဲဟာ ခင္ဗ်ားရဲ႕ အေႂကြးထူေနတဲ့ လာလီဂါ ၿပိဳင္ပြဲလို မဟုတ္ဘဲ ဘ႑ာေရး ဆိုင္ရာ ကိန္းဂဏန္းေတြ ေတာင့္တင္းၿပီးသား ဆိုတာ အသိေပးခ်င္ပါတယ္။”

“အခုေတာ့ ကစားသမားေတြ ကိုပါ ထည့္သြင္းၿပီး ေပၚေပၚတင္တင္ တိုက္ခိုက္လာတယ္ ဆိုတာ ၊ မနာလိုတဲ့ စိတ္ေတြ အတင္းမ်ားေနတယ္ ဆိုတာ ေပၚလြင္လြန္းေနပါတယ္ ။ ဘာလို႔လဲ ဆိုေတာ့ အဲဒီကစားသမား​​ေတြက ခင္ဗ်ား ရဲ႕ ၿပိဳင္ပြဲကို ေက်ာခိုင္းပစ္ခဲ့လို႔ မဟုတ္လား” လို႔ တုန႔္ျပန္သြားခဲ့ ပါတယ္။