အာစင်ဝင်းဂါးဟာ ဆွစ်ဇာလန် အသင်းရဲ့ လက်ရွေးစင် နည်းပြ ဖြစ်လာဖို့ ရေပန်းစားနေ

အာဆင်နယ် အသင်းရဲ့ ဂန္ထဝင် နည်းပြကြီး အာစင်ဝင်းဂါး ဟာ ဆွစ်ဇာလန် အသင်းရဲ့ လက်ရွေးစင် နည်းပြ ဖြစ်လာဖို့ ရေပန်းစားနေတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ်။

ပြင်သစ်လူမျိုးနည်းပြဟာ၂၀၁၈ခုနှစ်မှာအာဆင်နယ်နည်းပြရာထူးကနေထွက်ခွာလာပြီးနောက်ဘယ် အသင်းကိုမှ မကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။အသင်းလက်မဲ့ နည်းပြလို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုရင် သူဟာနည်းပြလောကကနေအနားယူပြီဖြစ်ကြောင်းတရားဝင်ကြေညာထားခြင်းမရှိသေးလို့ပါ။

ဆွစ်ဇာလန်ထိပ်သီးသတင်းစာ Blick ရဲ့ဖော်ပြချက်အရအာစင်ဝင်းဂါးဟာဆွစ်ဇာလန်နည်းပြရာထူးအတွက်လျာထားခြင်းခံရသူများစာရင်းတွင်ထိပ်ဆုံးမှပါဝင်နေကြောင်းသိရပါတယ်။

လက်ရှိအချိန်တွင်အာစင်ဝင်းဂါးဟာ ဖီဖာရဲ့ကမ္ဘာ့ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအကြီးအကဲအဖြစ်တာဝန်ထမ်းဆောင်နေပါတယ်။ဝင်းဂါးဟာ၁၉၉၅ခုနှစ်တုန်းကဆွစ်ဇာလန်အသင်းကိုတာဝန်ယူ ကိုင်တွယ်လုနီးပါးဖြစ်ခဲ့ပြီးသဘောတူညီမှုမရခဲ့မှုကြောင့်မကိုင်တွယ်ဖြစ်ခဲ့သူဖြစ်ပါတယ်။

တကယ်လို့ နည်းပြလောကနဲ့ ဝင်းဂါးရေစက် မကုန်ပြန်ဆုံမယ်ဆိုရင် အာစင်ဝင်းဂါးအတွက်အဓိကတာဝန်ကတော့ ဆွစ်ဇာလန်အသင်းကို၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေးအတွက် ကြိုးစားပေးရမှာ ဖြစ်ပါတယ်။

zawgyi

အာစင္ဝင္းဂါးဟာ ဆြစ္ဇာလန္ အသင္းရဲ႕ လက္ေ႐ြးစင္ နည္းျပ ျဖစ္လာဖို႔ ေရပန္းစားေန

အာဆင္နယ္ အသင္းရဲ႕ ဂႏၴဝင္ နည္းျပႀကီး အာစင္ဝင္းဂါး ဟာ ဆြစ္ဇာလန္ အသင္းရဲ႕ လက္ေ႐ြးစင္ နည္းျပ ျဖစ္လာဖို႔ ေရပန္းစားေနတယ္လို႔ သတင္း ထြက္ေပၚ လာခဲ့ ပါတယ္။

ျပင္သစ္လူမ်ိဳးနည္းျပဟာ၂၀၁၈ခုႏွစ္မွာအာဆင္နယ္နည္းျပရာထူးကေနထြက္ခြာလာၿပီးေနာက္ဘယ္ အသင္းကိုမွ မကိုင္တြယ္ခဲ့တာ ျဖစ္ပါတယ္။အသင္းလက္မဲ့ နည္းျပလို႔ ေျပာလို႔ရပါတယ္။ ဘာေၾကာင့္လဲဆိုရင္ သူဟာနည္းျပေလာကကေနအနားယူၿပီျဖစ္ေၾကာင္းတရားဝင္ေၾကညာထားျခင္းမရွိေသးလို႔ပါ။

ဆြစ္ဇာလန္ထိပ္သီးသတင္းစာ Blick ရဲ႕ေဖာ္ျပခ်က္အရအာစင္ဝင္းဂါးဟာဆြစ္ဇာလန္နည္းျပရာထူးအတြက္လ်ာထားျခင္းခံရသူမ်ားစာရင္းတြင္ထိပ္ဆုံးမွပါဝင္ေနေၾကာင္းသိရပါတယ္။

လက္ရွိအခ်ိန္တြင္အာစင္ဝင္းဂါးဟာ ဖီဖာရဲ႕ကမာၻ႔ေဘာလုံးဖြံ႕ၿဖိဳးတိုးတက္ေရးအႀကီးအကဲအျဖစ္တာဝန္ထမ္းေဆာင္ေနပါတယ္။ဝင္းဂါးဟာ၁၉၉၅ခုႏွစ္တုန္းကဆြစ္ဇာလန္အသင္းကိုတာဝန္ယူ ကိုင္တြယ္လုနီးပါးျဖစ္ခဲ့ၿပီးသေဘာတူညီမႈမရခဲ့မႈေၾကာင့္မကိုင္တြယ္ျဖစ္ခဲ့သူျဖစ္ပါတယ္။

တကယ္လို႔ နည္းျပေလာကနဲ႔ ဝင္းဂါးေရစက္ မကုန္ျပန္ဆုံမယ္ဆိုရင္ အာစင္ဝင္းဂါးအတြက္အဓိကတာဝန္ကေတာ့ ဆြစ္ဇာလန္အသင္းကို၂၀၂၂ခုႏွစ္ ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ေရးအတြက္ ႀကိဳးစားေပးရမွာ ျဖစ္ပါတယ္။