ဒီပိုင်းကတော့ အသင်းသစ်နဲ့အတူ ကောင်းမွန်တဲ့ ခြေလှမ်းကောင်းတွေနဲ့ စတင်

လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ လိုင်ယွန်အသင်းကနေ ဘာစီလိုနာအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ရောက်ရှိလာတဲ့ နယ်သာလန်တိုက်စစ်မှူး ဒီပိုင်းကတော့ အသင်းသစ်နဲ့အတူ ကောင်းမွန်တဲ့ ခြေလှမ်းကောင်းတွေ စတင်နိုင်နေပါတယ်။

ဟီရိုနာအသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ ဘာစီလိုနာအသင်းနဲ့အတူ ပထမဆုံးပွဲထွက်ခွင့်ရရှိခဲ့တဲ့ ဒီပိုင်းက အဲဒီပွဲမှာ အသင်းအတွက် (၃) ဂိုးမြောက်သွင်းဂိုးကို ပင်နယ်တီကတစ်ဆင့် သွင်းယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် စနေနေ့က ကစားခဲ့တဲ့ စတုဂတ်အသင်းနဲ့ ရာသီကြိုခြေစမ်းပွဲမှာလည်း ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာတဲ့ ဒီပိုင်းက အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး သူ့ရဲ့ သွင်းဂိုးကတော်တော်လေး ပြောင်မြောက်ခဲ့တယ်လို့ဆိုရမှာပါ။ စတုဂတ်ကိုဘာစီလိုနာက ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ ဒီပိုင်းကတော့ ကွင်းလယ်ကနေ ဒီဂျောင်ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို တစ်ချက်ထိန်းကာ ရယူခဲ့ပြီးနောက် ဂိုးဧရိယာထဲဆွဲဝင်ခဲ့ပါတယ်။

စတုဂတ်နောက်ခံလူတစ်ဦးက လိုက်လံကပ်နေပေမယ့် ဒီပိုင်းက ဘောလုံးကိုခေါင်းပေါ်ကကျော်ရယူလိုက်ပြီးနောက် ညာခြေနဲ့အပိုင်ပိတ်သွင်းကာ သွင်းယူခဲ့တာဖြစ်ပါတယ်။အဲဒီသွင်းဂိုးမှာ ဒီပိုင်းရဲ့ လျင်မြန်မှု၊ ပါးနပ်မှု နဲ့ အဆုံးသတ်ပိုင်းသေချာမှုတွေကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

မက်ဆီ၊ အဂူရိုတို့နဲ့ တွဲဖက်ကာ ဘာစီလိုနာတိုက်စစ်ပိုင်းကို ဦးဆောင်နိုင်မယ်လို့ ပြောဆိုခဲ့တဲ့ ဒီပိုင်းကတော့ အခုဆိုရင် သူ ကစားခွင့်ရတဲ့နှစ်ပွဲမှာ နှစ်ဂိုးသွင်းပြခဲ့ပါပြီ။

ဒီပိုင်းအနေနဲ့ ယူနိုက်တက်အသင်းကို ရောက်ရှိခဲ့တုန်းက ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး လိုင်ယွန်အသင်းကို ပြောင်းရွှေ့ခဲ့ရတာကြောင့် သူ့ရဲ့ကစားသမားဘဝအတွက် စိုးရိမ်စရာဖြစ်ခဲ့ပေမယ့် လက်ရှိအချိန်မှာ နယ်သာလန်အသင်းအတွက် အဓိကကစားသမားတစ်ဦးဖြစ်လာသလို ဘာစီလိုနာအသင်းအတွက်လည်း နေမာ၊ ဆွာရက်ဇ်တို့ ခေတ်လွန် တိုက်စစ်ပိုင်းမှာ အသင်းအတွက် အားကိုးရမယ့်ကစားသမားတစ်ဦးဖြစ်လာမလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

zawgyi

ဒီပိုင္းကေတာ့ အသင္းသစ္နဲ႔အတူ ေကာင္းမြန္တဲ့ ေျခလွမ္းေကာင္းေတြနဲ႔ စတင္

လက္ရွိေႏြရာသီအေျပာင္းအေ႐ႊ႕မွာ လိုင္ယြန္အသင္းကေန ဘာစီလိုနာအသင္းကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေျပာင္းေ႐ႊ႕ေရာက္ရွိလာတဲ့ နယ္သာလန္တိုက္စစ္မႉး ဒီပိုင္းကေတာ့ အသင္းသစ္နဲ႔အတူ ေကာင္းမြန္တဲ့ ေျခလွမ္းေကာင္းေတြ စတင္ႏိုင္ေနပါတယ္။

