၂၀၂၁-၂၂ ရာသီအတွက် ချန်ပီယံလိဂ်အုပ်စုအဆင့်တွေထွက်ပေါ်လာပြီး စီရော်နယ်လ်ဒိုနဲ့ မက်ဆီ ထိပ်တိုက်တွေ့ဖို့ရှိနေ

၂၀၂၁-၂၂ ရာသီ ချန်ပီယံလိဂ်အုပ်စုမဲခွဲပွဲအခမ်းအနားကို တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာကျင်းပပြုလုပ်ခဲ့ပြီး ထွက်ပေါ်လာတဲ့ အုပ်စုအတွဲအဖက်တွေအရ အက်သလက်တီကို၊ လီဗာပူးလ်၊ ပေါ်တို၊ အေစီမီလန်တို့ပါဝင်တဲ့ အုပ်စု(B)က အကျပ်ဆုံးလို့သတ်မှတ်ရမှာပါ။

စိတ်ဝင်စားဖို့ကောင်းတာက အာရပ်သန်းကြွယ်သူဌေးတွေပိုင်ဆိုင်ထားတဲ့ မန်စီးတီးနဲ့ PSG အသင်းတို့ တစ်အုပ်စုတည်းကျရောက်နေတာဖြစ်လို့ မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့နှစ်ဦးဟာ မတူညီတဲ့အသင်းသစ်တွေနဲ့ ပြန်လည်ရင်ဆိုင်ရမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

မက်ဆီဟာ အခုနွေရာသီကာလအတွင်း ဘာစီလိုနာအသင်းနဲ့လမ်းခွဲပြီးတော့ PSG အသင်းဆီပြောင်းရွှေ့ခဲ့ပြီး စီရော်နယ်လ်ဒိုကလည်း အခုလောလောဆယ် ဂျူဗင်တပ်စ်အသင်းမှာ အနာဂတ်မသေမချာဖြစ်နေသလို မန်စီးတီးအသင်းကို ပြောင်းရွှေ့ဖို့နီးစပ်နေပြီဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။ တကယ်လို့သာ နွေရာသီအပြောင်းရွှေ့ဈေးကွက်မပိတ်ခင် စီရော်နယ်လ်ဒို မန်စီးတီးအသင်းဆီ တရားဝင်ပြောင်းဖြစ်ခဲ့ရင်တော့ မက်ဆီနဲ့စီရော်နယ်လ်ဒိုတို့အတွက် ဘာစီလိုနာ-ရီးယဲလ်၊ ဘာစီလိုနာ-ဂျူဗင်တပ်စ်အပြီး PSG-မန်စီးတီးအသင်းတွေနဲ့အတူ တစ်ကျော့ပြန် ထိပ်တိုက်ဆုံတွေ့မှာလည်းဖြစ်ပါတယ်။

နောက်ထပ် ထူးခြားတာတစ်ခုတော့ ပရီးမီးယားလိဂ်နာမည်ကျော်မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီယူရိုပါလိဂ်ဗိုလ်လုပွဲတုန်းက ရှုံးနိမ့်ခဲ့တဲ့ ဗီလာရီးယဲလ်အသင်းနဲ့တစ်အုပ်စုတည်း ကျရောက်နေတာကြောင့် ယူရိုပါလိဂ်ရှုံးကြွေးပြန်ဆပ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

လက်ရှိချန်ပီယံချယ်လ်ဆီးအသင်းဟာ ဂျူဗင်တပ်စ်၊ ဇင်းနစ်၊ မာလ်မိုစတဲ့အသင်းတွေနဲ့တစ်အုပ်တည်းကျရောက်နေပြီး အသင်းရဲ့လက်ရှိခြေစွမ်းနဲ့ကစားသမားစုဖွဲ့မှုအရ ဂျူဗင်တပ်စ်တစ်သင်းကိုပဲ သတိထားကစားရမယ့်အနေအထားပါပဲ။ တကယ်လို့ စီရော်နယ်လ်ဒိုသာ ဂျူဗင်တပ်စ်အသင်းမှာ ဆက်ရှိနေမယ်ဆိုရင်တော့ ချယ်လ်ဆီးနဲ့ဂျူဗင်တပ်စ်ဆုံတွေ့မယ့်ပွဲက ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲဖြစ်လာမှာပါ။

ဥရောပထိပ်သီးအသင်းတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာအသင်းတို့ကလည်း အုပ်စု(E)မှာ ဘင်ဖီကာ၊ ဒိုင်နမိုကိဗ်တို့နဲ့အတူကျရောက်နေပြီး စီးရီးအေလက်ရှိချန်ပီယံအင်တာမီလန်အသင်းက ပြိုင်ပွဲသမိုင်းတစ်လျှောက် အောင်မြင်မှုအများဆုံးဖြစ်တဲ့ ရီးယဲလ်၊ ယူကရိန်းထိပ်သီးရှက်တာဒိုးနက်နဲ့ အခုရာသီမှ ပထမဆုံးအကြိမ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရခဲ့တဲ့ မော်လ်ဒိုဗာကလပ် ရှရစ်ဖ်တီရက်စ်စပေါ်တို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

