ဗာရန်းနဲ့ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ဖူးတဲ့ မော်ရင်ဟိုနဲ့ စီရော်နယ်လ်ဒို

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးယဲလ်အသင်းနောက်ခံလူဗာရန်းကို ခေါ်ယူဖို့သဘောတူညီမှုရခဲ့ပြီဖြစ်ပြီး ဗာရန်းဟာ အခုတစ်ပတ်အတွင်း အသင်းမှာဆေးစစ်မှုခံယူပြီးတော့ စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပါတယ်။

အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်သူ ဗာရန်းဟာ ရီးယဲလ်အသင်းနဲ့ချန်ပီယံလိဂ်(၄)ကြိမ်၊ လာလီဂါ(၃)ကြိမ်အပါအဝင် ဆုဖလားပေါင်း(၁၈)ခုအထိရရှိခဲ့သလို ပြင်သစ်အသင်းနဲ့လည်း ၂၀၁၈ကမ္ဘာ့ဖလားချန်ပီယံဆုဆွတ်ခူးခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတစ်ဦးအဖြစ် သတ်မှတ်ခံထားရတာကြောင့် သူ့ကိုခေါ်ယူနိုင်လိုက်တာက ယူနိုက်တက်အသင်းခံစစ်အတွက် အကျိုးအများကြီးရှိစေတာအမှန်ပါပဲ။

ဗာရန်းရဲ့ခြေစွမ်းနဲ့ပတ်သက်လို့ ဘောလုံးလောကရဲ့နာမည်ကျော်တွေဖြစ်တဲ့ နည်းပြမော်ရင်ဟိုနဲ့ စီရော်နယ်လ်ဒိုတို့ဟာ တစ်ချိန်တုန်းက မှတ်ချက်ပေးပြာဆိုခဲ့ဖူးပြီး မော်ရင်ဟိုဟာ ရီးယဲလ်အသင်းနည်းပြအဖြစ်ကိုင်တွယ်ခဲ့ချိန်မှာ ဗာရန်းနဲ့လက်တွဲခဲ့ဖူးတဲ့အပြင် စီရော်နယ်လ်ဒိုကလည်း ရီးယဲလ်အသင်းမှာ ဗာရန်းနဲ့အတူ ၂၀၁၁ ကနေ ၂၀၁၈ ခုနှစ်အထိကစားခဲ့သူဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာ မော်ရင်ဟိုက “ဗာရန်းဟာ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူလို့ ကျွန်တော်ထင်ပါတယ်။ သူ့အသက်က ငယ်ရွယ်သေးပေမယ့် ခြေစွမ်းက ကမ္ဘာ့အဆင့်ရှိတယ်လို့လည်း ယူဆပါတယ်”လို့ပြောခဲ့ဖူးပါတယ်။

ဒါ့အပြင် စီရော်နယ်လ်ဒိုကလည်း ၂၀၁၃ ခုနှစ်တုန်းက AS သတင်းစာနဲ့အင်တာဗျူးမှာ “ဗာရန်းဟာ ခြေစွမ်းတိုးတက်လာဖို့အတွက် သင်ယူစရာရှိတာတွေ အများကြီးသင်ယူနေပါပြီ။ သူဟာ အသက်အရွယ်အရ တည်ငြိမ်ရင့်ကျက်လာပြီဖြစ်ပါတယ်။ ဗာရန်းဟာ လျင်မြန်သလို၊ တည်ငြိမ်မှုရှိရှိနဲ့အမှားကင်းအောင်ကစားနိုင်သူပါ။

အသက်ငယ်ငယ်လေးနဲ့ အတွေ့အကြုံကောင်းတွေအများကြီးရှိနေပြီး မာနမရှိဘဲ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းနှိမ့်ချတတ်သူဖြစ်ပါတယ်။ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ သူဟာ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူစာရင်းဝင်ကစားသမားတစ်ဦးဖြစ်လာမယ်ဆိုတာ ကျွန်တော် သံသယမရှိယုံကြည်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

၂၀၁၁ ခုနှစ်တုန်းက ပြင်သစ်ကလပ်လန်းစ်အသင်းကနေ ရီးယဲလ်အသင်းဆီပြောင်းရွှေ့ခဲ့သူ ဗာရန်းဟာ ရီးယဲလ်အသင်းနဲ့အတူအမြင့်ဆုံးအောင်မြင်မှုတွေရယူခဲ့ပြီးဖြစ်တဲ့အတွက် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ ယူနိုက်ဆက်အသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။ ယူနိုက်တက်အသင်းဟာ ခံစစ်မှာ မက်ဂွိုင်းယားနဲ့တွဲဖက်ကစားဖို့ ဗာရန်းကို ခေါ်ယူခဲ့တာဖြစ်ပြီး ဗာရန်းအတွက် ပြောင်းရွှေ့ကြေးပေါင်(၃၄. ၂)သန်းပေးချေခဲ့ရသလို ခြေစွမ်းနဲ့အောင်မြင်မှုအလိုက် Add-Ons ကြေးအဖြစ် နောက်ထပ်ပေါင်(၈.၅)သန်း ပေးချေရမှာပဲဖြစ်ပါတယ်။

zawgyi

ဗာရန္းနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးခဲ့ဖူးတဲ့ ေမာ္ရင္ဟိုနဲ႔ စီေရာ္နယ္လ္ဒို

