လိဒ်စ် နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ဆန်ချို ဗာရန်း ကာဗာနီ တို့ကိုမြင်တွေ့ရမလား

အသစ်ခေါ်ယူထားတဲ့ ကစားသမားတွေဖြစ်တဲ့ ဆန်ချို နဲ့ ဗာရန်း တို့ဟာ မန်ယူအသင်းဆီကို လာရောက်ပူးပေါင်းနိုင်ခြင်းမရှိသေးသလို ဝါရင့်တိုက်စစ်မှူး ကာဗာနီ ကိုလည်း အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေမှာ အခုထိမြင်တွေ့ရခြင်းမရှိသေးပါဘူး။

ပရီးမီးယားလိဂ်ပြိုင်ပွဲစတင်ဖို့ကလည်း တပတ်လောက်ပဲလိုတော့တာကြောင့် ပရိသတ်တွေအနေနဲ့ အဆိုပါကစားသမားတွေကို ရာသီအဖွင့် လိဒ်စ် အသင်းနဲ့ ကစားရမဲ့ ပွဲစဉ်မှာ မြင်တွေ့ခွင့်ရနိုင်မှာလားဆိုတာကို မေးခွန်းထုတ်နေကြပါတယ်။

အဲ့ဒီမေးခွန်းတွေနဲ့ ပတ်သက်ပြီး နည်းပြ ဆိုးလ်ရှား က “ သူတို့တွေ အသင်းဆီကို လာရောက်ပူးပေါင်းတဲ့အခါ ကြံ့ခိုင်မှုပြည့်ဝနေဖို့ မျှော်လင့်ပါတယ်။ ဒီတပတ် ပိတ်ရက်ပြီးသွားရင် သူတို့ပြန်လာရတော့မှာပါ။ အခြေအနေအမျိုးမျိုးကြောင့် သူတို့တွေ အခုချိန်ထိ ကျွန်တော်တို့နဲ့ လာရောက်မပူးပေါင်းနိုင်သေးတာပါ။ ဒါပေမဲ့ ဘောလုံးရာသီက အရှည်ကြီးပါ။ သူတို့အနေနဲ့ အားလပ်ရက်အနည်းငယ်ပိုရနေတဲ့ သဘောပါပဲ “ လို့ မန်ယူအသင်းရဲ့ ဝက်ဘ်ဆိုက်ကနေတဆင့် ဖြေကြားခဲ့ပါတယ်။

ဆက်လက်ပြီး လာမယ့် အဲဗာတန် နဲ့ ခြေစမ်းပွဲနဲ့ လိဒ်စ် နဲ့ အဖွင့်ပွဲတို့မှာ အဆိုပါကစားသမားတွေ ပါဝင်ကစားနိုင်ဖို့ အသင့်ဖြစ်နေနိုင်မလားဆိုတာနဲ့ ပတ်သက်ပြီး ဆိုးလ်ရှား က “ အဲဗာတန် နဲ့ပွဲမှာတော့ သူတို့ကို မြင်တွေ့ရမှာမဟုတ်ပါဘူး။ လိဒ်စ် နဲ့ ကစားမဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာတော့ အရန်ခုံပေါ်မှာ သူတို့အသင့်ရှိနေဖို့ မျှော်လင့်ပါတယ် “ လို့ ပြောကြားခဲ့ပါတယ်။မန်ယူအသင်းဟာ ရာသီကြို ခြေစမ်းပွဲ နောက်ဆုံးပွဲစဉ်အဖြစ် အဲဗာတန် အသင်းနဲ့ ဒီနေ့ည ၆:၁၅ မှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး လာမယ့် ဩဂုတ်လ ၁၄ ရက်နေ့မှာတော့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် လိဒ်စ်ယူနိုက်တက်အသင်းကို အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ လက်ခံယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။

zawgyi

လိဒ္စ္ နဲ႔ကစားမယ့္ ပရီးမီးယားလိဂ္အဖြင့္ပြဲမွာ ဆန္ခ်ိဳ ဗာရန္း ကာဗာနီ တို႔ကိုျမင္ေတြ႕ရမလား

