ချဲလ်ဆီးနဲ့ ခြေစမ်းပွဲမှာ အံ့အားသင့်စရာ ဂိုးပေါက်ကာကွယ်မှုတစ်ခု ဘန်ဝှိုက် လုပ်ပြခဲ့

မနေ့ညက ကစားခဲ့တဲ့ ရန်ပုံငွေခြေစမ်းပွဲမှာ အာဆင်နယ် က လန်ဒန်မြို့ခံပြိုင်ဖက် ချဲလ်ဆီး ကို အိမ်ကွင်းပရိသတ်တွေရှေ့မှောက်မှာပဲ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပါတယ

ခြေစမ်းပွဲဆိုပေမဲ့ ၂ သင်းလုံးက လူအစုံနီးပါးနဲ့ ပွဲထွက်လာကြပြီး ဒါဘီပွဲဆိုတဲ့ ရသကိုပေးစွမ်းနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်း ရရှိခဲ့တဲ့ သွင်းဂိုး ၂ ဂိုးလုံးဟာ အာဆင်နယ် နောက်တန်းရဲ့ လိုအပ်ချက်တွေကြောင့်ဖြစ်ပါတယ်။ ပထမဂိုးကို ပွဲကစားချိန် ၂၆ မိနစ်မှာ ဂျာမန်တိုက်စစ်အတွဲဖြစ်တဲ့ ဗာနာ-ဟာဗက်ဇ် တွဲလုံးကနေ ကိုင်ဟာဗက်ဇ် က ဂိုးဧရိယာထဲကနေ အပြင်းကန်သွင်းခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းပြန်စချိန်မှာတော့ ချဲလ်ဆီး က အပြောင်းအလဲများစွာပြုလုပ်ခဲ့ပြီး ဟာဗက်ဇ် ၊ ဗာနာ တို့ကို အနားပေးခဲ့ပါတယ်။ အာဆင်နယ် ကတော့ ဟိုးလ်ဒင်းနေရာမှာ နောက်ခံလူသစ် ဘန်ဝှိုက် ကို အစားထိုးကစားစေခဲ့ပါတယ်။

ပွဲကစားချိန် ၆၉ မိနစ်အရောက်မှာတော့ အာဆင်နယ်က ခြေပဂိုးပြန်ရခဲ့ပြီး ကွင်းလယ်လူ ရှာကာ က ပေပေ တင်ပေးလိုက်တဲ့ ထောင့်ကန်ဘောကို ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ၃ မိနစ်အကြာမှာတော့ ဘယ်လာရင် ရဲ့ ဆိုးရွားတဲ့ လူပေးမှားမှုကနေ ချဲလ်ဆီး တိုက်စစ်မှူး အေဘရာဟမ် က ဦးဆောင်ဂိုးပြန်သွင်းသွားခဲ့ပါတယ်။

မိနစ် ၈၀ ကျော်မှာ အာဆင်နယ် လူငယ်တိုက်စစ်မှူး ဝဲလော့ခ် ရဲ့ကန်ချက် ဂိုးစည်းကျော်သွားခဲ့ပေမဲ့ စည်းကြပ်ဒိုင်က မကျော်သေးဘူးဆိုပြီး ဆုံးဖြတ်ခဲ့တာကြောင့် အာဆင်နယ်အသင်း နစ်နာခဲ့ရပြီး ရန်ပုံငွေ ဒါဘီပွဲမှာ အရှုံးနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

အဲ့ဒီရှုံးပွဲမှာ အာဆင်နယ် ပရိသတ်တွေ ကျေနပ်ခဲ့ရတဲ့ အဖြစ်အပျက်တခုကတော့ ပေါင်သန်း ၅၀ နဲ့ ဈေးကြီးပေးခေါ်ယူထားတဲ့ နောက်ခံလူသစ် ဘန်ဝှိုက် ရဲ့ ခြေစွမ်းပဲဖြစ်ပါတယ်။ ဘန်ဝှိုက် ဟာ ချဲလ်ဆီး တောင်ပံကစားသမား ဇီယာ့ချ် လွတ်လွတ်ကျွတ်ကျွတ် ရသွားတဲ့ ဘောလုံးကို အနောက်ကနေပြေးလိုက်ကာ အံ့အားသင့်စရာ ဂိုးပေါက်ကာကွယ်မှုကို ပြုလုပ်ပြခဲ့ပါတယ်။

ပြောင်းရွှေ့ကြေးကြောင့် ဝေဖန်ခံနေရတဲ့ ဘန်ဝှိုက် အနေနဲ့ သူ့ရဲ့အရည်အသွေးကို ပထမဆုံးပွဲမှာတင် အကောင်းဆုံးမှတ်ကျောက်တင်နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ ဒါပေမဲ့ အမှားတွေလုပ်ရတာကို အသားကျနေတဲ့ အသင်းဖော်သစ်တွေနဲ့ ဟန်ချက်ညီညီ တွဲကစားနိုင်ဖို့ကိုတော့ ဘန်ဝှိုက် အနေနဲ့ ဒီထက်ပိုပြီး ကြိုးစားရအုံးမှာပါ။

Zawgyi

ခ်ဲလ္ဆီးနဲ႔ ေျခစမ္းပြဲမွာ အံ့အားသင့္စရာ ဂိုးေပါက္ကာကြယ္မႈတစ္ခု ဘန္ဝႈိက္ လုပ္ျပခဲ့

