ရာသီကြိုခြေစမ်းပွဲမှာ ပီပီ နဲ့ မစ်ခီတာရန် ရန်ဖြစ်ခဲ့ကြ

မကြာခင်မှာစတင်တော့မဲ့ ရာသီသစ်အတွက် ပြင်ဆင်တဲ့အနေနဲ့ ဥရောပကလပ်တွေဟာ ခြေစမ်းပွဲတွေကို ယှဉ်ပြိုင်ကစားနေကြပါတယ်။ ကလပ်အသင်းတွေ အနေနဲ့ ဒီလိုမျိုးခြေစမ်းပွဲတွေကစားနေကြတာဟာ အသင်းလိုက်နားလည်မှုရှိလာဖို့ နဲ့ နည်းပြရဲ့နည်းစနစ်တွေကို စမ်းသပ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေကြောင့်လို့ ဆိုရမှာပါ။

ခြေစမ်းပွဲလို့ နာမည်တပ်ထားတာနဲ့အညီ ကစားသမားတွေဟာ တကယ့်ပြိုင်ပွဲတွေမှာလိုမျိုး ရေကုန်ရေခမ်း ယှဉ်ပြိုင်ကစားလေ့မရှိပါဘူး။ ဒဏ်ရာမရအောင် ရှောင်ကစားရင်း ပွဲကိုသက်သောင့်သက်သာ ကစားကြလေ့ရှိပါတယ်။

ဒါပေမဲ့ အဲ့လိုကစားသမားတွေထဲမှာ ပေါ်တိုအသင်းရဲ့ ဝါရင့် နောက်ခံလူ ပီပီ တော့မပါဝင်ဘူးလို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပေါ်တို နဲ့ ရိုးမားအသင်း တို့ရဲ့ ခြေစမ်းပွဲဟာ ပီပီ ကြောင့် ရုတ်ပြတ်ဆင်းပြတ်ဖြစ်ခဲ့ရလို့ပါ။

ဒုတိယပိုင်းပွဲကစားချိန် မိနစ် ၆၀ ကျော်လောက်မှာ ပီပီ က ရိုးမား ကွင်းလယ်လူ မစ်ခီတာရန် ကို ရည်ရွယ်ချက်ရှိရှိနဲ့ ကြမ်းတမ်းစွာလူချကစားခဲ့တာကြောင့် ၂ ဖက်ကစားသမားတွေကြား တင်းမာမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ ရာသီကြိုခြေစမ်းပွဲလို ပွဲမျိုးမှာ ဒီလိုမျိုး ကြမ်းတမ်းစွာ လူချခံလိုက်ရလို့ မစ်ခီတာရန် ကလည်း ဒေါသထွက်ခဲ့ပြီး ပီပီ ကို ပြန်ပြီးရန်ပြုဖို့ကြိုးစားခဲ့တာကို တွေ့ရပါတယ်။

အဆိုပါ ရန်ပွဲကို ဒိုင်လူကြီးတွေက အမြန်ဆုံးဖျန်ဖြေပေးနိုင်ခဲ့တာကြောင့် ဒီထက်ဆိုးဝါးတဲ့ မြင်ကွင်းတွေကို မမြင်တွေ့ခဲ့ရတာပါ။ ပွဲအပြီးမှာတော့ ပေါ်တို နဲ့ ရိုးမား တို့ဟာ တဖက်ကို ၁ ဂိုးစီနဲ့ သရေကျခဲ့ပါတယ်။

ကစားသမားဘဝတလျှောက် ဥပဒေပြင်ပဖျက်ထုတ်မှုတွေ ၊ အားကစားသမားမပီသတဲ့ လုပ်ရပ်တွေကို အကြိမ်ကြိမ်လုပ်ခဲ့ဖူးတဲ့ ပီပီ ဟာ အခုချိန်ထိလည်း သူ့ရဲ့ဗီဇကို မဖျောက်နိုင်သေးဘူးလို့ပဲ ဆိုရတော့မှာပါ။