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ရီးယဲလ္အသင္းေနာက္ခံလူဗာရန္းကို ေခၚယူဖို႔သေဘာတူညီမႈရခဲ့ၿပီျဖစ္ၿပီး ဗာရန္းဟာ အခုတစ္ပတ္အတြင္း အသင္းမွာေဆးစစ္မႈခံယူၿပီးေတာ့ စာခ်ဳပ္ခ်ဳပ္ဆိုသြားမွာျဖစ္ပါတယ္။ အသက္(၂၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဗာရန္းဟာ ရီးယဲလ္အသင္းနဲ႔ခ်န္ပီယံလိဂ္(၄)ႀကိမ္၊ လာလီဂါ(၃)ႀကိမ္အပါအဝင္ ဆုဖလားေပါင္း(၁၈)ခုအထိရရွိခဲ့သလို ျပင္သစ္အသင္းနဲ႔လည္း ၂၀၁၈ကမာၻ႔ဖလားခ်န္ပီယံဆုဆြတ္ခူးခဲ့ၿပီး ကမာၻ႔အေကာင္းဆုံးေနာက္ခံလူတစ္ဦးအျဖစ္ သတ္မွတ္ခံထားရတာေၾကာင့္ သူ႔ကိုေခၚယူႏိုင္လိုက္တာက ယူႏိုက္တက္အသင္းခံစစ္အတြက္ အက်ိဳးအမ်ားႀကီးရွိေစတာအမွန္ပါပဲ။

ဗာရန္းရဲ႕ေျခစြမ္းနဲ႔ပတ္သက္လို႔ ေဘာလုံးေလာကရဲ႕နာမည္ေက်ာ္ေတြျဖစ္တဲ့ နည္းျပေမာ္ရင္ဟိုနဲ႔ စီေရာ္နယ္လ္ဒိုတို႔ဟာ တစ္ခ်ိန္တုန္းက မွတ္ခ်က္ေပးျပာဆိုခဲ့ဖူးၿပီး ေမာ္ရင္ဟိုဟာ ရီးယဲလ္အသင္းနည္းျပအျဖစ္ကိုင္တြယ္ခဲ့ခ်ိန္မွာ ဗာရန္းနဲ႔လက္တြဲခဲ့ဖူးတဲ့အျပင္ စီေရာ္နယ္လ္ဒိုကလည္း ရီးယဲလ္အသင္းမွာ ဗာရန္းနဲ႔အတူ ၂၀၁၁ ကေန ၂၀၁၈ ခုႏွစ္အထိကစားခဲ့သူျဖစ္ပါတယ္။

၂၀၁၄ ခုႏွစ္မွာ ေမာ္ရင္ဟိုက “ဗာရန္းဟာ ကမာၻ႔အေကာင္းဆုံးေနာက္ခံလူလို႔ ကြၽန္ေတာ္ထင္ပါတယ္။ သူ႔အသက္က ငယ္႐ြယ္ေသးေပမယ့္ ေျခစြမ္းက ကမာၻ႔အဆင့္ရွိတယ္လို႔လည္း ယူဆပါတယ္”လို႔ေျပာခဲ့ဖူးပါတယ္။ ဒါ့အျပင္ စီေရာ္နယ္လ္ဒိုကလည္း ၂၀၁၃ ခုႏွစ္တုန္းက AS သတင္းစာနဲ႔အင္တာဗ်ဴးမွာ “ဗာရန္းဟာ ေျခစြမ္းတိုးတက္လာဖို႔အတြက္ သင္ယူစရာရွိတာေတြ အမ်ားႀကီးသင္ယူေနပါၿပီ။ သူဟာ အသက္အ႐ြယ္အရ တည္ၿငိမ္ရင့္က်က္လာၿပီျဖစ္ပါတယ္။ ဗာရန္းဟာ လ်င္ျမန္သလို၊ တည္ၿငိမ္မႈရွိရွိနဲ႔အမွားကင္းေအာင္ကစားႏိုင္သူပါ။

အသက္ငယ္ငယ္ေလးနဲ႔ အေတြ႕အႀကဳံေကာင္းေတြအမ်ားႀကီးရွိေနၿပီး မာနမရွိဘဲ ကိုယ့္ကိုယ္ကိုယ္ အၿမဲတမ္းႏွိမ့္ခ်တတ္သူျဖစ္ပါတယ္။ လာမယ့္ႏွစ္အနည္းငယ္အတြင္းမွာ သူဟာ ကမာၻ႔အေကာင္းဆုံးေနာက္ခံလူစာရင္းဝင္ကစားသမားတစ္ဦးျဖစ္လာမယ္ဆိုတာ ကြၽန္ေတာ္ သံသယမရွိယုံၾကည္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ ၂၀၁၁ ခုႏွစ္တုန္းက ျပင္သစ္ကလပ္လန္းစ္အသင္းကေန ရီးယဲလ္အသင္းဆီေျပာင္းေ႐ႊ႕ခဲ့သူ ဗာရန္းဟာ ရီးယဲလ္အသင္းနဲ႔အတူအျမင့္ဆုံးေအာင္ျမင္မႈေတြရယူခဲ့ၿပီးျဖစ္တဲ့အတြက္ စိန္ေခၚမႈအသစ္ေတြကို ရင္ဆိုင္ဖို႔ ယူႏိုက္ဆက္အသင္းဆီ ေျပာင္းေ႐ႊ႕ခဲ့တာပါ။ ယူႏိုက္တက္အသင္းဟာ ခံစစ္မွာ မက္ဂြိဳင္းယားနဲ႔တြဲဖက္ကစားဖို႔ ဗာရန္းကို ေခၚယူခဲ့တာျဖစ္ၿပီး ဗာရန္းအတြက္ ေျပာင္းေ႐ႊ႕ေၾကးေပါင္(၃၄. ၂)သန္းေပးေခ်ခဲ့ရသလို ေျခစြမ္းနဲ႔ေအာင္ျမင္မႈအလိုက္ Add-Ons ေၾကးအျဖစ္ ေနာက္ထပ္ေပါင္(၈.၅)သန္း ေပးေခ်ရမွာပဲျဖစ္ပါတယ္။