မက်ဆီရဲ့ နေအိမ်မှ နှုတ်ဆက်ပွဲ

လီယို မက်ဆီဟာ ပရိသတ် နှင့် မီဒီယာတွေကို ဘာစီလိုနာကနေ စွန့်ခွာခဲ့ရတဲ့အကြောင်း မရှင်းပြမီ သူ့ရဲ့ နေအိမ်မှာ သူငယ်ချင်းတွေကို ညစာစားပွဲဖိတ်ခေါ်ပြီး နှုတ်ဆက်ခဲ့ပါတယ်။ Cadena Cope အရ ဒေသစံတော်ချိန် ည ( ၈ ) နာရီမှာ ဘာစီလိုနာအသင်းခေါင်းဆောင်သစ် ဆာဂျီယို ဘတ်စကွက်က ပထမဆုံး ရောက်ရှိလာတဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် နာရီဝက်အကြာမှာ ဂျော်ဒီ အယ်လ်ဘာ နှင့် ( ၉ ) နာရီ ဝန်းကျင်ခန့်မှာ အဂွဲရိုးတို့ ရောက်ရှိလာခဲ့ပါတယ်။ နောက်ပြီး အခြားသော ဘာစီလိုနာ ကစားသမားဖြစ်တဲ့ ဂျာရတ် ပီကေးကလည်း ဇနီးဖြစ်သူ ရှာကီရာနဲ့အတူ အဆိုပါ ညစာစားပွဲကို တက်ရောက်ခဲ့ပါတယ်။

အဂွဲရိုးက သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ မက်ဆီနဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို မျှဝေခဲ့ပြီး “ သူငယ်ချင်းရေ ဘာပဲဖြစ်ဖြစ် အကောင်းဆုံးရင်ဆိုင်ပါ။ ဒီလိုပဲ အမြဲပြုံးထားပါ။ ငါမင်းကို ချစ်ပါတယ်။”လို့ ရေးသားထားပါတယ်။

နောက်ပြီး ပရိသတ်များစွာဟာလည်း မက်ဆီရဲ့ အိမ်ရှေ့မှာ စုရုံးခဲ့ကြကာ “ မက်ဆီ ၊ မက်ဆီ” ဆိုပြီး အော်ဟစ်နေခဲ့ကြပါတယ်။ မန်စီးတီး တိုက်စစ်မှူးဟောင်းက ပရိသတ်တွေနဲ့ တွေ့ဆုံစဉ် ဘာစီလိုနာမှာ ဆက်ရှိနေမယ့်အကြောင်းကို ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

zawgyi

မက္ဆီရဲ႕ ေနအိမ္မွ ႏႈတ္ဆက္ပြဲ

လီယို မက္ဆီဟာ ပရိသတ္ ႏွင့္ မီဒီယာေတြကို ဘာစီလိုနာကေန စြန႔္ခြာခဲ့ရတဲ့အေၾကာင္း မရွင္းျပမီ သူ႔ရဲ႕ ေနအိမ္မွာ သူငယ္ခ်င္းေတြကို ညစာစားပြဲဖိတ္ေခၚၿပီး ႏႈတ္ဆက္္ခဲ့ပါတယ္။

Cadena Cope အရ ေဒသစံေတာ္ခ်ိန္ ည ( ၈ ) နာရီမွာ ဘာစီလိုနာအသင္းေခါင္းေဆာင္သစ္ ဆာဂ်ီယို ဘတ္စကြက္က ပထမဆုံး ေရာက္ရွိလာတဲ့တယ္လို႔ သိရပါတယ္။

အဲ့ဒီေနာက္ နာရီဝက္အၾကာမွာ ေဂ်ာ္ဒီ အယ္လ္ဘာ ႏွင့္ ( ၉ ) နာရီ ဝန္းက်င္ခန္႔မွာ အဂြဲ႐ိုးတို႔ ေရာက္ရွိလာခဲ့ပါတယ္။ ေနာက္ၿပီး အျခားေသာ ဘာစီလိုနာ ကစားသမားျဖစ္တဲ့ ဂ်ာရတ္ ပီေကးကလည္း ဇနီးျဖစ္သူ ရွာကီရာနဲ႔အတူ အဆိုပါ ညစာစားပြဲကို တက္ေရာက္ခဲ့ပါတယ္။

အဂြဲ႐ိုးက သူ႔ရဲ႕ ဆိုရွယ္မီဒီယာမွာ မက္ဆီနဲ႔အတူ ႐ိုက္ကူးထားတဲ့ ဓာတ္ပုံကို မွ်ေဝခဲ့ၿပီး “ သူငယ္ခ်င္းေရ ဘာပဲျဖစ္ျဖစ္ အေကာင္းဆုံးရင္ဆိုင္ပါ။ ဒီလိုပဲ အၿမဲၿပဳံးထားပါ။ ငါမင္းကို ခ်စ္ပါတယ္။”လို႔ ေရးသားထားပါတယ္။

ေနာက္ၿပီး ပရိသတ္မ်ားစြာဟာလည္း မက္ဆီရဲ႕ အိမ္ေရွ႕မွာ စု႐ုံးခဲ့ၾကကာ “ မက္ဆီ ၊ မက္ဆီ” ဆိုၿပီး ေအာ္ဟစ္ေနခဲ့ၾကပါတယ္။ မန္စီးတီး တိုက္စစ္မႉးေဟာင္းက ပရိသတ္ေတြနဲ႔ ေတြ႕ဆုံစဥ္ ဘာစီလိုနာမွာ ဆက္ရွိေနမယ့္အေၾကာင္းကို ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။