zawgyi

ရာသီႀကိဳေျခစမ္းပြဲမွာ ပီပီ နဲ႔ မစ္ခီတာရန္ ရန္ျဖစ္ခဲ့ၾက

မၾကာခင္မွာစတင္ေတာ့မဲ့ ရာသီသစ္အတြက္ ျပင္ဆင္တဲ့အေနနဲ႔ ဥေရာပကလပ္ေတြဟာ ေျခစမ္းပြဲေတြကို ယွဥ္ၿပိဳင္ကစားေနၾကပါတယ္။ ကလပ္အသင္းေတြ အေနနဲ႔ ဒီလိုမ်ိဳးေျခစမ္းပြဲေတြကစားေနၾကတာဟာ အသင္းလိုက္နားလည္မႈရွိလာဖို႔ နဲ႔ နည္းျပရဲ႕နည္းစနစ္ေတြကို စမ္းသပ္ဖို႔ ဆိုတဲ့ ရည္႐ြယ္ခ်က္ေတြေၾကာင့္လို႔ ဆိုရမွာပါ။

ေျခစမ္းပြဲလို႔ နာမည္တပ္ထားတာနဲ႔အညီ ကစားသမားေတြဟာ တကယ့္ၿပိဳင္ပြဲေတြမွာလိုမ်ိဳး ေရကုန္ေရခမ္း ယွဥ္ၿပိဳင္ကစားေလ့မရွိပါဘူး။ ဒဏ္ရာမရေအာင္ ေရွာင္ကစားရင္း ပြဲကိုသက္ေသာင့္သက္သာ ကစားၾကေလ့ရွိပါတယ္။

ဒါေပမဲ့ အဲ့လိုကစားသမားေတြထဲမွာ ေပၚတိုအသင္းရဲ႕ ဝါရင့္ ေနာက္ခံလူ ပီပီ ေတာ့မပါဝင္ဘူးလို႔ ေျပာလို႔ရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ မေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ေပၚတို နဲ႔ ႐ိုးမားအသင္း တို႔ရဲ႕ ေျခစမ္းပြဲဟာ ပီပီ ေၾကာင့္ ႐ုတ္ျပတ္ဆင္းျပတ္ျဖစ္ခဲ့ရလို႔ပါ။

ဒုတိယပိုင္းပြဲကစားခ်ိန္ မိနစ္ ၆၀ ေက်ာ္ေလာက္မွာ ပီပီ က ႐ိုးမား ကြင္းလယ္လူ မစ္ခီတာရန္ ကို ရည္႐ြယ္ခ်က္ရွိရွိနဲ႔ ၾကမ္းတမ္းစြာလူခ်ကစားခဲ့တာေၾကာင့္ ၂ ဖက္ကစားသမားေတြၾကား တင္းမာမႈေတြျဖစ္ေပၚခဲ့ပါတယ္။ ရာသီႀကိဳေျခစမ္းပြဲလို ပြဲမ်ိဳးမွာ ဒီလိုမ်ိဳး ၾကမ္းတမ္းစြာ လူခ်ခံလိုက္ရလို႔ မစ္ခီတာရန္ ကလည္း ေဒါသထြက္ခဲ့ၿပီး ပီပီ ကို ျပန္ၿပီးရန္ျပဳဖို႔ႀကိဳးစားခဲ့တာကို ေတြ႕ရပါတယ္။

အဆိုပါ ရန္ပြဲကို ဒိုင္လူႀကီးေတြက အျမန္ဆုံးဖ်န္ေျဖေပးႏိုင္ခဲ့တာေၾကာင့္ ဒီထက္ဆိုးဝါးတဲ့ ျမင္ကြင္းေတြကို မျမင္ေတြ႕ခဲ့ရတာပါ။ ပြဲအၿပီးမွာေတာ့ ေပၚတို နဲ႔ ႐ိုးမား တို႔ဟာ တဖက္ကို ၁ ဂိုးစီနဲ႔ သေရက်ခဲ့ပါတယ္။

ကစားသမားဘဝတေလွ်ာက္ ဥပေဒျပင္ပဖ်က္ထုတ္မႈေတြ ၊ အားကစားသမားမပီသတဲ့ လုပ္ရပ္ေတြကို အႀကိမ္ႀကိမ္လုပ္ခဲ့ဖူးတဲ့ ပီပီ ဟာ အခုခ်ိန္ထိလည္း သူ႔ရဲ႕ဗီဇကို မေဖ်ာက္ႏိုင္ေသးဘူးလို႔ပဲ ဆိုရေတာ့မွာပါ။