စပါးအသင်း အတ္တလန်တာနောက်ခံလူ ခရစ္စရှန်ရိုမဲရိုးကို ပေါင်(၄၃)သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိ

စပါးအသင်းဟာ ဥရောပထိပ်သီးအသင်းတွေရဲ့ပစ်မှတ်ထားခံနေရတဲ့ အတ္တလန်တာအသင်းနောက်ခံလူခရစ္စရှန်ရိုမဲရိုးကို ပေါင်(၄၃)သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီဆိုပြီး သတင်းထွက်နေပါတယ်။

အာဂျင်တီးနားမီဒီယာတွေက စပါးအသင်းဟာ ရိုမဲရိုးအတွက် ပေါင်(၄၃)သန်းအပြင် ခြေစွမ်းနဲ့အောင်မြင်မှုအလိုက် Add-Ons ကြေးအဖြစ် ပေါင်(၄)သန်းပေးချေဖို့သဘောတူညီခဲ့တယ်လို့ ဖော်ပြခဲ့သလို အီတလီနာမည်ကျော်အားကစားဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Football Italia ကလည်း စပါးအသင်းနဲ့အတ္တလန်တာအသင်းတို့ဟာ ပြောင်းရွှေ့ကြေးနဲ့ပတ်သက်လို့ သဘောတူညီမှုရခဲ့ပြီဖြစ်ပြီး ပုဂ္ဂိုလ်ရေးသဘောတူညီချက်သာရရင် ရိုမဲရိုးဟာ စပါးအသင်းဆီပြောင်းရွှေ့တော့မှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

အသက်(၂၃)နှစ်အရွယ်ရှိပြီဖြစ်သူ အာဂျင်တီးနားလက်ရွေးစင်ကစားသမား ရိုမဲရိုးဟာ မကြာသေးခင်က အာဂျင်တီးနားအသင်းနဲ့အတူ ကိုပါအမေရိကဖလားပြိုင်ပွဲဆင်နွှဲခဲ့တာကြောင့် နွေရာသီအားလပ်ရက်အပန်းခြေခရီးထွက်နေတဲ့အတွက် အခုလောလောဆယ် အတ္တလန်တာအသင်းရဲ့ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်မှာ မပူးပေါင်းနိုင်သေးပါဘူး။

ရိုမဲရိုးကို ခေါ်ယူဖို့ ဘဏ္ဍာရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းကလည်း စိတ်ဝင်စားခဲ့ပေမယ့် အသင်းရဲ့ဘဏ္ဍာရေးအနေအထားအရ အငှားနဲ့အရင်ခေါ်ပြီးမှ အပြီးသတ်စာချုပ်ချုပ်ဆိုဖို့သာတတ်နိုင်သလို စပါးအသင်းကမ်းလှမ်းတဲ့ပြောင်းရွှေ့ကြေးပမာဏလောက်အထိ ပေးနိုင်တဲ့အင်အားမျိုးမရှိဘဲဖြစ်နေတာပါ။

စပါးအသင်းနည်းပြသစ်နူနိုဆန်တိုဟာ အသင်းရဲ့ဝါရင့်နောက်ခံလူအယ်လ်ဒါဝီယဲလ်ကို ကာတာကလပ် Al-Duhail အသင်းဆီရောင်းချခဲ့ပြီးတဲ့နောက် ခံစစ်ပိုင်းအားဖြည့်ဖို့အတွက် ကစားသမားသစ်တစ်ဦးခေါ်ယူလိုနေပြီး အခု ခရစ္စရှန်ရိုမဲရိုးကို ခေါ်ယူနိုင်တော့မှာဖြစ်သလို (၅)နှစ်စာချုပ်ချုပ်ဆိုသွားဖို့ရှိနေပါပြီ။

အတ္တလန်တာအသင်းဟာ ရိုမဲရိုးကို ဂျူဗင်တပ်စ်အသင်းဆီကနေ (၂)ရာသီအငှားနဲ့ခေါ်ယူထားတာဖြစ်ပြီး သက်တမ်းကုန်သွားရင် အပြီးသတ်စာချုပ်ချုပ်ဆိုမယ်ဆိုတဲ့အချက်လည်း ပါဝင်တာကြောင့် စပါးအသင်းဆီမရောင်းခင် အပြီးသတ်စာချုပ်ချုပ်ဖို့ရှိနေတဲ့အပြင် ရိုမဲရိုးရဲ့နေရာမှာအစားထိုးဖိုးအတွက် ဗီရိုနာအသင်းနောက်ခံလူ မက်တီယိုလိုဗာတို(၂၁နှစ်)ကို မကြာသေးခင်က ခေါ်ယူခဲ့ပြီးဖြစ်ပါတယ်။

zawgyi

စပါးအသင္း အတၱလန္တာေနာက္ခံလူ ခရစၥရွန္႐ိုမဲ႐ိုးကို ေပါင္(၄၃)သန္းနဲ႔ေခၚယူဖို႔ သေဘာတူညီမႈရရွိ