အုပ်စုကတက်ဖို့ အကြိတ်အနယ်ရှိနိုင်တာက စပို့တင်းလစ္စဘွန်း၊ ဒေ့ါမွန်၊ အေဂျက်စ်၊ ဘက်ဆစ်တက်တို့ပါဝင်တဲ့ အုပ်စု(C)နဲ့ လိုင်လီ၊ ဆီဗီလာ၊ ဆာလ်ဘာ့ဂ်၊ ဝုလ်ဖ်ဘတ်တို့ရဲ့ အုပ်စု(G)ပဲဖြစ်ပြီး တစ်သင်းနဲ့တစ်သင်းအကြား ကွာဟချက်ကြီးကြီးမားမားမရှိလို့ ဘယ်အသင်းနောက်တစ်ဆင့်တက်မလဲဆိုတာ ခန့်မှန်းလို့မရပါဘူး။ ချန်ပီယံလိဂ်အုပ်စုပွဲတွေကို လာမယ့်စက်တင်ဘာလမှာ ကျင်းပသွားမှာဖြစ်လို့ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ချန်ပီယံလိဂ်ပွဲတွေကို ပရိသတ်တွေ မကြာခင်ပြန်လည်ခံစားရတော့မှာလည်းဖြစ်ပါတယ်။

၂၀၂၁-၂၂ ရာသီ ချန်ပီယံလိဂ်အုပ်စုအတွဲအဖက်များ

Group A: Manchester City, PSG, RB Leipzig, Club Brugge

Group B: Atletico Madrid, Liverpool, Porto, AC Milan

Group C: Sporting, Borussia Dortmund, Ajax, Besiktas

Group D: Inter, Real Madrid, Shakhtar Donetsk, Sheriff

Group E: Bayern Munich, Barcelona, Benfica, Dynamo Kyiv

Group F: Villarreal, Manchester United, Atalanta, Young Boys

zawgyi

၂၀၂၁-၂၂ ရာသီအတြက္ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ေတြထြက္ေပၚလာၿပီး စီေရာ္နယ္လ္ဒိုနဲ႔ မက္ဆီ ထိပ္တိုက္ေတြ႕ဖို႔ရွိေန

၂၀၂၁-၂၂ ရာသီ ခ်န္ပီယံလိဂ္အုပ္စုမဲခြဲပြဲအခမ္းအနားကို တူရကီႏိုင္ငံ၊ အစၥတန္ဘူလ္ၿမိဳ႕မွာက်င္းပျပဳလုပ္ခဲ့ၿပီး ထြက္ေပၚလာတဲ့ အုပ္စုအတြဲအဖက္ေတြအရ အက္သလက္တီကို၊ လီဗာပူးလ္၊ ေပၚတို၊ ေအစီမီလန္တို႔ပါဝင္တဲ့ အုပ္စု(B)က အက်ပ္ဆုံးလို႔သတ္မွတ္ရမွာပါ။ စိတ္ဝင္စားဖို႔ေကာင္းတာက အာရပ္သန္းႂကြယ္သူေဌးေတြပိုင္ဆိုင္ထားတဲ့ မန္စီးတီးနဲ႔ PSG အသင္းတို႔ တစ္အုပ္စုတည္းက်ေရာက္ေနတာျဖစ္လို႔ မက္ဆီနဲ႔ စီေရာ္နယ္လ္ဒိုတို႔ႏွစ္ဦးဟာ မတူညီတဲ့အသင္းသစ္ေတြနဲ႔ ျပန္လည္ရင္ဆိုင္ရမလားဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

မက္ဆီဟာ အခုေႏြရာသီကာလအတြင္း ဘာစီလိုနာအသင္းနဲ႔လမ္းခြဲၿပီးေတာ့ PSG အသင္းဆီေျပာင္းေ႐ႊ႕ခဲ့ၿပီး စီေရာ္နယ္လ္ဒိုကလည္း အခုေလာေလာဆယ္ ဂ်ဴဗင္တပ္စ္အသင္းမွာ အနာဂတ္မေသမခ်ာျဖစ္ေနသလို မန္စီးတီးအသင္းကို ေျပာင္းေ႐ႊ႕ဖို႔နီးစပ္ေနၿပီဆိုတဲ့ သတင္းေတြထြက္ေပၚေနပါတယ္။ တကယ္လို႔သာ ေႏြရာသီအေျပာင္းေ႐ႊ႕ေဈးကြက္မပိတ္ခင္ စီေရာ္နယ္လ္ဒို မန္စီးတီးအသင္းဆီ တရားဝင္ေျပာင္းျဖစ္ခဲ့ရင္ေတာ့ မက္ဆီနဲ႔စီေရာ္နယ္လ္ဒိုတို႔အတြက္ ဘာစီလိုနာ-ရီးယဲလ္၊ ဘာစီလိုနာ-ဂ်ဴဗင္တပ္စ္အၿပီး PSG-မန္စီးတီးအသင္းေတြနဲ႔အတူ တစ္ေက်ာ့ျပန္ ထိပ္တိုက္ဆုံေတြ႕မွာလည္းျဖစ္ပါတယ္။

