ဘုန်းမောက်ကနေထွက်လာခဲ့ပြီးကတည်းက ဘယ်အသင်းကမှ သူ့ကိုမကမ်းလှမ်းသေးဘူးလို့ ဝဲလ်ရှိုင်းယား ဖွင့်ဟ

အာဆင်နယ် ကစားသမားဟောင်း ဝဲလ်ရှိုင်းယား က သူနောက်ဆုံးကစားခဲ့တဲ့ ဘုန်းမောက်အသင်းကနေ ထွက်ခွါလာခဲ့ပြီးကတည်းက အခုချိန်ထိ တခြားဘယ်အသင်းကမှ သူ့ကိုခေါ်ယူဖို့ မကမ်းလှမ်းကြသေးဘူးလို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။

ဝဲလ်ရှိုင်းယား ဟာ ဘုန်းမောက်အသင်းနဲ့ ပြီးခဲ့တဲ့ ဇွန်လ ကတည်းက လမ်းခွဲခဲ့တာဖြစ်ပြီး အသင်းလက်မဲ့ဖြစ်နေတာ ၂ လကျော်ကြာနေပြီပဲ ဖြစ်ပါတယ်။

အဲ့ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဝဲလ်ရှိုင်းယား က “ ကောင်းမွန်တဲ့ ရာသီကြိုကာလတခုကို ကျွန်တော်ပိုင်ဆိုင်ခဲ့ပါတယ်။

ကြံ့ခိုင်ရေးကောင်းမွန်နေအောင် ကလပ်အသင်းတသင်းဆီမှာ လေ့ကျင့်ခန်းသွားဆင်းထားပါတယ်။
ကျွန်တော့်အသက်က ၂၉ နှစ်ရှိနေပြီ။

အဲ့တော့ ရုပ်ပိုင်းဆိုင်ရာအရ ကောင်းမွန်တဲ့ အနေအထားမှာ ကျွန်တော်ရှိနေပါပြီ။
အရိုးသားဆုံးဝန်ခံရရင် ကောင်းမွန်တဲ့ အခွင့်အရေးတခုကို ကျွန်တော်စောင့်မျှော်နေတာပါ။
ဒါပေမဲ့ အခုချိန်ထိ ဘာမှမထူးသေးပါဘူး “

“ ကျွန်တော် ဆက်စောင့်နေမှာပါ။
ဘယ်လောက်ကြာအောင် ဆက်စောင့်ရအုံးမလဲ ဆိုတာကိုတော့ ကျွန်တော်တကယ်မသိတော့ဘူး။
ပြီးခဲ့တဲ့ နှစ်ကနွေရာသီမှာလည်း ဝက်စ်ဟမ်းကထွက်လာပြီး နောက်ထပ်အသင်းက ကမ်းလှမ်းမှာကို အကြာကြီးစောင့်ခဲ့ရတယ်။


ဒီတခေါက်တော့ အဲ့လောက်ထိ တကယ်ကို မစောင့်ချင်တော့ဘူး။
ဒီထက်ပိုနောက်မကျပဲ မကြာခင်မှာ တခုခုထူးခြားလာဖို့ ကျွန်တော်မျှော်လင့်နေပါတယ် “ လို့ talkSPORT သတင်းဌာနနဲ့ တွေ့ဆုံစဉ်မှာ ဖွင့်ဟ ပြောသွားခဲ့ပါတယ်။

အာဆင်နယ် အကယ်ဒမီကနေထွက်ပေါ်လာခဲ့တဲ့ ဝဲလ်ရှိုင်းယား ဟာ ဆယ်ကျော်သက်ကစားသမားဘဝမှာ အရွယ်နဲ့မလိုက်အောင် ခြေစမ်းပြသနိုင်ခဲ့လို့ တချိန်မှာကမ္ဘာ့အဆင့်ကွင်းလယ်လူဖြစ်လာနိုင်တယ်ဆိုပြီး သတ်မှတ်ခံခဲ့ရဖူးတဲ့ ကွင်းလယ်လူဖြစ်ပါတယ်။
ဇာဗီ ၊ အင်နီယေစတာ ၊ ဘူးစကွက်စ် စတဲ့ ကွင်းလယ်လူတွေကို ပိုင်ဆိုင်ထားတဲ့ ဘာစီလိုနာ ကတောင် သူ့ကိုခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပါတယ်။

ဒါပေမဲ့ ဒဏ်ရာပြဿနာတွေက သူ့ရဲ့အိပ်မက်ကို ဖျက်စီးခဲ့ကြပြီး ထိပ်တန်းကစားသမားဘဝကနေ ဘယ်သူမှမခေါ်ချင်တဲ့ ဒဏ်ရာလူသားဘဝကို မရောက်ချင်ပဲရောက်ခဲ့ရတယ်လို့ ဆိုရမှာပါ။

Zawgyi

ဘုန္းေမာက္ကေနထြက္လာခဲ့ၿပီးကတည္းက ဘယ္အသင္းကမွ သူ႔ကိုမကမ္းလွမ္းေသးဘူးလို႔ ဝဲလ္ရႈိင္းယား ဖြင့္ဟ