စပါးအသင္းဟာ ဥေရာပထိပ္သီးအသင္းေတြရဲ႕ပစ္မွတ္ထားခံေနရတဲ့ အတၱလန္တာအသင္းေနာက္ခံလူခရစၥရွန္႐ိုမဲ႐ိုးကို ေပါင္(၄၃)သန္းနဲ႔ေခၚယူဖို႔ သေဘာတူညီမႈရခဲ့ၿပီဆိုၿပီး သတင္းထြက္ေနပါတယ္။ အာဂ်င္တီးနားမီဒီယာေတြက စပါးအသင္းဟာ ႐ိုမဲ႐ိုးအတြက္ ေပါင္(၄၃)သန္းအျပင္ ေျခစြမ္းနဲ႔ေအာင္ျမင္မႈအလိုက္ Add-Ons ေၾကးအျဖစ္ ေပါင္(၄)သန္းေပးေခ်ဖို႔သေဘာတူညီခဲ့တယ္လို႔ ေဖာ္ျပခဲ့သလို အီတလီနာမည္ေက်ာ္အားကစားဝက္ဘ္ဆိုက္တစ္ခုျဖစ္တဲ့ Football Italia ကလည္း စပါးအသင္းနဲ႔အတၱလန္တာအသင္းတို႔ဟာ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ပတ္သက္လို႔ သေဘာတူညီမႈရခဲ့ၿပီျဖစ္ၿပီး ပုဂၢိဳလ္ေရးသေဘာတူညီခ်က္သာရရင္ ႐ိုမဲ႐ိုးဟာ စပါးအသင္းဆီေျပာင္းေ႐ႊ႕ေတာ့မွာျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။

အသက္(၂၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ အာဂ်င္တီးနားလက္ေ႐ြးစင္ကစားသမား ႐ိုမဲ႐ိုးဟာ မၾကာေသးခင္က အာဂ်င္တီးနားအသင္းနဲ႔အတူ ကိုပါအေမရိကဖလားၿပိဳင္ပြဲဆင္ႏႊဲခဲ့တာေၾကာင့္ ေႏြရာသီအားလပ္ရက္အပန္းေျခခရီးထြက္ေနတဲ့အတြက္ အခုေလာေလာဆယ္ အတၱလန္တာအသင္းရဲ႕ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္မွာ မပူးေပါင္းႏိုင္ေသးပါဘူး။

႐ိုမဲ႐ိုးကို ေခၚယူဖို႔ ဘ႑ာေရးအခက္အခဲေတြနဲ႔ရင္ဆိုင္ေနရတဲ့ ဘာစီလိုနာအသင္းကလည္း စိတ္ဝင္စားခဲ့ေပမယ့္ အသင္းရဲ႕ဘ႑ာေရးအေနအထားအရ အငွားနဲ႔အရင္ေခၚၿပီးမွ အၿပီးသတ္စာခ်ဳပ္ခ်ဳပ္ဆိုဖို႔သာတတ္ႏိုင္သလို စပါးအသင္းကမ္းလွမ္းတဲ့ေျပာင္းေ႐ႊ႕ေၾကးပမာဏေလာက္အထိ ေပးႏိုင္တဲ့အင္အားမ်ိဳးမရွိဘဲျဖစ္ေနတာပါ။ စပါးအသင္းနည္းျပသစ္ႏူႏိုဆန္တိုဟာ အသင္းရဲ႕ဝါရင့္ေနာက္ခံလူအယ္လ္ဒါဝီယဲလ္ကို ကာတာကလပ္ Al-Duhail အသင္းဆီေရာင္းခ်ခဲ့ၿပီးတဲ့ေနာက္ ခံစစ္ပိုင္းအားျဖည့္ဖို႔အတြက္ ကစားသမားသစ္တစ္ဦးေခၚယူလိုေနၿပီး အခု ခရစၥရွန္႐ိုမဲ႐ိုးကို ေခၚယူႏိုင္ေတာ့မွာျဖစ္သလို (၅)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုသြားဖို႔ရွိေနပါၿပီ။

အတၱလန္တာအသင္းဟာ ႐ိုမဲ႐ိုးကို ဂ်ဴဗင္တပ္စ္အသင္းဆီကေန (၂)ရာသီအငွားနဲ႔ေခၚယူထားတာျဖစ္ၿပီး သက္တမ္းကုန္သြားရင္ အၿပီးသတ္စာခ်ဳပ္ခ်ဳပ္ဆိုမယ္ဆိုတဲ့အခ်က္လည္း ပါဝင္တာေၾကာင့္ စပါးအသင္းဆီမေရာင္းခင္ အၿပီးသတ္စာခ်ဳပ္ခ်ဳပ္ဖို႔ရွိေနတဲ့အျပင္ ႐ိုမဲ႐ိုးရဲ႕ေနရာမွာအစားထိုးဖိုးအတြက္ ဗီ႐ိုနာအသင္းေနာက္ခံလူ မက္တီယိုလိုဗာတို(၂၁ႏွစ္)ကို မၾကာေသးခင္က ေခၚယူခဲ့ၿပီးျဖစ္ပါတယ္။