မေန႔ညက ကစားခဲ့တဲ့ ရန္ပုံေငြေျခစမ္းပြဲမွာ အာဆင္နယ္ က လန္ဒန္ၿမိဳ႕ခံၿပိဳင္ဖက္ ခ်ဲလ္ဆီး ကို အိမ္ကြင္းပရိသတ္ေတြေရွ႕ေမွာက္မွာပဲ ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။

ေျခစမ္းပြဲဆိုေပမဲ့ ၂ သင္းလုံးက လူအစုံနီးပါးနဲ႔ ပြဲထြက္လာၾကၿပီး ဒါဘီပြဲဆိုတဲ့ ရသကိုေပးစြမ္းႏိုင္ခဲ့ပါတယ္။ ခ်ဲလ္ဆီးအသင္း ရရွိခဲ့တဲ့ သြင္းဂိုး ၂ ဂိုးလုံးဟာ အာဆင္နယ္ ေနာက္တန္းရဲ႕ လိုအပ္ခ်က္ေတြေၾကာင့္ျဖစ္ပါတယ္။ ပထမဂိုးကို ပြဲကစားခ်ိန္ ၂၆ မိနစ္မွာ ဂ်ာမန္တိုက္စစ္အတြဲျဖစ္တဲ့ ဗာနာ-ဟာဗက္ဇ္ တြဲလုံးကေန ကိုင္ဟာဗက္ဇ္ က ဂိုးဧရိယာထဲကေန အျပင္းကန္သြင္းခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းျပန္စခ်ိန္မွာေတာ့ ခ်ဲလ္ဆီး က အေျပာင္းအလဲမ်ားစြာျပဳလုပ္ခဲ့ၿပီး ဟာဗက္ဇ္ ၊ ဗာနာ တို႔ကို အနားေပးခဲ့ပါတယ္။ အာဆင္နယ္ ကေတာ့ ဟိုးလ္ဒင္းေနရာမွာ ေနာက္ခံလူသစ္ ဘန္ဝႈိက္ ကို အစားထိုးကစားေစခဲ့ပါတယ္။

ပြဲကစားခ်ိန္ ၆၉ မိနစ္အေရာက္မွာေတာ့ အာဆင္နယ္က ေျခပဂိုးျပန္ရခဲ့ၿပီး ကြင္းလယ္လူ ရွာကာ က ေပေပ တင္ေပးလိုက္တဲ့ ေထာင့္ကန္ေဘာကို ေခါင္းတိုက္သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ ၃ မိနစ္အၾကာမွာေတာ့ ဘယ္လာရင္ ရဲ႕ ဆိုး႐ြားတဲ့ လူေပးမွားမႈကေန ခ်ဲလ္ဆီး တိုက္စစ္မႉး ေအဘရာဟမ္ က ဦးေဆာင္ဂိုးျပန္သြင္းသြားခဲ့ပါတယ္။

မိနစ္ ၈၀ ေက်ာ္မွာ အာဆင္နယ္ လူငယ္တိုက္စစ္မႉး ဝဲေလာ့ခ္ ရဲ႕ကန္ခ်က္ ဂိုးစည္းေက်ာ္သြားခဲ့ေပမဲ့ စည္းၾကပ္ဒိုင္က မေက်ာ္ေသးဘူးဆိုၿပီး ဆုံးျဖတ္ခဲ့တာေၾကာင့္ အာဆင္နယ္အသင္း နစ္နာခဲ့ရၿပီး ရန္ပုံေငြ ဒါဘီပြဲမွာ အရႈံးနဲ႔သာ ေက်နပ္ခဲ့ရပါတယ္။

အဲ့ဒီရႈံးပြဲမွာ အာဆင္နယ္ ပရိသတ္ေတြ ေက်နပ္ခဲ့ရတဲ့ အျဖစ္အပ်က္တခုကေတာ့ ေပါင္သန္း ၅၀ နဲ႔ ေဈးႀကီးေပးေခၚယူထားတဲ့ ေနာက္ခံလူသစ္ ဘန္ဝႈိက္ ရဲ႕ ေျခစြမ္းပဲျဖစ္ပါတယ္။ ဘန္ဝႈိက္ ဟာ ခ်ဲလ္ဆီး ေတာင္ပံကစားသမား ဇီယာ့ခ်္ လြတ္လြတ္ကြၽတ္ကြၽတ္ ရသြားတဲ့ ေဘာလုံးကို အေနာက္ကေနေျပးလိုက္ကာ အံ့အားသင့္စရာ ဂိုးေပါက္ကာကြယ္မႈကို ျပဳလုပ္ျပခဲ့ပါတယ္။

ေျပာင္းေ႐ႊ႕ေၾကးေၾကာင့္ ေဝဖန္ခံေနရတဲ့ ဘန္ဝႈိက္ အေနနဲ႔ သူ႔ရဲ႕အရည္အေသြးကို ပထမဆုံးပြဲမွာတင္ အေကာင္းဆုံးမွတ္ေက်ာက္တင္ႏိုင္ခဲ့တယ္လို႔ ဆိုရမွာပါ။ ဒါေပမဲ့ အမွားေတြလုပ္ရတာကို အသားက်ေနတဲ့ အသင္းေဖာ္သစ္ေတြနဲ႔ ဟန္ခ်က္ညီညီ တြဲကစားႏိုင္ဖို႔ကိုေတာ့ ဘန္ဝႈိက္ အေနနဲ႔ ဒီထက္ပိုၿပီး ႀကိဳးစားရအုံးမွာပါ။