ေနာက္ထပ္ ထူးျခားတာတစ္ခုေတာ့ ပရီးမီးယားလိဂ္နာမည္ေက်ာ္မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ရာသီယူ႐ိုပါလိဂ္ဗိုလ္လုပြဲတုန္းက ရႈံးနိမ့္ခဲ့တဲ့ ဗီလာရီးယဲလ္အသင္းနဲ႔တစ္အုပ္စုတည္း က်ေရာက္ေနတာေၾကာင့္ ယူ႐ိုပါလိဂ္ရႈံးေႂကြးျပန္ဆပ္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။

လက္ရွိခ်န္ပီယံခ်ယ္လ္ဆီးအသင္းဟာ ဂ်ဴဗင္တပ္စ္၊ ဇင္းနစ္၊ မာလ္မိုစတဲ့အသင္းေတြနဲ႔တစ္အုပ္တည္းက်ေရာက္ေနၿပီး အသင္းရဲ႕လက္ရွိေျခစြမ္းနဲ႔ကစားသမားစုဖြဲ႕မႈအရ ဂ်ဴဗင္တပ္စ္တစ္သင္းကိုပဲ သတိထားကစားရမယ့္အေနအထားပါပဲ။ တကယ္လို႔ စီေရာ္နယ္လ္ဒိုသာ ဂ်ဴဗင္တပ္စ္အသင္းမွာ ဆက္ရွိေနမယ္ဆိုရင္ေတာ့ ခ်ယ္လ္ဆီးနဲ႔ဂ်ဴဗင္တပ္စ္ဆုံေတြ႕မယ့္ပြဲက ရင္ခုန္စိတ္လႈပ္ရွားစရာေကာင္းတဲ့ပြဲျဖစ္လာမွာပါ။

ဥေရာပထိပ္သီးအသင္းေတြျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္၊ ဘာစီလိုနာအသင္းတို႔ကလည္း အုပ္စု(E)မွာ ဘင္ဖီကာ၊ ဒိုင္နမိုကိဗ္တို႔နဲ႔အတူက်ေရာက္ေနၿပီး စီးရီးေအလက္ရွိခ်န္ပီယံအင္တာမီလန္အသင္းက ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ေအာင္ျမင္မႈအမ်ားဆုံးျဖစ္တဲ့ ရီးယဲလ္၊ ယူကရိန္းထိပ္သီးရွက္တာဒိုးနက္နဲ႔ အခုရာသီမွ ပထမဆုံးအႀကိမ္ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ပါဝင္ကစားခြင့္ရခဲ့တဲ့ ေမာ္လ္ဒိုဗာကလပ္ ရွရစ္ဖ္တီရက္စ္စေပၚတို႔နဲ႔ ရင္ဆိုင္ရမွာျဖစ္ပါတယ္။

အုပ္စုကတက္ဖို႔ အႀကိတ္အနယ္ရွိႏိုင္တာက စပို႔တင္းလစၥဘြန္း၊ ေဒ့ါမြန္၊ ေအဂ်က္စ္၊ ဘက္ဆစ္တက္တို႔ပါဝင္တဲ့ အုပ္စု(C)နဲ႔ လိုင္လီ၊ ဆီဗီလာ၊ ဆာလ္ဘာ့ဂ္၊ ဝုလ္ဖ္ဘတ္တို႔ရဲ႕ အုပ္စု(G)ပဲျဖစ္ၿပီး တစ္သင္းနဲ႔တစ္သင္းအၾကား ကြာဟခ်က္ႀကီးႀကီးမားမားမရွိလို႔ ဘယ္အသင္းေနာက္တစ္ဆင့္တက္မလဲဆိုတာ ခန႔္မွန္းလို႔မရပါဘူး။ ခ်န္ပီယံလိဂ္အုပ္စုပြဲေတြကို လာမယ့္စက္တင္ဘာလမွာ က်င္းပသြားမွာျဖစ္လို႔ ရင္ခုန္စိတ္လႈပ္ရွားစရာေကာင္းတဲ့ ခ်န္ပီယံလိဂ္ပြဲေတြကို ပရိသတ္ေတြ မၾကာခင္ျပန္လည္ခံစားရေတာ့မွာလည္းျဖစ္ပါတယ္။

 

၂၀၂၁-၂၂ ရာသီ ခ်န္ပီယံလိဂ္အုပ္စုအတြဲအဖက္မ်ား

Group A: Manchester City, PSG, RB Leipzig, Club Brugge

Group B: Atletico Madrid, Liverpool, Porto, AC Milan

Group C: Sporting, Borussia Dortmund, Ajax, Besiktas

Group D: Inter, Real Madrid, Shakhtar Donetsk, Sheriff

Group E: Bayern Munich, Barcelona, Benfica, Dynamo Kyiv

Group F: Villarreal, Manchester United, Atalanta, Young Boys