အဲရစ်ဘိုင်လီ တိုကျိုအိုလံပစ်မှာ အရှက်ကွဲခဲ့

အဲရစ်ဘိုင်လီဟာစပိန်အားရှုံးနိမ့်ကာတိုကျိုအိုလံပစ်ပြိုင်ပွဲမှအိုင်ဗရီကို့စ်အသင်း ထွက်ခွာရတဲ့ပွဲစဉ်မှာအလွဲအချော်တွေဖြစ်ပြီး အရှက်ကွဲသွားခဲ့ပါတယ်။ ယူနိုက်တက် နောက်ခံလူဟာ အသင်းဖော် ဒီယာလိုနဲ့အတူ နွေရာသီမှာ နိုင်ငံအသင်းအတွက် ကစားပေးနေပြီး အသင်းကလည်း အုပ်စုပွဲအတွင်း ရှုံးပွဲမရှိခဲ့ပါဘူး။

ယမန်နေ့ကတော့ ကြယ်ပွင့်ကစားသမား အများအပြား ပါဝင်တဲ့ စပိန်နဲ့ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ကစားခဲ့ရပါတယ်။ အာဖရိကအသင်းဟာ ဘိုင်လီရဲ့ ဦးဆောင်ဂိုးကြောင့် အစကောင်းခဲ့ပါတယ်။ အိုင်ဗရီကို့စ်အိုလံပစ်အသင်းမှာအသက်ကြီးကစားသမားသုံးဦးမှတစ်ဦးအဖြစ်ပါဝင်လာတဲ့အဲရစ်ဘိုင်လီဟာပွဲအစ၉မိနစ်မှာပဲထောင့်ကန်ဘောကနေ ပိတ်သွင်းပြီးအိုင်ဗရီကို့စ်အတွက်ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။

မိနစ် ၃၀ ဝန်းကျင်မှာတော့ စပိန်အတွက် ပြိုင်ပွဲ ၂ပွဲဆက် ကစားပေးနေတဲ့ အိုလ်မိုက ချေပဂိုး ပြန်လည် သွင်းယူသွားခဲ့ပါတယ်။ အဲဒီနောက် ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပိုမှာ ဂရေဒယ်က အိုင်ဗရီကို့စ်အတွက် ဦးဆောင်ဂိုး ပြန်သွင်းပေးခဲ့ပါတယ်။ အိုင်ဗရီကို့စ်တို့ ဆီမီးဖိုင်နယ် တက်ပြီဆိုပြီး ထင်နေစဉ်မှာပဲ ၉၃မိနစ်ရောက်မှ ဘိုင်လီတစ်ယောက် ပေးဆပ်မှုကြီးမားစေမယ့် အမှားကျူးလွန်ခဲ့ပါတယ်။

နာကျင်အချိန်ပိုမှာအဲရစ်ဘိုင်လီဟာသူ့ခေါင်းတိုက်မှုမသေသပ်မှုကနေ သူ့နေရာတည့်တည့်ဆီကိုပြန်ကျလာတဲ့ဘောလုံးကိုခေါင်းတိုက်မဖျက်ထုတ်နိုင်မှုနဲ့အတူရာဖာမာကစပိန်အတွက်အဖိုးတန်ချေပဂိုးကိုသွင်းယူခဲ့လို့အချိန်ပိုကစားခဲ့ရပါတယ်။

အချိန်ပိုမှာအိုယာဇာဘယ်ကပင်နယ်တီမှတစ်ဆင့်စပိန်အတွက်တစ်ဂိုးထပ်သွင်းခဲ့ပြီးရာဖာမာကသူ့ရဲ့ဟက်ထရစ်အဖြစ်နောက်ထပ်နှစ်ဂိုးသွင်းမှုနဲ့အတူ၅-၂ဂိုးနဲ့ အနိုင်ရရှိကာအိုင်ဗရီကို့စ်အား ပြိုင်ပွဲက ထွက်စေခဲ့ပါတယ်။ ဘိုင်လီဟာ ယမန်နှစ်ရာသီက စာချုပ်သစ် ချုပ်ဆိုခဲ့ပေမဲ့ ဗာရန်းရောက်လာချိန်မှာ ပွဲထွက်ခွင့်တော့ ပျောက်ဆုံးဖွယ် ရှိနေပါတယ်။