အသစ္ေခၚယူထားတဲ့ ကစားသမားေတြျဖစ္တဲ့ ဆန္ခ်ိဳ နဲ႔ ဗာရန္း တို႔ဟာ မန္ယူအသင္းဆီကို လာေရာက္ပူးေပါင္းႏိုင္ျခင္းမရွိေသးသလို ဝါရင့္တိုက္စစ္မႉး ကာဗာနီ ကိုလည္း အသင္းရဲ႕ေလ့က်င့္ေရးအစီအစဥ္ေတြမွာ အခုထိျမင္ေတြ႕ရျခင္းမရွိေသးပါဘူး။ပရီးမီးယားလိဂ္ၿပိဳင္ပြဲစတင္ဖို႔ကလည္း တပတ္ေလာက္ပဲလိုေတာ့တာေၾကာင့္ ပရိသတ္ေတြအေနနဲ႔ အဆိုပါကစားသမားေတြကို ရာသီအဖြင့္ လိဒ္စ္ အသင္းနဲ႔ ကစားရမဲ့ ပြဲစဥ္မွာ ျမင္ေတြ႕ခြင့္ရႏိုင္မွာလားဆိုတာကို ေမးခြန္းထုတ္ေနၾကပါတယ္။

အဲ့ဒီေမးခြန္းေတြနဲ႔ ပတ္သက္ၿပီး နည္းျပ ဆိုးလ္ရွား က “ သူတို႔ေတြ အသင္းဆီကို လာေရာက္ပူးေပါင္းတဲ့အခါ ႀကံ့ခိုင္မႈျပည့္ဝေနဖို႔ ေမွ်ာ္လင့္ပါတယ္။ ဒီတပတ္ ပိတ္ရက္ၿပီးသြားရင္ သူတို႔ျပန္လာရေတာ့မွာပါ။ အေျခအေနအမ်ိဳးမ်ိဳးေၾကာင့္ သူတို႔ေတြ အခုခ်ိန္ထိ ကြၽန္ေတာ္တို႔နဲ႔ လာေရာက္မပူးေပါင္းႏိုင္ေသးတာပါ။ ဒါေပမဲ့ ေဘာလုံးရာသီက အရွည္ႀကီးပါ။ သူတို႔အေနနဲ႔ အားလပ္ရက္အနည္းငယ္ပိုရေနတဲ့ သေဘာပါပဲ “ လို႔ မန္ယူအသင္းရဲ႕ ဝက္ဘ္ဆိုက္ကေနတဆင့္ ေျဖၾကားခဲ့ပါတယ္။ဆက္လက္ၿပီး လာမယ့္ အဲဗာတန္ နဲ႔ ေျခစမ္းပြဲနဲ႔ လိဒ္စ္ နဲ႔ အဖြင့္ပြဲတို႔မွာ အဆိုပါကစားသမားေတြ ပါဝင္ကစားႏိုင္ဖို႔ အသင့္ျဖစ္ေနႏိုင္မလားဆိုတာနဲ႔ ပတ္သက္ၿပီး ဆိုးလ္ရွား က “ အဲဗာတန္ နဲ႔ပြဲမွာေတာ့ သူတို႔ကို ျမင္ေတြ႕ရမွာမဟုတ္ပါဘူး။ လိဒ္စ္ နဲ႔ ကစားမဲ့ ပရီးမီးယားလိဂ္ အဖြင့္ပြဲမွာေတာ့ အရန္ခုံေပၚမွာ သူတို႔အသင့္ရွိေနဖို႔ ေမွ်ာ္လင့္ပါတယ္ “ လို႔ ေျပာၾကားခဲ့ပါတယ္။မန္ယူအသင္းဟာ ရာသီႀကိဳ ေျခစမ္းပြဲ ေနာက္ဆုံးပြဲစဥ္အျဖစ္ အဲဗာတန္ အသင္းနဲ႔ ဒီေန႔ည ၆:၁၅ မွာ ယွဥ္ၿပိဳင္ကစားသြားမွာျဖစ္ၿပီး လာမယ့္ ဩဂုတ္လ ၁၄ ရက္ေန႔မွာေတာ့ ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္အျဖစ္ လိဒ္စ္ယူႏိုက္တက္အသင္းကို အိမ္ကြင္း အိုးလ္ထရက္ဖို႔ဒ္မွာ လက္ခံယွဥ္ၿပိဳင္ကစားရမွာပဲ ျဖစ္ပါတယ္။