အာဆင္နယ္ ကစားသမားေဟာင္း ဝဲလ္ရႈိင္းယား က သူေနာက္ဆုံးကစားခဲ့တဲ့ ဘုန္းေမာက္အသင္းကေန ထြက္ခြါလာခဲ့ၿပီးကတည္းက အခုခ်ိန္ထိ တျခားဘယ္အသင္းကမွ သူ႔ကိုေခၚယူဖို႔ မကမ္းလွမ္းၾကေသးဘူးလို႔ ဖြင့္ဟေျပာၾကားလိုက္ပါတယ္။

ဝဲလ္ရႈိင္းယား ဟာ ဘုန္းေမာက္အသင္းနဲ႔ ၿပီးခဲ့တဲ့ ဇြန္လ ကတည္းက လမ္းခြဲခဲ့တာျဖစ္ၿပီး အသင္းလက္မဲ့ျဖစ္ေနတာ ၂ လေက်ာ္ၾကာေနၿပီပဲ ျဖစ္ပါတယ္။

အဲ့ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး ဝဲလ္ရႈိင္းယား က “ ေကာင္းမြန္တဲ့ ရာသီႀကိဳကာလတခုကို ကြၽန္ေတာ္ပိုင္ဆိုင္ခဲ့ပါတယ္။
ႀကံ့ခိုင္ေရးေကာင္းမြန္ေနေအာင္ ကလပ္အသင္းတသင္းဆီမွာ ေလ့က်င့္ခန္းသြားဆင္းထားပါတယ္။
ကြၽန္ေတာ့္အသက္က ၂၉ ႏွစ္ရွိေနၿပီ။

အဲ့ေတာ့ ႐ုပ္ပိုင္းဆိုင္ရာအရ ေကာင္းမြန္တဲ့ အေနအထားမွာ ကြၽန္ေတာ္ရွိေနပါၿပီ။
အ႐ိုးသားဆုံးဝန္ခံရရင္ ေကာင္းမြန္တဲ့ အခြင့္အေရးတခုကို ကြၽန္ေတာ္ေစာင့္ေမွ်ာ္ေနတာပါ။
ဒါေပမဲ့ အခုခ်ိန္ထိ ဘာမွမထူးေသးပါဘူး “

“ ကြၽန္ေတာ္ ဆက္ေစာင့္ေနမွာပါ။
ဘယ္ေလာက္ၾကာေအာင္ ဆက္ေစာင့္ရအုံးမလဲ ဆိုတာကိုေတာ့ ကြၽန္ေတာ္တကယ္မသိေတာ့ဘူး။
ၿပီးခဲ့တဲ့ ႏွစ္ကေႏြရာသီမွာလည္း ဝက္စ္ဟမ္းကထြက္လာၿပီး ေနာက္ထပ္အသင္းက ကမ္းလွမ္းမွာကို အၾကာႀကီးေစာင့္ခဲ့ရတယ္။
ဒီတေခါက္ေတာ့ အဲ့ေလာက္ထိ တကယ္ကို မေစာင့္ခ်င္ေတာ့ဘူး။
ဒီထက္ပိုေနာက္မက်ပဲ မၾကာခင္မွာ တခုခုထူးျခားလာဖို႔ ကြၽန္ေတာ္ေမွ်ာ္လင့္ေနပါတယ္ “ လို႔ talkSPORT သတင္းဌာနနဲ႔ ေတြ႕ဆုံစဥ္မွာ ဖြင့္ဟ ေျပာသြားခဲ့ပါတယ္။

အာဆင္နယ္ အကယ္ဒမီကေနထြက္ေပၚလာခဲ့တဲ့ ဝဲလ္ရႈိင္းယား ဟာ ဆယ္ေက်ာ္သက္ကစားသမားဘဝမွာ အ႐ြယ္နဲ႔မလိုက္ေအာင္ ေျခစမ္းျပသႏိုင္ခဲ့လို႔ တခ်ိန္မွာကမာၻ႔အဆင့္ကြင္းလယ္လူျဖစ္လာႏိုင္တယ္ဆိုၿပီး သတ္မွတ္ခံခဲ့ရဖူးတဲ့ ကြင္းလယ္လူျဖစ္ပါတယ္။
ဇာဗီ ၊ အင္နီေယစတာ ၊ ဘူးစကြက္စ္ စတဲ့ ကြင္းလယ္လူေတြကို ပိုင္ဆိုင္ထားတဲ့ ဘာစီလိုနာ ကေတာင္ သူ႔ကိုေခၚယူဖို႔ ႀကိဳးစားခဲ့ဖူးပါတယ္။

ဒါေပမဲ့ ဒဏ္ရာျပႆနာေတြက သူ႔ရဲ႕အိပ္မက္ကို ဖ်က္စီးခဲ့ၾကၿပီး ထိပ္တန္းကစားသမားဘဝကေန ဘယ္သူမွမေခၚခ်င္တဲ့ ဒဏ္ရာလူသားဘဝကို မေရာက္ခ်င္ပဲေရာက္ခဲ့ရတယ္လို႔ ဆိုရမွာပါ။