ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ပရီးမီးယားလိဂ်ကစားသမားအများစု ဆန္ဒမရှိဖြစ်နေကြ

ကိုဗစ်ရောဂါဆိုးကြောင့် ဘောလုံးလောကမှာထိခိုက်ဆုံးရှုံးမှုတွေဖြစ်နေပေမယ့် ပရီးမီးယားလိဂ်နဲ့ EFL ကလပ်အသင်းတွေမှာကစားနေတဲ့ ကစားသမားအများစုက ကိုဗစ်ရောဂါကာကွယ်ဆေးထိုးဖို့ ဆန္ဒမရှိဖြစ်နေကြတယ်လို့ ဗြိတိန်နာမည်ကျော်သတင်းစာ The Sun က ဖော်ပြခဲ့ပါတယ်။

ပရီးမီးယားလိဂ်အပါအဝင် အင်္ဂလန်လိဂ်ပြိုင်ပွဲရာသီသစ်ဟာ အခုသြဂုတ်လအတွင်းစတင်ကျင်းပတော့မှာဖြစ်ပြီး ရာသီသစ်မတိုင်ခင် ဘောလုံးသမားတွေ ကိုဗစ်ရောဂါကူးစက်မခံရအောင် ကာကွယ်ဆေးထိုးဖို့ တာဝန်ရှိသူတွေက စီစဉ်နေပေမယ့် နာမည်ကျော်ကစားသမားတချို့က ဆေးထိုးပြီးရင် ရက်အနည်းငယ်ကြာအနားယူရမှာဖြစ်တာကြောင့် ကာကွယ်ဆေးထိုးဖို့ သဘောမတူဖြစ်နေသလို တချို့ကတော့ ပုဂ္ဂိုလ်ရေးအကြောင်းပြချက်တွေနဲ့ ဆေးမထိုးချင်တာဖြစ်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ငြင်းဆန်ခဲ့တဲ့ အင်္ဂလန်လိဂ်ချန်ပီယံရှစ်ကလပ်အသင်းတစ်သင်းက ကစားသမားတွေနဲ့ဝန်ထမ်းတွေဟာ ကိုဗစ်ရောဂါကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ရပြီး တချို့ကလည်း ကိုဗစ်ကာကွယ်ဆေးထိုးဖို့ လက်ခံကြတဲ့အတွက် ကစားသမားတွေအချင်းချင်း စိတ်သဘောထားကွဲလွဲမှုတွေဖြစ်နေကြပါပြီ။

ကိုဗစ်ရောဂါကူးစက်ခံထားရတဲ့ လိဂ်ချန်ပီယံရှစ်ကလပ်အသင်းရဲ့တာဝန်ရှိသူတစ်ဦးက “လူတိုင်းဟာ ကိုယ့်အမြင်၊ကိုယ်ပိုင်အကြောင်းပြချက်တွေရှိတယ်ဆိုတာ ကျွန်တော်တို့နားလည်ပေမယ့် ကိုဗစ်ကာကွယ်ဆေးထိုးမယ့်ကိစ္စနဲ့ပတ်သက်လို့ ကစားသမားတွေအချင်းချင်း သဘောထားကွဲလွဲမှုတွေရှိနေပါတယ်။ ကျွန်တော်တို့အသင်းက,ကစားသမားတစ်ဦးဟာ ရောဂါဖြစ်ချင်ဖြစ်ဆိုပြီး ကာကွယ်ဆေးထိုးဖို့ငြင်းဆန်ခဲ့သလို ရက်ပိုင်းအတွင်းမှာပဲ တခြားကစားသမားတွေနဲ့ ဝန်ထမ်းတွေဟာ ကိုဗစ်ရောဂါကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

