ဟာလန်း ရာသီအဖွင့် ပိုကယ်ဖလားပြိုင်ပွဲမှာ ဟက်ထရစ် နဲ့ စတင်တာထွက်ခဲ့

ဂျာမန်ပိုကယ်ဖလား ပထမအဆင့်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်မှာ လက်ရှိချန်ပီယံ ဒေါ့မွန်အသင်းက ဂျာမန်တတိယတန်းကလပ် ဝီဟန် အသင်းကို အဝေးကွင်းမှာ ၃-၀ နဲ့ အနိုင်ယူကာ နောက်တဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ပထမအဆင့်ပွဲစဉ်ဆိုပေမဲ့ ဒေါ့မွန်အသင်းနည်းပြသစ် မာကိုရိုစ် က သူ့ရဲ့ပွဲဦးထွက်ပွဲစဉ်မှာ အမှားအယွင်းမဖြစ်အောင် မာကိုရူစ် ၊ ဟာလန်း ၊ ရေနာ ၊ ဘယ်လင်ဂမ် စတဲ့ အဓိက ကစားသမားအစုံအလင်နဲ့ ပွဲထွက်ခဲ့ပြီး တပွဲလုံးနီးပါး ပြိုင်ဖက်ကို အသာစီးကနေထိုးဖောက်တိုက်စစ်ဆင်ခဲ့ပါတယ်။

ဒေါ့မွန်အသင်းရရှိခဲ့တဲ့ သွင်းဂိုး ၃ ဂိုးလုံးကို ဂိုးသွင်းစက် ဟာလန်း တယောက်တည်းက ဒိုင်ခံသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပွဲကစားချိန် ၂၆ မိနစ်မှာ အသင်းခေါင်းဆောင် မာကိုရူစ် ရဲ့ ပြိုင်ဖက်ကစားသမားတွေကြားကနေ ဖန်တီးပေးလိုက်တဲ့ ဘောလုံးကို ဟာလန်း က အကောင်းဆုံးအဆုံးသတ်ပြီး ဒေါ့မွန်အသင်းကို စတင်ဦးဆောင်စေခဲ့ပါတယ်။

ဦးဆောင်ဂိုးရပြီး ၅ မိနစ်အကြာမှာတော့ ဟာလန်း ရဲ့ တကိုယ်တော်ထိုးဖောက်မှုကို ပြိုင်ဖက်ဂိုးသမား တားဆီးတာ ပြစ်ဒဏ်ဘောကျူးလွန်သလိုဖြစ်ခဲ့တာကြောင့် ဒေါ့မွန်အသင်းက ပင်နယ်တီ ကန်ခွင့်ရရှိခဲ့ပါတယ်။ အဲ့ဒီပင်နယ်တီကို ဟာလန်း ကပဲ အမှားအယွင်းမရှိ ကန်သွင်းခဲ့ပြီး ဒုတိယဦးဆောင်ဂိုး ထပ်မံရယူပေးခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စပြီး ၆ မိနစ်အကြာမှာပဲ အမေရိကန်လူငယ်ကစားသမား ရေနာ ရဲ့ ပေးပို့မှုကနေတဆင့်ရလာတဲ့ ဘောလုံးကို ဟာလန်း က နှစ်ဆင့်ကန်သွင်းပြီး တတိယမြောက်အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဂိုးသွင်းစက် ဟာလန်း ကတော့ ရာသီအစမှာတင် ဟက်ထရစ် နဲ့ စတင်တာထွက်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးစာရင်းဝင် တိုက်စစ်မှူးဖြစ်ကြောင်းကို သွင်းဂိုးတွေနဲ့ ကြေညာနေပြီလို့ ဆိုရမှာပါ။

ဒီရာသီမှာ ဒေါ့မွန်အသင်းက ဟာလန်း ကို ရောင်းချဖို့မရှိတာကြောင့် သူ့ကိုခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ ဥရောပအသင်းကြီးတွေအနေနဲ့ ဒီရာသီမှာ ဟာလန်း ရဲ့ သွင်းဂိုးတွေကို ငေးကြည့်ရုံသာ တတ်နိုင်တော့မှာပါ။ နောက်ရာသီမှာတော့ ငွေထုပ်ပိုက်ပြီး ဒေါ့မွန်အသင်းနဲ့ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာ တောင်းသလောက်ကိုသာ ပေးဖို့အသင့်ပြင်ဆင်ထားကြပါလို့ အကြံပေးရမလိုပါပဲ။

zawgyi

ဟာလန္း ရာသီအဖြင့္ ပိုကယ္ဖလားၿပိဳင္ပြဲမွာ ဟက္ထရစ္ နဲ႔ စတင္တာထြက္ခဲ့

ဂ်ာမန္ပိုကယ္ဖလား ပထမအဆင့္အျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့ၾကတဲ့ ပြဲစဥ္မွာ လက္ရွိခ်န္ပီယံ ေဒါ့မြန္အသင္းက ဂ်ာမန္တတိယတန္းကလပ္ ဝီဟန္ အသင္းကို အေဝးကြင္းမွာ ၃-၀ နဲ႔ အႏိုင္ယူကာ ေနာက္တဆင့္ကို တက္လွမ္းႏိုင္ခဲ့ပါတယ္။