zawgyi

အဲရစ္ဘိုင္လီ တိုက်ိဳအိုလံပစ္မွာ အရွက္ကြဲခဲ့

အဲရစ္ဘိုင္လီဟာစပိန္အားရႈံးနိမ့္ကာတိုက်ိဳအိုလံပစ္ၿပိဳင္ပြဲမွအိုင္ဗရီကို႔စ္အသင္း ထြက္ခြာရတဲ့ပြဲစဥ္မွာအလြဲအေခ်ာ္ေတြျဖစ္ၿပီး အရွက္ကြဲသြားခဲ့ပါတယ္။ ယူႏိုက္တက္ ေနာက္ခံလူဟာ အသင္းေဖာ္ ဒီယာလိုနဲ႔အတူ ေႏြရာသီမွာ ႏိုင္ငံအသင္းအတြက္ ကစားေပးေနၿပီး အသင္းကလည္း အုပ္စုပြဲအတြင္း ရႈံးပြဲမရွိခဲ့ပါဘူး။

ယမန္ေန႔ကေတာ့ ၾကယ္ပြင့္ကစားသမား အမ်ားအျပား ပါဝင္တဲ့ စပိန္နဲ႔ ကြာတားဖိုင္နယ္ပြဲစဥ္အျဖစ္ ကစားခဲ့ရပါတယ္။ အာဖရိကအသင္းဟာ ဘိုင္လီရဲ႕ ဦးေဆာင္ဂိုးေၾကာင့္ အစေကာင္းခဲ့ပါတယ္။ အိုင္ဗရီကို႔စ္အိုလံပစ္အသင္းမွာအသက္ႀကီးကစားသမားသုံးဦးမွတစ္ဦးအျဖစ္ပါဝင္လာတဲ့အဲရစ္ဘိုင္လီဟာပြဲအစ၉မိနစ္မွာပဲေထာင့္ကန္ေဘာကေန ပိတ္သြင္းၿပီးအိုင္ဗရီကို႔စ္အတြက္ဦးေဆာင္ဂိုးသြင္းယူခဲ့ပါတယ္။

မိနစ္ ၃၀ ဝန္းက်င္မွာေတာ့ စပိန္အတြက္ ၿပိဳင္ပြဲ ၂ပြဲဆက္ ကစားေပးေနတဲ့ အိုလ္မိုက ေခ်ပဂိုး ျပန္လည္ သြင္းယူသြားခဲ့ပါတယ္။ အဲဒီေနာက္ ပထမပိုင္းၿပီးခါနီး နာက်င္အခ်ိန္ပိုမွာ ဂေရဒယ္က အိုင္ဗရီကို႔စ္အတြက္ ဦးေဆာင္ဂိုး ျပန္သြင္းေပးခဲ့ပါတယ္။ အိုင္ဗရီကို႔စ္တို႔ ဆီမီးဖိုင္နယ္ တက္ၿပီဆိုၿပီး ထင္ေနစဥ္မွာပဲ ၉၃မိနစ္ေရာက္မွ ဘိုင္လီတစ္ေယာက္ ေပးဆပ္မႈႀကီးမားေစမယ့္ အမွားက်ဴးလြန္ခဲ့ပါတယ္။

နာက်င္အခ်ိန္ပိုမွာအဲရစ္ဘိုင္လီဟာသူ႔ေခါင္းတိုက္မႈမေသသပ္မႈကေန သူ႔ေနရာတည့္တည့္ဆီကိုျပန္က်လာတဲ့ေဘာလုံးကိုေခါင္းတိုက္မဖ်က္ထုတ္ႏိုင္မႈနဲ႔အတူရာဖာမာကစပိန္အတြက္အဖိုးတန္ေခ်ပဂိုးကိုသြင္းယူခဲ့လို႔အခ်ိန္ပိုကစားခဲ့ရပါတယ္။

အခ်ိန္ပိုမွာအိုယာဇာဘယ္ကပင္နယ္တီမွတစ္ဆင့္စပိန္အတြက္တစ္ဂိုးထပ္သြင္းခဲ့ၿပီးရာဖာမာကသူ႔ရဲ႕ဟက္ထရစ္အျဖစ္ေနာက္ထပ္ႏွစ္ဂိုးသြင္းမႈနဲ႔အတူ၅-၂ဂိုးနဲ႔ အႏိုင္ရရွိကာအိုင္ဗရီကို႔စ္အား ၿပိဳင္ပြဲက ထြက္ေစခဲ့ပါတယ္။ ဘိုင္လီဟာ ယမန္ႏွစ္ရာသီက စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့ေပမဲ့ ဗာရန္းေရာက္လာခ်ိန္မွာ ပြဲထြက္ခြင့္ေတာ့ ေပ်ာက္ဆုံးဖြယ္ ရွိေနပါတယ္။