အဲဒါကြောင့် ကစားသမားတွေနဲ့ဝန်ထမ်းတွေကို တစ်ဦးတည်းသီးသန့်နေဖို့ ညွှန်ကြားထားရပြီး ဒီလိုအဖြစ်အပျက်တွေကြောင့် လာမယ့်ရက်ပိုင်းအတွင်းမှာ စတင်ကျင်းပမယ့် လိဂ်ပြိုင်ပွဲအတွက်ပြင်ဆင်မှုတွေအပေါ် ထိခိုက်မှုတွေရှိလာပါတယ်”လို့ပြောကြားခဲ့ပါတယ်။ အင်္ဂလန်ကလပ်အသင်းတချို့နဲ့ အကယ်ဒမီအသင်းတွေဟာလည်း ကိုဗစ်ရောဂါဆိုးရဲ့ဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့အပြင် ကစားသမားအပြောင်းအရွှေ့ကိစ္စတွေမှာ ကိုဗစ်ရောဂါကြောင့် အဆင်မပြေဖြစ်ခဲ့ရတာတွေရှိနေပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်က အမည်မဖော်ပြထားတဲ့ပရီးမီးယားလိဂ်ကစားသမားတစ်ဦးဟာ ကိုဗစ်ဖြစ်နေတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ရလို့ အပြောင်းအရွှေ့ကိစ္စကိုအပြီးမသတ်နိုင်ခဲ့သလို နာမည်ကျော်ကစားသမားတစ်ဦးဟာလည်း ကိုဗစ်ရောဂါကူးစက်ခံထားရလို့ သူ့ကလပ်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုမယ့်ကိစ္စကို ရွှေ့ဆိုင်းခဲ့ရတယ်လို့ The Sun သတင်းစာကဖော်ပြခဲ့ပါတယ်။

zawgyi

ကိုဗစ္ကာကြယ္ေဆးထိုးဖို႔ ပရီးမီးယားလိဂ္ကစားသမားအမ်ားစု ဆႏၵမရွိျဖစ္ေနၾက

ကိုဗစ္ေရာဂါဆိုးေၾကာင့္ ေဘာလုံးေလာကမွာထိခိုက္ဆုံးရႈံးမႈေတြျဖစ္ေနေပမယ့္ ပရီးမီးယားလိဂ္နဲ႔ EFL ကလပ္အသင္းေတြမွာကစားေနတဲ့ ကစားသမားအမ်ားစုက ကိုဗစ္ေရာဂါကာကြယ္ေဆးထိုးဖို႔ ဆႏၵမရွိျဖစ္ေနၾကတယ္လို႔ ၿဗိတိန္နာမည္ေက်ာ္သတင္းစာ The Sun က ေဖာ္ျပခဲ့ပါတယ္။ ပရီးမီးယားလိဂ္အပါအဝင္ အဂၤလန္လိဂ္ၿပိဳင္ပြဲရာသီသစ္ဟာ အခုၾသဂုတ္လအတြင္းစတင္က်င္းပေတာ့မွာျဖစ္ၿပီး ရာသီသစ္မတိုင္ခင္ ေဘာလုံးသမားေတြ ကိုဗစ္ေရာဂါကူးစက္မခံရေအာင္ ကာကြယ္ေဆးထိုးဖို႔ တာဝန္ရွိသူေတြက စီစဥ္ေနေပမယ့္ နာမည္ေက်ာ္ကစားသမားတခ်ိဳ႕က ေဆးထိုးၿပီးရင္ ရက္အနည္းငယ္ၾကာအနားယူရမွာျဖစ္တာေၾကာင့္ ကာကြယ္ေဆးထိုးဖို႔ သေဘာမတူျဖစ္ေနသလို တခ်ိဳ႕ကေတာ့ ပုဂၢိဳလ္ေရးအေၾကာင္းျပခ်က္ေတြနဲ႔ ေဆးမထိုးခ်င္တာျဖစ္ပါတယ္။