ဟီ႐ိုနာအသင္းကို ၃-၁ ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ ရာသီႀကိဳေျခစမ္းပြဲမွာ ဘာစီလိုနာအသင္းနဲ႔အတူ ပထမဆုံးပြဲထြက္ခြင့္ရရွိခဲ့တဲ့ ဒီပိုင္းက အဲဒီပြဲမွာ အသင္းအတြက္ (၃) ဂိုးေျမာက္သြင္းဂိုးကို ပင္နယ္တီကတစ္ဆင့္ သြင္းယူႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္ စေနေန႔က ကစားခဲ့တဲ့ စတုဂတ္အသင္းနဲ႔ ရာသီႀကိဳေျခစမ္းပြဲမွာလည္း ပြဲထြက္ကစားသမားအျဖစ္ ပါဝင္လာတဲ့ ဒီပိုင္းက အသင္းအတြက္ ဂိုးသြင္းယူေပးႏိုင္ခဲ့ၿပီး သူ႔ရဲ႕ သြင္းဂိုးကေတာ္ေတာ္ေလး ေျပာင္ေျမာက္ခဲ့တယ္လို႔ဆိုရမွာပါ။

စတုဂတ္ကိုဘာစီလိုနာက ၃ ဂိုးျပတ္နဲ႔ အႏိုင္ရရွိခဲ့တဲ့ ပြဲမွာ ဒီပိုင္းကေတာ့ ကြင္းလယ္ကေန ဒီေဂ်ာင္ကန္တင္ေပးလိုက္တဲ့ ေဘာလုံးကို တစ္ခ်က္ထိန္းကာ ရယူခဲ့ၿပီးေနာက္ ဂိုးဧရိယာထဲဆြဲဝင္ခဲ့ပါတယ္။

စတုဂတ္ေနာက္ခံလူတစ္ဦးက လိုက္လံကပ္ေနေပမယ့္ ဒီပိုင္းက ေဘာလုံးကိုေခါင္းေပၚကေက်ာ္ရယူလိုက္ၿပီးေနာက္ ညာေျခနဲ႔အပိုင္ပိတ္သြင္းကာ သြင္းယူခဲ့တာျဖစ္ပါတယ္။အဲဒီသြင္းဂိုးမွာ ဒီပိုင္းရဲ႕ လ်င္ျမန္မႈ၊ ပါးနပ္မႈ နဲ႔ အဆုံးသတ္ပိုင္းေသခ်ာမႈေတြကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

မက္ဆီ၊ အဂူ႐ိုတို႔နဲ႔ တြဲဖက္ကာ ဘာစီလိုနာတိုက္စစ္ပိုင္းကို ဦးေဆာင္ႏိုင္မယ္လို႔ ေျပာဆိုခဲ့တဲ့ ဒီပိုင္းကေတာ့ အခုဆိုရင္ သူ ကစားခြင့္ရတဲ့ႏွစ္ပြဲမွာ ႏွစ္ဂိုးသြင္းျပခဲ့ပါၿပီ။

ဒီပိုင္းအေနနဲ႔ ယူႏိုက္တက္အသင္းကို ေရာက္ရွိခဲ့တုန္းက ပုံမွန္ေျခစြမ္းျပသႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရၿပီး လိုင္ယြန္အသင္းကို ေျပာင္းေ႐ႊ႕ခဲ့ရတာေၾကာင့္ သူ႔ရဲ႕ကစားသမားဘဝအတြက္ စိုးရိမ္စရာျဖစ္ခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာ နယ္သာလန္အသင္းအတြက္ အဓိကကစားသမားတစ္ဦးျဖစ္လာသလို ဘာစီလိုနာအသင္းအတြက္လည္း ေနမာ၊ ဆြာရက္ဇ္တို႔ ေခတ္လြန္ တိုက္စစ္ပိုင္းမွာ အသင္းအတြက္ အားကိုးရမယ့္ကစားသမားတစ္ဦးျဖစ္လာမလားဆိုတာကေတာ့ ေစာင့္ၾကည့္ရမွာပါ။