ရော်နယ်ဒို သတင်းနဲ့ အခြား အကြောင်းအရာများ

ယမန်နေ့ ညက ယှဉ်ပြိုင် ကစား သွားခဲ့ကြတဲ့ ဥရောပ ဘောလုံး ပွဲစဉ်တွေ မှာတော့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူးကြီး ရောဘတ် လီဝန်ဒေါ့စကီး နဲ့ လာဇီယို တိုက်စစ်မှူးကြီး အင်မိုဘီလီ တို့ ဟက်ထရစ် ကိုယ်စီ ရရှိ ခဲ့ကြပါတယ်။

လီဝန်ဒေါ့စကီး ဟာ ဟာသာဘာလင် အသင်းကို ၅ – ၀ နဲ့ အနိုင် ရတဲ့ ပွဲမှာ ဟက်ထရစ် သွင်းယူ နိုင်ခဲ့တာ ဖြစ်ပြီး အင်မိုဘီလီ ကတော့ စပီဇီယာ ကို 6-1 နဲ့ အနိုင်ရတဲ့ ပွဲမှာ ဟက်ထရစ် သွင်းယူ ခဲ့တာပဲ ဖြစ်ပါတယ်။

ချဲလ်ဆီး နောက်ခံလူ ကတ် ဇူးမား ဟာ ဝက်စ်ဟမ်း ယူနိုက်တက် ထံ ပေါင် သန်း ၃၀ နဲ့ ပြောင်းရွှေ့ ကာ ၄ နှစ် စာချုပ် ချုပ်ဆို သွားခဲ့ပြီ ဖြစ်ပါတယ်။ ဇူးမား ကို ရောင်းချ အပြီးမှာတော့ ချဲလ်ဆီး ရဲ့ ဒီနှစ် နွေရာသီ ကစားသမား ရောင်းချမှုဟာ ပေါင် သန်း ၁၈၀ ကျော်သွားခဲ့ပြီလို့လည်း သိရ ပါတယ်။

တိုက်စစ်မှူးဂရင်းဝုဒ်ကို ဂျာမေကာနိုင်ငံက ခေါ်ယူ ကစားစေလိုပေမယ့် ဂရင်းဝုဒ်က အင်္ဂလန်အတွက်သာ ကစားဖို့(100%) ဆန္ဒရှိနေကြောင်း နည်းပြဆောက်ဂိတ် ကပြောပါတယ်။

ယူနိုက်တက် တောင်ပံကစားသမား ဒီယာလိုဟာ နယ်သာလန် ကလပ် ဖီယင်နုအသင်း၌တစ်ရာသီအငှားကစားဖို့ မှုအားဖြင့် သဘောတူညီမှု ရခဲ့ပြီလို့ သိရပါတယ်။

ယူနိုက်တက်ဟာ စီရော်နယ်ဒိုကိုခေါ်ယူနိုင်ပြီးနောက် ဒန်နီရယ်ဂျိမ်းစ်ကို အငှားထွက်ကစားစေဖို့လမ်းဖွင့် လိုက်ပြီးဖြစ်ပါတယ်။ ဂျိမ်းစ်ကို အဲဗာတန်၊ လိဒ်ယူနိုက်တက်၊ ဘရိုက်တန် နှင့် ခရစ္စတယ်ပဲလေ့စ်တို့ကစိတ်ဝင်စားနေ ကြပါတယ်။

မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက ရော်နယ်ဒိုကို မခေါ်ယူနိုင်ပေမယ့်လည်း သူတို့အသင်းက လွန်ခဲ့တဲ့ နှစ်တွေအတွင်း အမှတ်ပေးဖလား အကြိမ်ကြိမ် အောင်မြင်ထားတဲ့ ထိပ်တန်း အဆင့်မှာပဲ ရှိနေဆဲပါလို့ ပြောဆိုလိုက်ပါတယ်။

zawgyi







