မန်စီးတီးက ဂရီးလစ်အတွက် စံချိန်တင် ပေါင်သန်း ( ၁၀၀ ) ဖြင့် ကမ်းလှမ်း

မန်စီးတီးအသင်းဟာ ဂျက်ဂရီးလစ်ကို ပေါင်သန်း ( ၁၀၀) ဖြင့် ကမ်းလှမ်းလိုက်ပြီး ဂွာဒီယိုလာအနေနဲ့ ပရီးမီးယားလိဂ်ရဲ့ တန်ဖိုးအမြင့်မားဆုံး အပြောင်းအရွေ့ကို အပြီးသတ်ဖို့ မျှော်လင့်နေတယ်လို့ The Telegraph သတင်းဌာနအရ သိရပါတယ်။

ဂ‌ရီးလစ်က ပက်ဂွာဒီယိုလာရဲ့ ယခုနွေရာသီ အဓိက အပြောင်းအရွေ့ ပစ်မှတ်ဖြစ်ပြီး ယခင် ပရီးမီးယားလိဂ် စံချိန်ရှင် ပေါလ်ပေါ့ဘာ ရဲ့ ပေါင် ( ၈၉) သန်းထက် မြင့်မားတဲ့ ပမာဏဖြင့် ကမ်းလှမ်းလိုက်တာဖြစ်ပါတယ်။

အသက် ( ၂၅ ) နှစ်အရွယ် ကစားသမားဟာ အင်္ဂလန်အသင်းနဲ့ အတူ ယူရို ( ၂၀၂၀ ) ကစားခဲ့ပြီးနောက် အားလပ်ရက် အနားယူလျက်ရှိပြီး လာမယ့် အပတ် တနင်္လာနေ့မှာ ဗီလာအသင်းနဲ့ စတင်ပူးပေါင်းဖို့ ရှိနေပါတယ်။ ဒါပေမယ့် မန်စီးတီးကလည်း ရက်ပိုင်းအတွင်းမှာ သဘောတူညီမှုရှရရှိဖို့ မျှော်လင့်နေပါတယ်။

ဗီလာအသင်းကလည်း ဂရီးလစ်ကို တစ်ပတ်လုပ်ခ ပေါင် ( ၁၂၅ ၀၀၀ ) တန် စာချုပ်သစ် ကမ်းလှမ်ထားပါတယ်။ စီးတီးက တော့တင်ဟမ်း တိုက်စစ်မှူး ဟာရီကိန်းနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် လက်ရှိမှာတော့ ဂရီးလစ်က နံပါတ် ( ၁ ) ပစ်မှတ်အဖြစ် ရှိနေခဲ့တာတွေ့ရပါတယ်။

zawgyi

မန္စီးတီးက ဂရီးလစ္အတြက္ စံခ်ိန္တင္ ေပါင္သန္း ( ၁၀၀ ) ျဖင့္ ကမ္းလွမ္း

မန္စီးတီးအသင္းဟာ ဂ်က္ဂရီးလစ္ကို ေပါင္သန္း ( ၁၀၀) ျဖင့္ ကမ္းလွမ္းလိုက္ၿပီး ဂြာဒီယိုလာအေနနဲ႔ ပရီးမီးယားလိဂ္ရဲ႕ တန္ဖိုးအျမင့္မားဆုံး အေျပာင္းအေ႐ြ႕ကို အၿပီးသတ္ဖို႔ ေမွ်ာ္လင့္ေနတယ္လို႔ The Telegraph သတင္းဌာနအရ သိရပါတယ္။

ဂ‌ရီးလစ္က ပက္ဂြာဒီယိုလာရဲ႕ ယခုေႏြရာသီ အဓိက အေျပာင္းအေ႐ြ႕ ပစ္မွတ္ျဖစ္ၿပီး ယခင္ ပရီးမီးယားလိဂ္ စံခ်ိန္ရွင္ ေပါလ္ေပါ့ဘာ ရဲ႕ ေပါင္ ( ၈၉) သန္းထက္ ျမင့္မားတဲ့ ပမာဏျဖင့္ ကမ္းလွမ္းလိုက္တာျဖစ္ပါတယ္။

အသက္ ( ၂၅ ) ႏွစ္အ႐ြယ္ ကစားသမားဟာ အဂၤလန္အသင္းနဲ႔ အတူ ယူ႐ို ( ၂၀၂၀ ) ကစားခဲ့ၿပီးေနာက္ အားလပ္ရက္ အနားယူလ်က္ရွိၿပီး လာမယ့္ အပတ္ တနလၤာေန႔မွာ ဗီလာအသင္းနဲ႔ စတင္ပူးေပါင္းဖို႔ ရွိေနပါတယ္။ ဒါေပမယ့္ မန္စီးတီးကလည္း ရက္ပိုင္းအတြင္းမွာ သေဘာတူညီမႈရွရရွိဖို႔ ေမွ်ာ္လင့္ေနပါတယ္။

ဗီလာအသင္းကလည္း ဂရီးလစ္ကို တစ္ပတ္လုပ္ခ ေပါင္ ( ၁၂၅ ၀၀၀ ) တန္ စာခ်ဳပ္သစ္ ကမ္းလွမ္ထားပါတယ္။ စီးတီးက ေတာ့တင္ဟမ္း တိုက္စစ္မႉး ဟာရီကိန္းနဲ႔ သတင္းေတြ ထြက္ေပၚခဲ့ေပမယ့္ လက္ရွိမွာေတာ့ ဂရီးလစ္က နံပါတ္ ( ၁ ) ပစ္မွတ္အျဖစ္ ရွိေနခဲ့တာေတြ႕ရပါတယ္။