2021/22 အတွက် ယူနိုက်တက်ရဲ့ တတိယဂျာစီ

အိမ်ကွင်း နဲ့ အဝေးကွင်းဝတ်စုံတို့ကို အားမရဖြစ်နေတဲ့ ယူနိုက်တက် ဖန်တွေအတွက် ယခု တတိယဝတ်စုံကိုတော့ သဘောကျ နှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

အနက်၊အပြာ၊ အဝါရောင်တွေကို ပေါင်းစပ်ဖန်တီးထားတဲ့ အဲဒီဂျာစီဟာ လေဝင်လေထွက်၊လွတ်လပ်မှု၊ ခွန်အားစိုက်ထုတ်မှု၊ စွမ်းအင်သုံးစွဲမှုပိုင်းတွေမှာ အကောင်းဆုံး ဖြစ်စေဖို့ ဖန်တီးထားပါတယ်။

ညာဘက်မှာ လိုဂိုတပ်ဆင်ထားတဲ့ အဲဒီဂျာစီဟာ adidas ရဲ့ နောက်ဆုံးပေါ် thermoregulation နည်းပညာ အသုံးပြု ထုတ်လုပ်ထားတာပါ။ ကစားသမားရဲ့ အပူချိန်ကို ထိန်းညှိပေးနိုင်ပြီး၊ အေးအေးလူလူ သက်သက်သာသာ အကောင်းဆုံး ကစားနိုင်အောင် ထောက်ပံ့ပေးနိုင်ပါတယ်။

အင်္ကျီမှာ အနက်နဲ့ အပြာ ပေါင်းစပ် ဒီဇိုင်းလုပ်ထားတဲ့ နေရာကို သေချာကြည့်မယ် ဆိုရင် M အက္ခရာကို မြင်ရပါမယ်။ အဲဒါက ဘာကို ဖော်ပြချင်တာလဲဆိုရင် အောင်မြင်မှုရဖို့ ဆာလောင်ကြောင်း၊ ဘယ်တော့မှ အရှူံး မပေးကြောင်း၊ အသင်းရဲ့ တန်ဖိုး စတဲ့ အဓိပ္ပါယ်တွေကို ဖော်ညွှန်းတာပါ။

ဂျာစီတစ်ထည်မှာ ပြောပြလို့ မကုန်တဲ့ အကြောင်းတွေ၊ အသင်းနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ တန်ဖိုးတွေ ၊ ပြယုဂ်တွေပါဝင်ကြောင်းလည်း ယူနိုက်တက် ဘက်က ညွှန်းဆိုထားပါတယ်။ ဘာပဲဖြစ်ဖြစ် ဘယ်လို ဂျာစီပဲ ဝတ်ကန်ကန် ဆုဖလား ကို သိမ်းပိုက်နိုင်ဖို့ မျှော်လင့်ပါတယ်။

zawgyi

2021/22 အတြက္ ယူႏိုက္တက္ရဲ႕ တတိယဂ်ာစီ

အိမ္ကြင္း နဲ႔ အေဝးကြင္းဝတ္စုံတို႔ကို အားမရျဖစ္ေနတဲ့ ယူႏိုက္တက္ ဖန္ေတြအတြက္ ယခု တတိယဝတ္စုံကိုေတာ့ သေဘာက် ႏွစ္သက္လိမ့္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။

အနက္၊အျပာ၊ အဝါေရာင္ေတြကို ေပါင္းစပ္ဖန္တီးထားတဲ့ အဲဒီဂ်ာစီဟာ ေလဝင္ေလထြက္၊လြတ္လပ္မႈ၊ ခြန္အားစိုက္ထုတ္မႈ၊ စြမ္းအင္သုံးစြဲမႈပိုင္းေတြမွာ အေကာင္းဆုံး ျဖစ္ေစဖို႔ ဖန္တီးထားပါတယ္။

ညာဘက္မွာ လိုဂိုတပ္ဆင္ထားတဲ့ အဲဒီဂ်ာစီဟာ adidas ရဲ႕ ေနာက္ဆုံးေပၚ thermoregulation နည္းပညာ အသုံးျပဳ ထုတ္လုပ္ထားတာပါ။ ကစားသမားရဲ႕ အပူခ်ိန္ကို ထိန္းညႇိေပးႏိုင္ၿပီး၊ ေအးေအးလူလူ သက္သက္သာသာ အေကာင္းဆုံး ကစားႏိုင္ေအာင္ ေထာက္ပံ့ေပးႏိုင္ပါတယ္။

အက်ႌမွာ အနက္နဲ႔ အျပာ ​ေပါင္းစပ္ ဒီဇိုင္းလုပ္ထားတဲ့ ​ေနရာကို ​ေသခ်ာၾကည့္မယ္ ဆိုရင္ M အကၡရာကို ျမင္ရပါမယ္။ အဲဒါက ဘာကို ​ေဖာ္ျပခ်င္တာလဲဆိုရင္ ​ေအာင္ျမင္မႈရဖို႔ ဆာ​ေလာင္​ေၾကာင္း၊ ဘယ္​ေတာ့မွ အရႉံး မ​ေပး​ေၾကာင္း၊ အသင္းရဲ႕ တန္ဖိုး စတဲ့ အဓိပၸါယ္​ေတြကို ​ေဖာ္ၫႊန္းတာပါ။

ဂ်ာစီတစ္ထည္မွာ ​ေျပာျပလို႔ မကုန္တဲ့ အ​ေၾကာင္း​ေတြ၊ အသင္းနဲ႔ ပတ္သက္ၿပီး ႀကီးမားတဲ့ တန္ဖိုး​ေတြ ၊ ျပယုဂ္​ေတြပါ၀င္​ေၾကာင္းလည္း ယူႏိုက္တက္ ဘက္က ၫႊန္းဆိုထားပါတယ္။ ဘာပဲျဖစ္ျဖစ္ ဘယ္လို ဂ်ာစီပဲ ၀တ္ကန္ကန္ ဆုဖလား ကို သိမ္းပိုက္ႏိုင္ဖို႔ ​ေမွ်ာ္လင့္ပါတယ္။