ကိုဗစ္ကာကြယ္ေဆးထိုးဖို႔ ျငင္းဆန္ခဲ့တဲ့ အဂၤလန္လိဂ္ခ်န္ပီယံရွစ္ကလပ္အသင္းတစ္သင္းက ကစားသမားေတြနဲ႔ဝန္ထမ္းေတြဟာ ကိုဗစ္ေရာဂါကူးစက္ခံထားရတယ္လို႔ စစ္ေဆးေတြ႕ရွိခဲ့ရၿပီး တခ်ိဳ႕ကလည္း ကိုဗစ္ကာကြယ္ေဆးထိုးဖို႔ လက္ခံၾကတဲ့အတြက္ ကစားသမားေတြအခ်င္းခ်င္း စိတ္သေဘာထားကြဲလြဲမႈေတြျဖစ္ေနၾကပါၿပီ။

ကိုဗစ္ေရာဂါကူးစက္ခံထားရတဲ့ လိဂ္ခ်န္ပီယံရွစ္ကလပ္အသင္းရဲ႕တာဝန္ရွိသူတစ္ဦးက “လူတိုင္းဟာ ကိုယ့္အျမင္၊ကိုယ္ပိုင္အေၾကာင္းျပခ်က္ေတြရွိတယ္ဆိုတာ ကြၽန္ေတာ္တို႔နားလည္ေပမယ့္ ကိုဗစ္ကာကြယ္ေဆးထိုးမယ့္ကိစၥနဲ႔ပတ္သက္လို႔ ကစားသမားေတြအခ်င္းခ်င္း သေဘာထားကြဲလြဲမႈေတြရွိေနပါတယ္။ ကြၽန္ေတာ္တို႔အသင္းက,ကစားသမားတစ္ဦးဟာ ေရာဂါျဖစ္ခ်င္ျဖစ္ဆိုၿပီး ကာကြယ္ေဆးထိုးဖို႔ျငင္းဆန္ခဲ့သလို ရက္ပိုင္းအတြင္းမွာပဲ တျခားကစားသမားေတြနဲ႔ ဝန္ထမ္းေတြဟာ ကိုဗစ္ေရာဂါကူးစက္ခံထားရတာကို စစ္ေဆးေတြ႕ရွိခဲ့ရပါတယ္။

အဲဒါေၾကာင့္ ကစားသမားေတြနဲ႔ဝန္ထမ္းေတြကို တစ္ဦးတည္းသီးသန႔္ေနဖို႔ ၫႊန္ၾကားထားရၿပီး ဒီလိုအျဖစ္အပ်က္ေတြေၾကာင့္ လာမယ့္ရက္ပိုင္းအတြင္းမွာ စတင္က်င္းပမယ့္ လိဂ္ၿပိဳင္ပြဲအတြက္ျပင္ဆင္မႈေတြအေပၚ ထိခိုက္မႈေတြရွိလာပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။ အဂၤလန္ကလပ္အသင္းတခ်ိဳ႕နဲ႔ အကယ္ဒမီအသင္းေတြဟာလည္း ကိုဗစ္ေရာဂါဆိုးရဲ႕ဒဏ္ကို ျပင္းျပင္းထန္ထန္ခံစားခဲ့ရတဲ့အျပင္ ကစားသမားအေျပာင္းအေ႐ႊ႕ကိစၥေတြမွာ ကိုဗစ္ေရာဂါေၾကာင့္ အဆင္မေျပျဖစ္ခဲ့ရတာေတြရွိေနပါတယ္။

ၿပီးခဲ့တဲ့တစ္ပတ္က အမည္မေဖာ္ျပထားတဲ့ပရီးမီးယားလိဂ္ကစားသမားတစ္ဦးဟာ ကိုဗစ္ျဖစ္ေနတယ္လို႔ စစ္ေဆးေတြ႕ရွိခဲ့ရလို႔ အေျပာင္းအေ႐ႊ႕ကိစၥကိုအၿပီးမသတ္ႏိုင္ခဲ့သလို နာမည္ေက်ာ္ကစားသမားတစ္ဦးဟာလည္း ကိုဗစ္ေရာဂါကူးစက္ခံထားရလို႔ သူ႔ကလပ္အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုမယ့္ကိစၥကို ေ႐ႊ႕ဆိုင္းခဲ့ရတယ္လို႔ The Sun သတင္းစာကေဖာ္ျပခဲ့ပါတယ္။