ဟယ်ရီကိန်း မန်စီးတီးထံ ပြောင်းရွေ့ခွင့်ရဖို့ စပါးအသင်းနဲ့ မပူးပေါင်းပဲ ဖိအားပေးနေ

ဟယ်ရီကိန်းဟာ တနင်္လာနေ့က တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ လာရောက်ပူးပေါင်းခြင်းမရှိခဲ့ပဲ အသင်းပြောင်းရွေ့ခွင့်ရဖို့ ဖိအားပေးနေတယ်လို့ ESPN သတင်းဌာနအရ သိရပါတယ်။ အသက် ( ၂၈ ) နှစ်အရွယ် ကစားသမားဟာ အင်္ဂလန်အသင်းနဲ့အတူ ယူရို ( ၂၀၂၀ ) ယှဉ်ပြိုင်ခဲ့ပြီးနောက် အပိုအားလပ်ရက်ရရှိခဲ့ပြီး ယနေ့မှာ ကိုဗစ်စစ်ဆေးဖို့ စပါးအသင်းရဲ့ Hotspur Way ကို လာရောက်ရမှာဖြစ်ပါတယ်။

ဒါပေမယ့် ကိန်းက သွားရောက်ခြင်းမရှိခဲ့ပဲ သူ့ရဲ့ ဆန္ဒအတိုင်း အသင်းပြောင်းရွေ့ခွင့်ရဖို့ ဆက်လက်ဖိအားပေးနေခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် နှင့် ချဲလ်ဆီးအသင်းတို့ကလည်း တိုက်စစ်မှူးရဲ့ အခြေအနေကို လေ့လာနေပေမယ့် မန်စီးတီးက ခေါ်ယူနိုင်ဖို့ အလာအလာများနေပြီး အပြောင်းအရွေ့အပြီးသတ်နိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

အသင်းဥက္ကဌလေဗိုင်းက ကိန်းရဲ့ အရေးပါမှုကြောင့် ရောင်းချဖို့ လက်တွန့်နေပြီး အင်္ဂလန်လက်ရွေးစင်ကလည်း မြောက်လန်ဒန်ကလပ်မှာ တစ်ပတ်လုပ်ခ ပေါင် ( ၂ ) သိန်းနဲ့ စာချုပ်သက်တမ်း ( ၃ ) နှစ်ကျန်ရှိနေပါသေးတယ်။

တော့တင်ဟမ်က ကိန်းရဲ့ တန်ဖိုးကို ပေါင်သန်း ( ၁၅၀ ) သတ်မှတ်ထားပြီး စီတီးရဲ့ လက်ရှိကမ်းလှမ်းလိုတဲ့ ပမာဏထက် များပြားနေတာဖြစ်ပါတယ်။ စီးတီးအနေနဲ့ ယခင်က ပေါင်သန်း ( ၁၀၀ ) ဝန်းကျင်းကမ်းလှမ်းမှုပြုလုပ်ဖို့ ရှိတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ( ၂ ) သင်းစလုံးကတော့ တရားဝင်ကမ်းလှမ်းထားခြင်းမရှိသေးကြောင်း ငြင်းပယ်ထားပါတယ်။

zawgyi

ဟယ္ရီကိန္း မန္စီးတီးထံ ေျပာင္းေ႐ြ႕ခြင့္ရဖို႔ စပါးအသင္းနဲ႔ မပူးေပါင္းပဲ ဖိအားေပးေန

ဟယ္ရီကိန္းဟာ တနလၤာေန႔က ေတာ့တင္ဟမ္ေဟာ့စပါးအသင္းရဲ႕ ေလ့က်င့္ေရးအစီအစဥ္မွာ လာေရာက္ပူးေပါင္းျခင္းမရွိခဲ့ပဲ အသင္းေျပာင္းေ႐ြ႕ခြင့္ရဖို႔ ဖိအားေပးေနတယ္လို႔ ESPN သတင္းဌာနအရ သိရပါတယ္။

အသက္ ( ၂၈ ) ႏွစ္အ႐ြယ္ ကစားသမားဟာ အဂၤလန္အသင္းနဲ႔အတူ ယူ႐ို ( ၂၀၂၀ ) ယွဥ္ၿပိဳင္ခဲ့ၿပီးေနာက္ အပိုအားလပ္ရက္ရရွိခဲ့ၿပီး ယေန႔မွာ ကိုဗစ္စစ္ေဆးဖို႔ စပါးအသင္းရဲ႕ Hotspur Way ကို လာေရာက္ရမွာျဖစ္ပါတယ္။

ဒါေပမယ့္ ကိန္းက သြားေရာက္ျခင္းမရွိခဲ့ပဲ သူ႔ရဲ႕ ဆႏၵအတိုင္း အသင္းေျပာင္းေ႐ြ႕ခြင့္ရဖို႔ ဆက္လက္ဖိအားေပးေနခဲ့ပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္ ႏွင့္ ခ်ဲလ္ဆီးအသင္းတို႔ကလည္း တိုက္စစ္မႉးရဲ႕ အေျခအေနကို ေလ့လာေနေပမယ့္ မန္စီးတီးက ေခၚယူႏိုင္ဖို႔ အလာအလာမ်ားေနၿပီး အေျပာင္းအေ႐ြ႕အၿပီးသတ္ႏိုင္ဖို႔ ေမွ်ာ္လင့္ေနတယ္လို႔ သိရပါတယ္။

အသင္းဥကၠဌေလဗိုင္းက ကိန္းရဲ႕ အေရးပါမႈေၾကာင့္ ေရာင္းခ်ဖို႔ လက္တြန႔္ေနၿပီး အဂၤလန္လက္ေ႐ြးစင္ကလည္း ေျမာက္လန္ဒန္ကလပ္မွာ တစ္ပတ္လုပ္ခ ေပါင္ ( ၂ ) သိန္းနဲ႔ စာခ်ဳပ္သက္တမ္း ( ၃ ) ႏွစ္က်န္ရွိေနပါေသးတယ္။

ေတာ့တင္ဟမ္က ကိန္းရဲ႕ တန္ဖိုးကို ေပါင္သန္း ( ၁၅၀ ) သတ္မွတ္ထားၿပီး စီတီးရဲ႕ လက္ရွိကမ္းလွမ္းလိုတဲ့ ပမာဏထက္ မ်ားျပားေနတာျဖစ္ပါတယ္။

စီးတီးအေနနဲ႔ ယခင္က ေပါင္သန္း ( ၁၀၀ ) ဝန္းက်င္းကမ္းလွမ္းမႈျပဳလုပ္ဖို႔ ရွိတယ္လို႔ သတင္းေတြထြက္ေပၚခဲ့ေပမယ့္ ( ၂ ) သင္းစလုံးကေတာ့ တရားဝင္ကမ္းလွမ္းထားျခင္းမရွိေသးေၾကာင္း ျငင္းပယ္ထားပါတယ္။