မက်ဆီ ရောက်ရှိလာမှုအပေါ် သဘောကျပုံမရတဲ့ အမ်ဘာပေ

ဘာစီလိုနာအသင်းကနေ ပဲရစ် စိန့် ဂျာမိန်းထံ ပြောင်းရွေ့လာတဲ့ လီယွန်နယ် မက်ဆီကို သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်း နေမာ သာမက တစ်ချိန်က အခါးသီးဆုံး ပြိုင်ဘက်ဖြစ်ခဲ့တဲ့ ရီးရဲမက်ဒရစ် အသင်းခေါင်းဆောင်ဟောင်း ဆာဂျီယို ရာမို့စ်ကပါ ကြိုဆိုခဲ့တာတွေ့ရပါတယ်။

ဒါပေမယ့် မက်ဆီ အသင်းပြောင်းရွေ့လာမှုအပေါ် သဘောကျပုံမရတဲ့ ပီအက်စ်ဂျီ ကစားသမားတစ်ဦး‌ ရှိနေခဲ့ပါတယ်။ El Chiringuito TV က ကိုင်လီယန် အမ်ဘာပေဟာ ပီအက်စ်ဂျီကနေ ပြောင်းရွေ့ဖို့ ရှိနေကြောင်း သက်သေပြသွားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ မက်ဆီနဲ့ ပတ်သက်ပြီး လက်ရှိအချိန်ထိ အင်စတာဂရမ်မှာ ပို့စ် ( ၂၀ ) ဆက်တိုက်တင်ခဲ့တာတွေ့ရပါတယ်။ သူတို့က ကစားသမား ( ၄ ) ဦးကို ဥပမာထားပြီးပြောဆိုသွားခဲ့ပါတယ်။ ပထမအနေနဲ့ မက်ဆီရဲ့ အချစ်ဆုံး သူငယ်ချင်းနေမာကို ရွေးချယ်ခဲ့ပါတယ်။ မက်ဆီနဲ့ ပတ်သက်တဲ့ အဆိုပါ ပို့စ်( ၂၀ ) အနက် နေမာက ( ၁၄ )ခုကို like လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒုတိယ တစ်ဦးအနေနဲ့ ဆာဂျီယို ရာမို့စ်ကို သုံးသပ်သွားခဲ့ပါတယ်။ ရာမို့စ်က နေမာနည်းတူ ပို့စ် ( ၁၄ ) ခုကို like ပေးခဲ့တယ်လို့ ဆိုပါတယ်။ တတိယအနေနဲ့ မက်ဆီရဲ့ သူငယ်ချင်းဖြစ်တဲ့ အာဂျင်တီးနားအသင်းဖော် ဒီမာရီယာက ပို့စ် ( ၁၀ ) ခုကို like ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အမ်ဘာပေကတော့ အဆိုပါ ပို့စ် ( ၂၀ ) ထဲက တစ်ခုကိုမျှ like လုပ်ခဲ့ခြင်းမရှိကြောင်း သိရပါတယ်။ တစ်ချိန်ထဲမှာပဲ သူက ရီးရဲမက်ဒရစ် ကစားသမားဟောင်းဖြစ်သူ NBA စူပါစတား Luka Dončić ရဲ့ စာချုပ်သက်တမ်းတိုးမှုကို ဂုဏ်ယူကြောင်း မှတ်ချက်ပေးခဲ့တာတွေ့ရပါတယ်။

စပိန်သတင်းစာ အေအက်စ်အရ အမ်ဘာပေဟာ ပီအက်စ်ဂျီက‌နေ အသင်းပြောင်းရွေ့လိုနေပြီး ယခုနွေရာသီ ထွက်ခွာခွင့်မရပါက စာချုပ်သစ်ချုပ်ဆိုခြင်းမပြုပဲ လာမယ့်နွေရာသီ အလွတ်ပြောင်းမယ်လို့ သိရပါတယ်။