ပထမအဆင့္ပြဲစဥ္ဆိုေပမဲ့ ေဒါ့မြန္အသင္းနည္းျပသစ္ မာကို႐ိုစ္ က သူ႔ရဲ႕ပြဲဦးထြက္ပြဲစဥ္မွာ အမွားအယြင္းမျဖစ္ေအာင္ မာကို႐ူစ္ ၊ ဟာလန္း ၊ ေရနာ ၊ ဘယ္လင္ဂမ္ စတဲ့ အဓိက ကစားသမားအစုံအလင္နဲ႔ ပြဲထြက္ခဲ့ၿပီး တပြဲလုံးနီးပါး ၿပိဳင္ဖက္ကို အသာစီးကေနထိုးေဖာက္တိုက္စစ္ဆင္ခဲ့ပါတယ္။

ေဒါ့မြန္အသင္းရရွိခဲ့တဲ့ သြင္းဂိုး ၃ ဂိုးလုံးကို ဂိုးသြင္းစက္ ဟာလန္း တေယာက္တည္းက ဒိုင္ခံသြင္းယူေပးခဲ့တာျဖစ္ပါတယ္။ ပြဲကစားခ်ိန္ ၂၆ မိနစ္မွာ အသင္းေခါင္းေဆာင္ မာကို႐ူစ္ ရဲ႕ ၿပိဳင္ဖက္ကစားသမားေတြၾကားကေန ဖန္တီးေပးလိုက္တဲ့ ေဘာလုံးကို ဟာလန္း က အေကာင္းဆုံးအဆုံးသတ္ၿပီး ေဒါ့မြန္အသင္းကို စတင္ဦးေဆာင္ေစခဲ့ပါတယ္။

ဦးေဆာင္ဂိုးရၿပီး ၅ မိနစ္အၾကာမွာေတာ့ ဟာလန္း ရဲ႕ တကိုယ္ေတာ္ထိုးေဖာက္မႈကို ၿပိဳင္ဖက္ဂိုးသမား တားဆီးတာ ျပစ္ဒဏ္ေဘာက်ဴးလြန္သလိုျဖစ္ခဲ့တာေၾကာင့္ ေဒါ့မြန္အသင္းက ပင္နယ္တီ ကန္ခြင့္ရရွိခဲ့ပါတယ္။ အဲ့ဒီပင္နယ္တီကို ဟာလန္း ကပဲ အမွားအယြင္းမရွိ ကန္သြင္းခဲ့ၿပီး ဒုတိယဦးေဆာင္ဂိုး ထပ္မံရယူေပးခဲ့ပါတယ္။

ဒုတိယပိုင္းျပန္စၿပီး ၆ မိနစ္အၾကာမွာပဲ အေမရိကန္လူငယ္ကစားသမား ေရနာ ရဲ႕ ေပးပို႔မႈကေနတဆင့္ရလာတဲ့ ေဘာလုံးကို ဟာလန္း က ႏွစ္ဆင့္ကန္သြင္းၿပီး တတိယေျမာက္အႏိုင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ဂိုးသြင္းစက္ ဟာလန္း ကေတာ့ ရာသီအစမွာတင္ ဟက္ထရစ္ နဲ႔ စတင္တာထြက္ခဲ့ၿပီး ကမာၻ႔အေကာင္းဆုံးစာရင္းဝင္ တိုက္စစ္မႉးျဖစ္ေၾကာင္းကို သြင္းဂိုးေတြနဲ႔ ေၾကညာေနၿပီလို႔ ဆိုရမွာပါ။

ဒီရာသီမွာ ေဒါ့မြန္အသင္းက ဟာလန္း ကို ေရာင္းခ်ဖို႔မရွိတာေၾကာင့္ သူ႔ကိုေခၚယူဖို႔စိတ္ဝင္စားေနတဲ့ ဥေရာပအသင္းႀကီးေတြအေနနဲ႔ ဒီရာသီမွာ ဟာလန္း ရဲ႕ သြင္းဂိုးေတြကို ေငးၾကည့္႐ုံသာ တတ္ႏိုင္ေတာ့မွာပါ။ ေနာက္ရာသီမွာေတာ့ ေငြထုပ္ပိုက္ၿပီး ေဒါ့မြန္အသင္းနဲ႔ ေအးဂ်င့္ျဖစ္သူ ႐ြိဳင္အိုလာ ေတာင္းသေလာက္ကိုသာ ေပးဖို႔အသင့္ျပင္ဆင္ထားၾကပါလို႔ အႀကံေပးရမလိုပါပဲ။