zawgyi

မက္ဆီ ေရာက္ရွိလာမႈအေပၚ သေဘာက်ပုံမရတဲ့ အမ္ဘာေပ

ဘာစီလိုနာအသင္းကေန ပဲရစ္ စိန႔္ ဂ်ာမိန္းထံ ေျပာင္းေ႐ြ႕လာတဲ့ လီယြန္နယ္ မက္ဆီကို သူ႔ရဲ႕ အခ်စ္ဆုံး သူငယ္ခ်င္း ေနမာ သာမက တစ္ခ်ိန္က အခါးသီးဆုံး ၿပိဳင္ဘက္ျဖစ္ခဲ့တဲ့ ရီးရဲမက္ဒရစ္ အသင္းေခါင္းေဆာင္ေဟာင္း ဆာဂ်ီယို ရာမို႔စ္ကပါ ႀကိဳဆိုခဲ့တာေတြ႕ရပါတယ္။

ဒါေပမယ့္ မက္ဆီ အသင္းေျပာင္းေ႐ြ႕လာမႈအေပၚ သေဘာက်ပုံမရတဲ့ ပီအက္စ္ဂ်ီ ကစားသမားတစ္ဦး‌ ရွိေနခဲ့ပါတယ္။

El Chiringuito TV က ကိုင္လီယန္ အမ္ဘာေပဟာ ပီအက္စ္ဂ်ီကေန ေျပာင္းေ႐ြ႕ဖို႔ ရွိေနေၾကာင္း သက္ေသျပသြားခဲ့ပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ မက္ဆီနဲ႔ ပတ္သက္ၿပီး လက္ရွိအခ်ိန္ထိ အင္စတာဂရမ္မွာ ပို႔စ္ ( ၂၀ ) ဆက္တိုက္တင္ခဲ့တာေတြ႕ရပါတယ္။

သူတို႔က ကစားသမား ( ၄ ) ဦးကို ဥပမာထားၿပီးေျပာဆိုသြားခဲ့ပါတယ္။ ပထမအေနနဲ႔ မက္ဆီရဲ႕ အခ်စ္ဆုံး သူငယ္ခ်င္းေနမာကို ေ႐ြးခ်ယ္ခဲ့ပါတယ္။ မက္ဆီနဲ႔ ပတ္သက္တဲ့ အဆိုပါ ပို႔စ္( ၂၀ ) အနက္ ေနမာက ( ၁၄ )ခုကို like လုပ္ခဲ့တယ္လို႔ ဆိုပါတယ္။

ဒုတိယ တစ္ဦးအေနနဲ႔ ဆာဂ်ီယို ရာမို႔စ္ကို သုံးသပ္သြားခဲ့ပါတယ္။ ရာမို႔စ္က ေနမာနည္းတူ ပို႔စ္ ( ၁၄ ) ခုကို like ေပးခဲ့တယ္လို႔ ဆိုပါတယ္။ တတိယအေနနဲ႔ မက္ဆီရဲ႕ သူငယ္ခ်င္းျဖစ္တဲ့ အာဂ်င္တီးနားအသင္းေဖာ္ ဒီမာရီယာက ပို႔စ္ ( ၁၀ ) ခုကို like ေပးခဲ့တယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္ အမ္ဘာေပကေတာ့ အဆိုပါ ပို႔စ္ ( ၂၀ ) ထဲက တစ္ခုကိုမွ် like လုပ္ခဲ့ျခင္းမရွိေၾကာင္း သိရပါတယ္။ တစ္ခ်ိန္ထဲမွာပဲ သူက ရီးရဲမက္ဒရစ္ ကစားသမားေဟာင္းျဖစ္သူ NBA စူပါစတား Luka Dončić ရဲ႕ စာခ်ဳပ္သက္တမ္းတိုးမႈကို ဂုဏ္ယူေၾကာင္း မွတ္ခ်က္ေပးခဲ့တာေတြ႕ရပါတယ္။

စပိန္သတင္းစာ ေအအက္စ္အရ အမ္ဘာေပဟာ ပီအက္စ္ဂ်ီက‌ေန အသင္းေျပာင္းေ႐ြ႕လိုေနၿပီး ယခုေႏြရာသီ ထြက္ခြာခြင့္မရပါက စာခ်ဳပ္သစ္ခ်ဳပ္ဆိုျခင္းမျပဳပဲ လာမယ့္ေႏြရာသီ အလြတ္ေျပာင္းမယ္လို႔ သိရပါတယ္။